၂၁ရာစု ပင်​လုံညီလာခံ နဲ့ ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလူထု စိတ်​ပါဝင်​စား​အောင်​ တစ်​ကိုယ်​လမ်း​လျှောက်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၅-၂၀၁၉ ဟိန်းကို(VOM) သံတွဲမြို့မှာ​နေထိုင်​တဲ့ ဦးစိုး​ဝေ ဆိုသူဟာ ၂၁ရာစု ပင်​လုံညီလာခံ နဲ့ ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလူထု စိတ်​ပါဝင်​စား​လာ​စေရန်​ ရည်​ရွယ်​ပြီး ပဲခူးတိုင်း ပြည်မြို့က​နေ့ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​လာပြီး ယ​နေ့ည​နေပိုင်းက မန္တ​လေးမြို့ကို ​ရောက်​ရှိခဲ့ပါတယ်​။ ​ရောက်​ခဲ့တာက ​ကော့​သောင်း၊ မြဝတီ၊ လွိုင်​​ကော်​၊ ​တောင်​ကြ်ီး၊ ​မောင်​​တောမြို့​တွေကို ​ရောက်​ခဲ့ပြီးပြီ ၊ အခက်​အခဲ​တွေ​တော့ရှိတယ်​၊ အဲ့တာ​တွေကို အ​ထွေအထူးမ​ပြော​တော့ဘူး၊ ဘာ​တွေရှိရှိ ကျွန်​​တော်​က သည်းခံစိတ်​ထားပါတယ်​၊ ကျွန်​​တော်​တို့ ၂၁ရာစု ပင်​လုံညီလာခံ နဲ့ ငြိမ်းချမ်း​ရေး ဖြစ်​စဉ်​ကြီးဟာလည်း သည်းခံစိတ်​​မေတ္တာစိတ်​နဲ့ ​ကျော်​ဖြတ်​မှ ​အောင်​မြင်​မှာ ဖြစ်​တယ်​” လို့ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​သူ ဦးစိုး​ဝေ က ​ပြောပါတယ်​။ ခုလို တစ်​ကိုယ်​​တော်​လမ်း​လျှောက်​တာကို ၂၀၁၇ခုနှစ်​ သြဂုတ်​(၇)ရက်​​နေ့ မြန်​မာလို ဝါ​ခေါင်​လပြည့်​​နေ့ ​မေတ္တာအခါ​တော်​​နေ့ ၊ ​ဂေါတမဘုရားရှင်​ ငြိမ်းချမ်း​ရေးတရား​ဟောတဲ့​နေ့ က​နေ စတင်​လမ်း​လျှောက်​ခဲ့ပြီး…

Read More

ဆရာတော်ဦးဥတ္တမ ပျံလွန်တဲ့နေ့ကို အစိုးရရုံးပိတ်ရက် ၊ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး

ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉ TGH(VOM) နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်မှုမရှိစေဖို့နဲ့ တိုင်းရင်းသားတွေအကြား အထင်အမြင်လွဲမှားပြီး ခွဲခြားဆက်ဆံခံရတဲ့သဘောမျိုးမဖြစ်စေဖို့အတွက် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့  စက်တင်ဘာလ ၉ ရက်နေ့ကို အစိုးရရုံးပိတ်ရက် ၊ ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်မသင့်သေးဘူးလို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒုတိယ၀န်ကြီး ဦးလှမော်ဦးက ပြောဆိုခဲ့ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်၁ ဦးဝေစိန်အောင်ရဲ့မေးခွန်းကို ဒုတိယ၀န်ကြီးက ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ ဆရာတော်က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ နိုင်ငံရေး တရားတွေဟောခဲ့လို့ အင်္ဂလိပ်အစိုးရနေ ၃ ကြိမ်တိုင်အောင် ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဆရာတော် လိုပဲ လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ အဲဒီနေ့တွေမှာ သူတို့အစီအစဉ်နဲ့သူတို့ အသီးသီး ကျင်းပနေကြတာလည်းရှိပါတယ်။တကယ်လို့သာ ဦးဥတ္တမပျံလွန်တော်မူတဲ့နေ့ကို အစိုးရရုံးပိတ်ရက်သတ်မှတ် မယ်ဆိုရင် တခြားလူတွေလည်း တောင်းဆိုမှုရှိလာနိုင်တယ်။ နောက်တစ်ခုက…

Read More

ငါး၊ ပုစွန် မွေးမြူရေး၊ အစိုးရပိုင်းက ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ TGH( VOM)   ယနေ့ မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍရဲ့ ငါး ၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အချက် ငါးချက်ရှိနေတယ်လို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပါတယ်။   ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဒီလုပ်ငန်းကို အထောက်အပံ့ကောင်း ပေးနိုင်မယ့် မြေယာအသုံးပြုမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ပေးခြင်းနဲ့ အမျိုးသားအဆင့် မြေအသုံးပြုမှု မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေမှာပါ  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် မြေယာကိုအသုံးချ၍ လုပ်ငန်းဆောင်ရွက်ရတဲ့ အသင်းအဖွဲ့အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။   “အားလုံးကို ဆွေးနွေးခွင့်ပြုမှသာ ဘာတွေလိုအပ်တယ်၊ မလိုအပ်ဘူး၊ ဘယ်အရာတွေက အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတာ သိမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်လို့ရမယ်။ ဒုတိယကတော့ မန္တလေး တိုင်းနဲ့…

Read More

၂၀၁၈ ခုနှစ်အကယ်ဒမီအတွက် ရွှေစင်ကြယ် သယ်ပေးမယ့် အကူမောင်မယ်တွေရွေးချယ်

  ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉ သင်းသဒ္ဒါ     ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အနုပညာရှင်တွေရဲ့ မျိုးဆက်တွေနဲ့ တက်သစ်စ သရုပ်ဆောင်တွေကို မြန်မာ့ရုပ်ရှင် အကယ်ဒမီ အတွက် ရွှေစင်ကြယ် သယ်ဆောင်ပေးမည့် အကူမောင်မယ်တွေအဖြစ် ဒီနေ့မနက်ပိုင်းမှာ ရွေးချယ်မိတ်ဆက်ခဲ့ပါတယ်။   “အနုပညာရှင်တွေရဲ့ ရင်သွေးတွေပါတယ်။ နောက်မျိုးဆက်သစ် လူငယ်တွေ ပါပါတယ်။ စိစစ်ပြီးတော့ ရွေးချယ်လိုက်တာပါ။ မဆင့်တို့က တရားဝင်ကြေငြာထားတာ မဟုတ်ပဲ တိုင်ပင်ရွေး ချယ်လိုက် ကြတာပါ။ မဆင့်တို့က တိုးတိုးတိတ်တိတ်ရွေးချယ်ကြတာပါ။ ဘယ်သူမှ မသိတာပါတယ်။ မျှတမှုရှိအောင်တော့ ရွေးလိုက်ပါတယ်။ အရပ်ကို ကြည့်ပြီးတော့ အတွဲလေးတွေ တွဲပေးလိုက်တာပါ” လို့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုက ဆိုပါတယ်။   ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို…

Read More

AA အဖွဲ့မှ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်း

ပလက်ဝ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ မိုင်ချယ်ရီ   ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာမှာစခန်းချထားတဲ့ နယ်မြေရဲစခန်းက စခန်းမှူးတို့ကို အေအေ တပ်ဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားရာကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီ အချိန်က သံထောင်ကျေးရွာမှာ ရှိတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မှာ လူဦးရေ ၁၅၀ ကျော် နဲ့ ပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။ “ချင်းပြည်နယ်လဲ ဖြစ်တယ် ချင်းလူမျိုးတွေလဲ ဖြစ်တယ် တစ်စုံတစ်ခု ဖြစ်သွားလို့ ရှိရင် ကျွန်တော်တို့ အမျိုးသားရေး လူမှုရေး ပြသနာတွေ ဖြစ်လာနိုင်တယ်။ အဲ့တာကို ပြန်လွှတ်ပေးပါ ဆိုပြီး ကျွန်တော်တို့ က တောင်းဆိုတာပါ။ မဖြစ်မနေ…

Read More
VOM News

FREE
VIEW