ဗင်နီဇွဲလားသမ္မတအဖြစ် ကြေညာသူ ထောင်ဒါဏ်နှစ် ၃၀ ကျော်ကျခံရဖွယ်ရှိနေ

ကရာကတ်၊ ဖေဖော်ဝါရီ-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ အတူ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုဟာ ထောင်နှစ် ၃၀ ကျော်ကျခံနိုင်ဖွယ်ရှိနေတယ်လို့ ဗင်နီဇွဲလား တရားရုံးတစ်ခုက ပြောဆိုလိုက်ပါတယ်။

 

ဂွိုင်ဒိုဟာ ဗင်နီဇွဲလား အထူးတရားရုံးက  ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ချိုးဖောက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်က ကိုလံဘီယာနိုင်ငံသို့ သွားရောက်ခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဗင်နီဇွဲလား အထူးတရားရုံးချုပ် ခုံရုံးရဲ့ ဒုတိယတရားသူကြီး ဂျူအန်ကားလို့စ်ဗယ်ဒက်က ဖေဖော်ဝါရီ ၂၆ ရက်ကပြောပါတယ်။

 

ဂွိုင်ဒိုဟာ တရားဥပဒေမှ ပုန်းအောင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံအတွင်းထွက်သွာကာ ပြန်လည်ဝင်ရောက်လာတဲ့သူတစ်ဦးဖြစ်တဲ့အတွက် အာဏာပိုင်တွေက ဖမ်းဆီးပြီး ထောင်သို့ ပို့ရမှာဖြစ်ပြီး ထောင်ဒါဏ် နှစ် ၃၀ ကျော်ကျခံရဖွယ် ရှိတယ်လို့ ၎င်းကဆိုပါတယ်။

 

ဂွိုင်ဒိုရဲ့ ရာဇ၀တ်မှုကျူးလွန်နိုင်ဖွယ်ရှိတာတွေနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားအစိုးရ ရှေ့နေတွေက လက်ရှိမှာ ဆန်းစစ်နေကြတယ်လို့  ကားလို့စ်ဗက်ဒက်က ပြောပါတယ်။ ဤအတောအတွင်း အစိုးရအပြောင်းအလဲလုပ်ဆောင်ရန် ဖိအားပေးမှုအဖြစ် ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်မယ်လို့  အမေရိကန်က ခြိမ်းခြောက်ထားပါတယ်။

 

အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုဟာ အမေရိကန်က ထောက်ပံ့ပေးပို့လိုက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်ခံရယူဖို့အတွက် ဖေဖော်ဝါရီ ၂၂ ရက် ကိုလံဘီယာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ နိုင်ငံအတွင်း သယ်ဆောင်ခွင့် မရရှိသေးပါဘူး။

 

Ref : RT

Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW