မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် က သခင်စစ်ကုမဏီကို အမှုဖွင့်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉ မရမ်ဂျာထွယ်အောင်   မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သတင်းထောက် ၂ဦးကို ဖမ်းဆီးချုပ်နှောင်တာကြောင့် သခင်စစ်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာနှင့် ဝန်ထမ်းတွေကို  ဖေဖေါ်ဝ်ါရီ ၂၆ ရက်နေ့က အမှုဖွင့်လိုက်တယ်လို့ ချုပ်နှောင်ခံရသူတဦးဖြစ်တဲ့ မမွန်းမွန်းပန်က ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရသူ မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မွန်းမွန်းပန်က တရားလိုပြုလုပ်ကာ သခင်စစ်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဒိန်ဆောင် နဲ့ဝန်ထမ်း ၅ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၅၄ အမျိုးသမီးကာယိအိနြေ္ဒ ပျက်ပြားအောင်ပြုလုပ်မှု၊ ပုဒ်မ၂၉၄ ညစ်ညမ်းစွာဆဲဆိုခြင်း၊ ပုဒ်မ ၃၄၁ မတရား တားဆီးပိတ်ပင်မှု ၊ ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု စတဲ့ ပုဒ်မတွေနဲ့ ၀ိုင်းမော်မြို့မရဲစခန်းမှာ တရားစွဲဆိုထားတာပါ။ “ကျမတို့ရုံးမှာလာခေါ်တယ် အဲ့မှာရောက်တဲ့အချိန်မှာ ကျမကိုဖမ်းဆွဲတယ် လှမ်းဆွဲတယ် ကျမထွက်ခါနီးမှာ သူတို့ရုံးကနေထွက်တဲ့ချိန်မှာ လှမ်းဆွဲတော့…

Read More

အေအေမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ရဲစခန်းမှူး နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်လွတ်မြောက်

ပလက်ဝ ဖေဖော်ဝါရီ ၂၇ -၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ သံထောင်နယ်မြေရဲစခန်း က စခန်းမှူးတို့ကို အေအေလက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားရာကနေ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဘူးစင်ကျေးရွာ ဒေသခံတစ်ဦး က ပြောပါတယ်။   စခန်းမှူး ရဲအုပ်ဆလိုင်းဘီးဗာ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ သြဇာကြီးမားတဲ့ ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁၀ နာရီ ကျော် အချိန်မှာ ပလက်ဝမြို့နယ် ဖေရှေကျေးရွာအုပ်စု ဘူးစင်ကျေးရွာအနီးမှာ လာရောက် ရွေးယူဖို့ အေအေအဖွဲ့ကနေ ရွားသားတွေထံ အကြောင်းကြားခဲ့ပါတယ်။…

Read More

မြောက်ဦးမြို့နယ် မြောင်းဘွယ်စာစစ်ဌာနမှာ စာမေးပွဲဖြေဆိုခွင့်ကဒ်ထုတ်ယူတဲ့ကျေင်းသားတစ်ဦးကို ကျပ်တစ်သောင်းစီပေးဆောင်နေရ

မြောက်ဦး၊ ဖေဖော်ဝါရီ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွယ်ကျေးရွာ အထကမှာ ဆယ်တန်းစာမေးပွဲဖြေဆိုဖို့အတွက် ကဒ်လာထုတ်တဲ့ ကျေင်းသူ/သားတွေဟာ တစ်ယောက်ကို ကျပ်ငွေ တသောင်း စီပေးသွင်းနေရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။   အခုလိုမျိုး ကျောင်းသားတွေဆီက တစ်ဦးလျင်ကျပ် တစ်သောင်းစီကောက်ခံနေတဲ့အတွက် ငွေအလုံအလောက်မပါလာတဲ့ ကျောင်းသားတချို့တို့မှာ ကုဒ်မထုတ်ဘဲ ပြန်သွားရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။   “မြောင်းဘွယ်ကျောင်းမှာ စာမေးပွဲဖြေဖို့အတွက် ကဒ်လာထုတ်တဲ့ကျောင်းသားတွေဆီကနေ ငွေတစ်သောင်းစီကောက်နေ တယ်။ တချို့ကလေးတွေမှာ ငွေမပါဘူး။ ငါးထောင်လောက်ပေးမယ်ဆိုတာတောင်မရဘူး။ တစ်သောင်းပေးမှရမယ်လို့ ကျောင်းအုပ်ဆရာကြီးကပြောပါတယ်။ ဒါကြောင့် ငွေမပါလို့မထုတ်ဘဲ ပြန်သွားရတဲ့ကလေးတွေလည်းရှိပါတယ်။”လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကဒ်ထုတ်ယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။ ကျောင်းသားတွေဆီက ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနက ခွင့်ပြုပေးထားခြင်း မရှိသလို ညွှန်ကြားမှုတွေလည်းမရှိဘူးလို့ ပြည်နယ်ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။   “ကျွန်တော်တို့ဆီကတော့ ညွှန်ကြားထားတာမရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့…

Read More

ရန်ကုန်မှာ ရထားနဲ့ကားလမ်းကူးဂိတ်များ ပြုပြင်မည်ဖြစ်၍ လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ် ယနေ့စတင်

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၇-၂၀၁၉ TGH (VOM) ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းမှာရှိတဲ့ ရထားနဲ့ ကားလမ်းကူးဂိတ်တွေကို ပြုပြင်မှာဖြစ်တဲ့အတွက် လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ်ကို ယနေ့ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) ၊ သွားလာရေးမှ မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။   “ ကျွန်တော်တို့ မြို့ပတ်လမ်းပိုင်းရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ရထားနဲ့ကားလမ်းကူးဂိတ်တွေကို ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ်လ ၂၉ ရက်အထိ လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးမယ်။ အဲဒါတွေ ပြုပြင်ပြီးသွားတဲ့အခါအချက်ပြစနစ်တွေ တပ်ဆင်သွားမယ်။ ”လို့  ဦးဇော်လွင်က ပြောပါတယ်။   ပြုပြင်ဆောင်ရွက်သွားမယ့် ရထားလမ်းကူးဂိတ်တွေကတော့ တညင်းကုန်း-ဂေါက်ကွင်း၊ ဂေါက်ကွင်-ကျိုက္ကလဲ့၊ မင်္ဂလာဒုံဈေး- မင်္ဂလာဒုံ၊ လှည်းတန်း-ကမာရွတ်၊ သီရိမြိုင်-အုတ်ကျင်း၊ အုတ်ကျင်း- သမိုင်း၊ သမိုင်း- သမိုင်းမြို့သစ်၊ သမိုင်းမြို့သစ်-ကြို့ကုန်း…

Read More

မန္တ​လေးတိုင်း ပြည်​ခိုင်​ဖြိုးပါတီ သတင်းထုတ်​ပြန်​​ရေးအဖွဲ့ စတင်​ဖွဲ့စည်း

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၇-၂၀၁၉ ဟိန်းကို(VOM)   မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီက သတင်းထုတ်​ပြန်​​ရေးအဖွဲ့ ​ပြော​ရေးဆိုခွင်​ရှိသူများနဲ့ မန္တ​လေးအ​ခြေစိုက်​သတင်းမီဒီယာ​တွေ မိတ်​ဆက်​​တွေ့ဆုံပွဲအခမ်းအနားကို ယ​နေ့​နေ့လယ်​ပိုင်းက မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီတိုင်းရုံးအတွင်းက အစည်းအ​ဝေးခန်းမ​ဆောင်​မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ ဟိန်းကိုရိုက်ကူးပေးပို့ထားပါတယ်။   #voiceofmyanmar#usdp#ပြည်ခိုင်ဖြိုးပါတီ

Read More

ဗင်နီဇွဲလားသမ္မတအဖြစ် ကြေညာသူ ထောင်ဒါဏ်နှစ် ၃၀ ကျော်ကျခံရဖွယ်ရှိနေ

ကရာကတ်၊ ဖေဖော်ဝါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ အတူ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုဟာ ထောင်နှစ် ၃၀ ကျော်ကျခံနိုင်ဖွယ်ရှိနေတယ်လို့ ဗင်နီဇွဲလား တရားရုံးတစ်ခုက ပြောဆိုလိုက်ပါတယ်။   ဂွိုင်ဒိုဟာ ဗင်နီဇွဲလား အထူးတရားရုံးက  ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ချိုးဖောက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်က ကိုလံဘီယာနိုင်ငံသို့ သွားရောက်ခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဗင်နီဇွဲလား အထူးတရားရုံးချုပ် ခုံရုံးရဲ့ ဒုတိယတရားသူကြီး ဂျူအန်ကားလို့စ်ဗယ်ဒက်က ဖေဖော်ဝါရီ ၂၆ ရက်ကပြောပါတယ်။   ဂွိုင်ဒိုဟာ တရားဥပဒေမှ ပုန်းအောင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံအတွင်းထွက်သွာကာ ပြန်လည်ဝင်ရောက်လာတဲ့သူတစ်ဦးဖြစ်တဲ့အတွက် အာဏာပိုင်တွေက ဖမ်းဆီးပြီး ထောင်သို့ ပို့ရမှာဖြစ်ပြီး ထောင်ဒါဏ် နှစ် ၃၀ ကျော်ကျခံရဖွယ် ရှိတယ်လို့ ၎င်းကဆိုပါတယ်။  …

Read More

ကျောက်ဆည် မဟာရွှေသိမ်တော်ကို လာရောက်အဓိဌာန်ပြုဆုတောင်းသူ ဘာလို့များနေလဲ

ကျောက်ဆည်   ဖေဖော်ဝါရီ ၂၇ စောပြည့်ချမ်းသာ(VOM)   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ သင်တောင်ကြီးကျေးရွာရှိ ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားသို့ ယခုရက်ပိုင်းမှာလာရောက် အဓိဋ္ဌာန်ပြုဆုတောင်းတာများလာတယ်လို့ မဟာရွှေသိမ်တော် မြတ်စွာဘုရားဂေါပက အဖွဲ့ကနေသိရပါတယ်။   ယခုရက်ပိုင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုတော့မယ့် ကျောင်းသား၊ကျောင်းသူတွေ လာရောက် အဓိဋ္ဌာန်ပြုဆုတောင်းမှုဟာ အများဆုံးဖြစ်နေပါတယ်။   ‘ဆယ်တန်း စာမေးပွဲကို  နှစ်ခြင်းပေါက် အောင်မြင်ဖို့နဲ့ အောင်မြင်တဲ့အခါမှာ ဂုဏ်ထူးတွေနဲ့ အမှတ်ကောင်းကောင်းရဖို့ ကန့်တော့ပွဲ ပေးပြီး ဆုတောင်းခဲ့ပါတယ် “ဟု ကျောက်ဆည်မြို့မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားတစ်ဦးက ပြောပါတယ်။   လာရောက် သစ္စာအဓိဌာန်ဝင်တဲ့ သာသနာပွဲပေးသူတွေကို ဘုရားဂေါပကအဖွဲ့ကဆုတောင်းပေးမှုများပြုလုပ်ဆောင်ရွက်ပေးပြီး  သာသနာပွဲများကို ညပိုင်းမှာဘုရားဂေါပက အဖွဲ့က ငှက်ပျောသုံးဖီးပါ ကန်တော့ပွဲ တပွဲကို ငွေကျပ် ၅၀၀ နဲ့ လေလံတင်ရောင်းချပြီး ဘုန်းတော်ကြီး ကျောင်းများနဲ့ပရဟိတ အသင်းများကို ပြန်လည်လှူဒါန်းပေးတယ်လို့…

Read More

ဒုံဟီးမြို့ အတွက် သောက်သုံးရေလုံလောက်စွာ ရရှိရေး လွှတ်တော်အတွင်းမေးခွန်းထုတ်

ဒုံဟီး ဖေဖော်ဝါရီ ၂၇-၂၀၁၉ မိုင်ချယ်ရီ (VOM)   နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့ပေါ်နေ ပြည်သူများ စိမ့်စမ်းရေမှ တဆင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မေးခွန်းထုတ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။   ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က “လူသားတွေ အသက်ရှင်သန်ဖို့ ရေဟာ မရှိမဖြစ် အရေးကြီးဆုံးသော အရာဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဒုံဟီးမြို့ပေါ်မှာ ရှိတဲ့ ပြည်သူအများစုကတော့ ဒီနေ့အချိန်ထိ သောက်သုံးရေကို လက်ယက်တွင်းလေးတွေကပဲ ခပ်ယူကြပြီးတော့ ချွေတာပြီး အသုံးပြုကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့ရဲ့တစ်ဖက်တစ်ချက် မှာ ချောင်းမကြီး နှစ်ချောင်း ရှိပေမယ့် မြို့ရဲ့ တည်နေရာက အမြင့်ပိုင်းမှာ…

Read More

LGBTဆိုတော့ ယောကျာင်္းတွေက တကယ်လက်ထပ်ဖို့ သတ္တိမရှိကြဘူးဆိုတဲ့ မထက်(PopSoul)

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM)   မိန်းကလေးအသွင်ပြောင်းလဲလိုက်တဲ့ ပရိသတ်အချစ်တော် ထက်ထက်(PopSoul) ကတော့ LGBT ဆိုတော့ယောက်ကျားတွေက တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူးလို့ ဆိုပါတယ်။   “သူကတော့ မရဲ့ ဘ၀ကို ဦးဆောင်မှုတွေ လုပ်ပေးခဲ့တဲ့အတွက် အမှတ်တရပါပဲ။ မ ရည်းစားထားဘူး တဲ့ သက်တမ်းတလျှောက်မှာ ဦးဆောင်ပြီး လမ်းပြခဲ့တဲ့သူပေါ့။ မားမားမတ်မတ် ကိုယ့်ရှေ့က ရပ်တည်ပေးလို့ ကျေးဇူးများကြီး တင်ပါတယ်။ လိမ်ပြီး ရည်းစားထားတာတော့ မပါဘူးပေါ့လေ။ ဒီအခြေအနေ ရောက်လာတော့လည်း နားလည်မှုတွေနဲ့ ရှေ့ဆက်ကြတာပေါ့။ အချစ်ကိုတော့ မ မလွန်ဆန်နိုင်ပါဘူး။ ကိုယ့်တိုင်လည်း ချစ်ရတာကို ကြိုက်တယ်လေ။ LGBT ဆိုတော့ အမျိုးသားတစ်ယောက်က တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူး။ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကိုလည်း မခံနိုင်ဘူး။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုဆက်ဆံမှုကို မတွန်းလှန်နိုင်ဘူးပေါ့။ လူဆိုတော့ ခံစားချက်တွေရှိတယ်လေ။…

Read More

အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်လေတပ်ပစ်ချ၊ လေယာဉ်မှူးတစ်ဦးကို ဖမ်းထား

ဒေလီ၊ ဖေဖော်ဝါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်လေတပ်က အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ဖေဖော်ဝါရီ ၂၇ ရက်က ပစ်ချလိုက်ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်ဘက်က အတည်ပြုလိုက်ပါတယ်။ အိန္ဒိယလေတပ်က တိုက်လေယာဉ်တစင်းက ပါကစ္စတန်ထိန်းချုပ်ထားတဲ့နယ်မြေထဲကို ပျက်ကျခဲ့ပြီး နောက်တစ်စင်းကတော့ အိန္ဒိယပိုင်နက်ထဲ ပျက်ကျသွားတယ်လို့ ပါကစ္စတန်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး အာဆစ်ဂါဖိုးက ပြောပါတယ်။ ကက်ရှ်မီးယားဒေသ ပါကစ္စတန်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသရှိ စစ်သွေးကြွတွေကို အိန္ဒိယလေတပ်က စီးနှင်းတိုက်ခိုက်မှု ပြုလုပ်ပြီး တစ်ရက်အကြာမှာ ပါကစ္စတန် တိုက်လေယာဉ်သုံးစင်းက အိန္ဒိယလေပိုင်နက်အတွင်း ၀င်ရောက်ခဲ့ပြီး အိန္ဒိယတိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်တာကြောင့် လေယာဉ်မှူးနှစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ သေဆုံးသွားတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ကက်ရှ်မီးယားဒေသ ဆာရီနာဂါရှိ ရှိတ်ယူအလန် နိုင်ငံတကာလေဆိပ်ကို အိန္ဒိယအာဏာပိုင်တွေက လက်ရှိမှာ ပိတ်ထားလိုက်ပါတယ်။ မွတ်ဆလင်အများစုနေထိုင်ကြရာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံလုံးက…

Read More
VOM News

FREE
VIEW