ရန်ကုန်မှာ ရထားနဲ့ကားလမ်းကူးဂိတ်များ ပြုပြင်မည်ဖြစ်၍ လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ် ယနေ့စတင်

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၇-၂၀၁၉

TGH (VOM)

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းမှာရှိတဲ့ ရထားနဲ့ ကားလမ်းကူးဂိတ်တွေကို ပြုပြင်မှာဖြစ်တဲ့အတွက် လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ်ကို ယနေ့ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) ၊ သွားလာရေးမှ မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။

 

“ ကျွန်တော်တို့ မြို့ပတ်လမ်းပိုင်းရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ရထားနဲ့ကားလမ်းကူးဂိတ်တွေကို ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ်လ ၂၉ ရက်အထိ လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးမယ်။ အဲဒါတွေ ပြုပြင်ပြီးသွားတဲ့အခါအချက်ပြစနစ်တွေ တပ်ဆင်သွားမယ်။ ”လို့  ဦးဇော်လွင်က ပြောပါတယ်။

 

ပြုပြင်ဆောင်ရွက်သွားမယ့် ရထားလမ်းကူးဂိတ်တွေကတော့ တညင်းကုန်း-ဂေါက်ကွင်း၊ ဂေါက်ကွင်-ကျိုက္ကလဲ့၊ မင်္ဂလာဒုံဈေး- မင်္ဂလာဒုံ၊ လှည်းတန်း-ကမာရွတ်၊ သီရိမြိုင်-အုတ်ကျင်း၊ အုတ်ကျင်း- သမိုင်း၊ သမိုင်း- သမိုင်းမြို့သစ်၊ သမိုင်းမြို့သစ်-ကြို့ကုန်း ဖြစ်တယ်လို့ဆိုပါတယ်။

 

အဆိုပါ ပြုပြင်မှုတွေပြီးသွားတဲ့အခာ ရထားလမ်းပိုင်းမှာ ရထားလာရင် အလိုအလျောက် အဖွင့်အပိတ်ပြုလုပ်မယ့် စနစ်ကို တပ်ဆင်သွားမှာဖြစ်ကြောင်းနဲ့တစ်လမ်းမောင်းစနစ်ကျင့်သုံးတာက ယနေ့ကနေ စတင်ပြီး ရက်ပေါင်း ၃၁ ရက်ကြာမြင့်မှာဖြစ်ပါတယ်။

 

လက်ရှိရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အတွင်း၌ ရထားလမ်းကူးနေရာ  (Level Crossing)၂၅ခု လူကူးဂုံးတံတား Foot Over Bridge (FOB)၃၅စင်းနဲ့ ကားလမ်းကူးဂုံးကျော်တံတား Road Over Bridge (ROB) ၂၄စင်း ရှိကြောင်း၊ ၎င်းထဲကမှ တရားမဝင်သွားလာနေတဲ့ ဂိတ်တချို့ကို ပိတ်သွားဖို့ရှိတယ်လို့သိရပါတယ်။

 

#voiceofmyanmar#ရန်ကုန်#ရထားလမ်း#ကားလမ်း

 

Related posts

Leave a Comment

VOM News

FREE
VIEW