LGBTဆိုတော့ ယောကျာင်္းတွေက တကယ်လက်ထပ်ဖို့ သတ္တိမရှိကြဘူးဆိုတဲ့ မထက်(PopSoul)

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

မိန်းကလေးအသွင်ပြောင်းလဲလိုက်တဲ့ ပရိသတ်အချစ်တော် ထက်ထက်(PopSoul) ကတော့ LGBT ဆိုတော့ယောက်ကျားတွေက တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူးလို့ ဆိုပါတယ်။

 

“သူကတော့ မရဲ့ ဘ၀ကို ဦးဆောင်မှုတွေ လုပ်ပေးခဲ့တဲ့အတွက် အမှတ်တရပါပဲ။ မ ရည်းစားထားဘူး တဲ့ သက်တမ်းတလျှောက်မှာ ဦးဆောင်ပြီး လမ်းပြခဲ့တဲ့သူပေါ့။ မားမားမတ်မတ် ကိုယ့်ရှေ့က ရပ်တည်ပေးလို့ ကျေးဇူးများကြီး တင်ပါတယ်။ လိမ်ပြီး ရည်းစားထားတာတော့ မပါဘူးပေါ့လေ။ ဒီအခြေအနေ ရောက်လာတော့လည်း နားလည်မှုတွေနဲ့ ရှေ့ဆက်ကြတာပေါ့။ အချစ်ကိုတော့ မ မလွန်ဆန်နိုင်ပါဘူး။ ကိုယ့်တိုင်လည်း ချစ်ရတာကို ကြိုက်တယ်လေ။ LGBT ဆိုတော့ အမျိုးသားတစ်ယောက်က တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူး။ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကိုလည်း မခံနိုင်ဘူး။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုဆက်ဆံမှုကို မတွန်းလှန်နိုင်ဘူးပေါ့။ လူဆိုတော့ ခံစားချက်တွေရှိတယ်လေ။ အစ်မတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ကတော့ ဘယ်လိုမှမ ဖြစ်နိုင်ဘူးပေါ့”လို့ဆိုပါတယ်။

 

သူမကတော့ Venlentime Day မှာ မ တကယ် အသည်းကွဲခဲ့ပါတယ်။ တကယ့် ချစ်သူများနေ့မှာ အ သည်းကွဲတော့ အမှတ်တရပါပဲ။ အစ်မ မဖြစ်နိုင်တဲ့ လမ်းကို လျှောက်ခဲ့တယ်။ အစ်မ မဖြစ်နိုင်ဘူးဆိုတာလည်း သိတယ် မလျှောက်ပဲ မနေနိုင်လို့ ဒီလမ်းကို လျှောက်ခဲ့တာလေ။ လျှောက်ခဲ့တယ်ဆိုပေမယ့် ရည်ရွယ်ချက် တွေ၊ ရည်မှန်းချက်တွေက ရှိပြီသားပါ။ဘာလဲဆိုတော့ တနေ့ကျရင် ကောင်းမွန်တဲ့အိမ်ထောင် တစ်ခု ကိုပြု နိုင်ရမယ်ဆိုပြီး တော့ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

 

“ချစ်သူဘ၀မှာတော့ ရှိကြမှာပေါ့လေ။ အကြာကြီး အတူတူနေမှာတို့ ၊ တစ်သက်လုံး ဘယ်တော့မှ မခွဲ သွားဘူးလို့ပေါ့။ ဒါပေမယ့် အစ်မ ဒီစကားတွေကို သာယာတတ်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ မမှာ လည်း RSတစ်ခုကို ၅ နှစ်၊၆ နှစ်လောက် တစ်ခုကို ရပ်တည်မယ်လို့ မျှော်လင့်ထားပြီးသား။ သူ့ရဲ့ အသက်ကို တွက်လိုက်ချိန်မှာ ၃၆၊၃၇ နှစ်လောက်မှာ ကလေးတစ်ယောက်ရဖို့ အတွက် ဒီ RSတစ်ခုကို ရပ်လိုက်မှဖြစ်မှာလေ။ သူ့အတွက် ရွေးချယ်မှုတွေပေးနိုင်ဖို့ အခွင့်အလန်းတွေ ပေးရမယ်လို့ တွေး ထားပါတယ်။ ဒီအချိန်မှာ ထင်ထားတာထက် နည်းနည်းစောစော လမ်းခွဲလိုက်တော့ ကိုယ့်တန်ဖိုးထားတဲ့ ပစ္စည်းလေးတစ်ခု ကျကွဲသွားသလိုပါပဲ။ အစိပ်စိပ်အမွှာမွှာဖြစ်သွား တယ်။ကြေကွဲရတယ်။ မ ခုချိန်မှာတော့ ခဏ ခဏ ငိုပြီပြီဆိုတော့ အေးဆေးပါပဲ”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – ထက်ထက်(Pop Soul) facebook

 

 

Related posts

Leave a Comment

VOM News

FREE
VIEW