မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် က သခင်စစ်ကုမဏီကို အမှုဖွင့်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉

မရမ်ဂျာထွယ်အောင်

 

မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သတင်းထောက် ၂ဦးကို ဖမ်းဆီးချုပ်နှောင်တာကြောင့် သခင်စစ်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာနှင့် ဝန်ထမ်းတွေကို  ဖေဖေါ်ဝ်ါရီ ၂၆ ရက်နေ့က အမှုဖွင့်လိုက်တယ်လို့ ချုပ်နှောင်ခံရသူတဦးဖြစ်တဲ့ မမွန်းမွန်းပန်က ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူ မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မွန်းမွန်းပန်က တရားလိုပြုလုပ်ကာ သခင်စစ်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဒိန်ဆောင် နဲ့ဝန်ထမ်း ၅ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၅၄ အမျိုးသမီးကာယိအိနြေ္ဒ ပျက်ပြားအောင်ပြုလုပ်မှု၊ ပုဒ်မ၂၉၄ ညစ်ညမ်းစွာဆဲဆိုခြင်း၊ ပုဒ်မ ၃၄၁ မတရား တားဆီးပိတ်ပင်မှု ၊ ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု စတဲ့ ပုဒ်မတွေနဲ့ ၀ိုင်းမော်မြို့မရဲစခန်းမှာ တရားစွဲဆိုထားတာပါ။

“ကျမတို့ရုံးမှာလာခေါ်တယ် အဲ့မှာရောက်တဲ့အချိန်မှာ ကျမကိုဖမ်းဆွဲတယ် လှမ်းဆွဲတယ် ကျမထွက်ခါနီးမှာ သူတို့ရုံးကနေထွက်တဲ့ချိန်မှာ လှမ်းဆွဲတော့ ကြယ်သီးတွေပြုတ်သွားတယ်။ အနွေးထည်ကြယ်သီးပြုတ်သွားတယ်။ ပြီးတော့ကျမကို သူဌေးဖြစ်တဲ့ ဦးဒိန်ဆောင်က ဂျာနယ်နဲ့ပါးရိုက်တယ် ပြီးတော့ အဂျယ်ကိုလဲ ထိုင်ထလုပ်ခိုင်းတယ် အဲ့ဒါကြောင့်ကျမတို့က ဝိုင်းမော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာ”လို့ ကာယကံရှင် မမွန်းမွန်းပန်ကပြောပါတယ်။

အခုလိုသတင်းထောက်၂ဦးကို ဖမ်းဆီးခြိမ်းခြောက်တာတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနား သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်(၂) ဦးဇော်ခွန်က “ကျတော်တို့ဘက်ကတော့ ဒါကို ဥပဒေအတိုင်း ဖြစ်သွားဖို့မျှော်လင့်တယ်။ သတင်းထောက်၂ဦးကိစ္စကို တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းကို လွှဲထားပါတယ်”လို့  ပြောပါတယ်။

“အမှုနဲ့ပတ်သက်ပြီး ရဲစစ်ဆေးပေါ်ပေါက်မှု အပေါ် မှုတည်ပြီး တရားခံ တိုးသင့်ရင်တိုးမှာဖြစ်တယ် လိုအပ်ရင် ပုဒ်မတွေကို ထပ်တိုး တာတွေ လျော့တာတွေ ပြုလုပ်သွားမှာဖြစ်တယ်” လို့  တရားလိုဘက်မှ တရားလွှတ်တော်ရှေ့ ဦးတင်ထွန်းသိန်းက ပြောပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖေဖော်ဝါရီလ ၂၅ရက်နေ့ ထုတ် ဝေတဲ့ “မန်ဒေါင်ကျေး၇ွာ အုပ်စုတွင် တရုတ်တစ်သျှူး ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ၀င်ရောက်လုပ်ကိုင်နေ” ဆိုတဲ့သတင်း နဲ့ သခင်စစ်ကုမ္ပဏီ ပါဝင်နေကြောင်း ဖေါ်ပြခဲ့တာကြောင့် သတင်းဟာ မှားယွင်းနေတယ်ဆိုပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့ နံနက်ပိုင်းက သခင်စစ် ကုမ္ပဏီဝန်ထမ်းတွေက မြစ်ကြီးနားသတင်းဂျာနယ်ရုံးသို့ ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက် သတင်းထောက်တွေနဲ့ ဆွေးနွေးဖို့ရှိတယ်ဆိုပြီး သတင်းထောက် မမွန်းမွန်းပန်နဲ့ အဂျယ်ကို ၀ိုင်းမော်မြို့မှာရှိတဲ့ သခင်စစ် ကုမ္ပဏီရုံး ခေါ်ဆောင်ကာ ဆဲဆို ရိုက်နှက် ထိုင်ထ အခါ ၁သိန်း လုပ်ခိုင်းခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

အခုကိစ္စနှင့် ပတ်သက် ပြီး ပါဝင်ကျူးလွန်သူတွေကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖေါ်ထုတ် အရေးယူပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကချင်ပြည်နယ် အစိုးရအား တိုက်တွန်း ဆောင်ရွက်ပေးဖို့ ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်း ၆ခုက ထုတ်ပြန်ခဲ့သလို ဖေဖော်ဝါရီ ၂၇ရက်နေ့မှာတော့ ကချင်ပြည်နယ် အခြေစိုက် သတင်းသမားတွေကလည်း ကြေဌြာချက် ထုတ်ပြန်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW