မြောက်ဦးမြို့နယ် မြောင်းဘွယ်စာစစ်ဌာနမှာ စာမေးပွဲဖြေဆိုခွင့်ကဒ်ထုတ်ယူတဲ့ကျေင်းသားတစ်ဦးကို ကျပ်တစ်သောင်းစီပေးဆောင်နေရ

မြောက်ဦး၊ ဖေဖော်ဝါရီ ၂၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွယ်ကျေးရွာ အထကမှာ ဆယ်တန်းစာမေးပွဲဖြေဆိုဖို့အတွက် ကဒ်လာထုတ်တဲ့ ကျေင်းသူ/သားတွေဟာ တစ်ယောက်ကို ကျပ်ငွေ တသောင်း စီပေးသွင်းနေရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

 

အခုလိုမျိုး ကျောင်းသားတွေဆီက တစ်ဦးလျင်ကျပ် တစ်သောင်းစီကောက်ခံနေတဲ့အတွက် ငွေအလုံအလောက်မပါလာတဲ့ ကျောင်းသားတချို့တို့မှာ ကုဒ်မထုတ်ဘဲ ပြန်သွားရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“မြောင်းဘွယ်ကျောင်းမှာ စာမေးပွဲဖြေဖို့အတွက် ကဒ်လာထုတ်တဲ့ကျောင်းသားတွေဆီကနေ ငွေတစ်သောင်းစီကောက်နေ တယ်။ တချို့ကလေးတွေမှာ ငွေမပါဘူး။ ငါးထောင်လောက်ပေးမယ်ဆိုတာတောင်မရဘူး။ တစ်သောင်းပေးမှရမယ်လို့ ကျောင်းအုပ်ဆရာကြီးကပြောပါတယ်။ ဒါကြောင့် ငွေမပါလို့မထုတ်ဘဲ ပြန်သွားရတဲ့ကလေးတွေလည်းရှိပါတယ်။”လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကဒ်ထုတ်ယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

ကျောင်းသားတွေဆီက ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနက ခွင့်ပြုပေးထားခြင်း မရှိသလို ညွှန်ကြားမှုတွေလည်းမရှိဘူးလို့ ပြည်နယ်ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။

 

“ကျွန်တော်တို့ဆီကတော့ ညွှန်ကြားထားတာမရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်မေးကြည့်တဲ့အခါမှာတော့ ကျောင်းကော်မတီကကောက်တာလို့ပြောပါတယ်။ အဲ့ဒီငွေတွေကို တစ်ယောက်မကျန် ပြန်ပေးဖို့အတွက် ညွှန်ကြားထားပါတယ်။”လို့ ဦးစိန်ထွန်းလှကပြောပါတယ်။

 

အရင်က စာစစ်ဌာနတွေမှာ အခုလိုမျိုး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားသူတွေဆီကနေ ငွေကြေးအလုံးအရင်းနဲ့ ကောက်ခံခဲ့ခြင်းမရှိဘဲ အခုနှစ်မှပေးဆောင်နေရတာဖြစ်တယ်လို့ ကျောင်းသားတွေကပြောပါတယ်။

 

“အဲ့ဒီ တစ်ယောက်တစ်သောင်းစီကောက်တာဟာ စာမေးပွဲကာလအတွင်းမှာ ဆရာဆရာမတွေရဲ့ နေထိုင်စရိတ်တွေ၊ ကျွေးမွေးရေးစရိတ်တွေအတွက်ကောက်တာလို့ပြောပါတယ်။”လို့ အဲ့ဒီကျောင်းသားမိဘက ပြောပါတယ်။

 

အခုလိုမျိုး ကျောင်းသားတွေဆီကနေ ငွေတစ်သောင်းကျပ်စီကောက်ခံဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ညွှန်ကြားချက်အရ ကောက်နေတာဖြစ်တယ်လို့ ပြောကြောင်း ကျောင်းသားမိဘက ပြောပါတယ်။

 

#voiceofmyanmar#မြောက်ဦး#တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကဒ်

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW