ရန်ကုန် ၊ဖေဖော်ဝါရီ ၁၄-၂၀၁၉ TGH (VOM) ရန်ကုန်မှာ မရနိုင်တဲ့ အညာဒေသ အစားအစာတွေကို တစ်နေရာတည်းမှာ မြည်းစမ်းနိုင်မယ့် အညာပွဲဈေး တစ်ခုကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်ထိ နှစ်ရက်ကြာပြုလုပ် သွားမယ်လို့ UKK လုံချည်လုပ်ငန်း တည်ထောင်သူ ဦးကျော်ရဲဟိန်းကဆိုပါတယ်။ “ ဒီပွဲရဲ့အဓိကက ရန်ကုန်မှာ ရှာဖို့လည်းမလွယ်ဘူး ၊ အညာရောက်မှပဲ စားလို့ရတဲ့ အစားစာတွေကို မိတ်ဆက်ပြသတာဖြစ်တယ်။ စီးပွားရေးအရလုပ်ဆောင်တာမဟုတ်ဘူး။ အစားအစာတွေကို ဘူဖေးစနစ် နဲ့စားသုံးရမှာဖြစ်တယ်။ ဒီပွဲမှာ မန္တလေးတိုင်းထဲက အစားအစာအများဆုံးပါမယ်။ ဥပမာ မုန့်လုံးရေပေါ်လိုဆို အားလုံးစားဖူးတယ်။ မုန့်လုံးရေပေါ်ကို ပြန်ကြော်ထားတာမျိုးကျတော့ ရန်ကုန်မှာ မစားဖူးဘူး။ ဒီလိုပေါ့။ အစားအစာတွေကိုလည်း သူအဆက်လိုက်အတိုင်း ရွေးချယ်ထည့်သွင်းထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။ အဲ့ဒီ အညာပွဲဈေးမှာဆိုရင် ဦးပိန်းတံတားဝန်းကျင်မှာရောင်းချနေတဲ့အကြော်မျိုးစုံ ၊ အညာမုန့်ပစ်သလက် ၊…
Read MoreMonth: February 2019
ပုဂ္ဂလိကစက်သုံးဆီဆိုင်တွေက ၀န်ထမ်းတွေအားလုံး ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းဆင်းလက်မှတ်မရှိရင် အရေးယူမည်
နေပြည်တော်၊ဖေဖော်ဝါရီ ၁၄-၂၀၁၉ ဒီပ(နေပြည်တော်) တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိစက်သုံးဆီ အရောင်းဆိုင်တွေနဲ့ ဆီသိုလှောင်ကန်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းအားလုံးကို ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်း တက်ရောက်ရမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ညွှန်ကြားရေးမှုးဖြစ်သူ ဦးသိန်းထွေးက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။ “သင်တန်းတက်ပြီးစီးကြောင်း လက်မှတ်ပေါ့ ဒီသင်တန်းတက်ခြင်းအားဖြင့် ဆီကိုဘယ်လိုကိုင်တွယ်ရမလဲ မီးအန္တရာယ် တစ်ခုခုဖြစ်လာရင် ဘယ်လိုငြိမ်းသတ်ရမလဲ ဒါလေသိသွားရင် ဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သူတို့သိသွားကြလိမ့်မယ် အဲ့ဒီမှာ အသက်(၁၈)နှစ်လည်း ပြည့်ရမယ် မူလတန်း အောင်မြင်ပြီးသူလည်း ဖြစ်ရမယ် စာတွေ့လက်တွေ့ပေါ့ အဲ့ဒါကြောင့် ဒီသင်တန်းကို တက်ခိုင်းရခြင်းဖြစ်တယ် ဆိုင်မှာရှိတဲ့ ၀န်ထမ်းအားလုံး တက်ကိုတက်ရမယ်”လို့ ဦးသိန်းထွေးက ပြောကြားခဲ့ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းဟာ နှစ်ရက်တည်းဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ ဆိုင်အရေအတွက် စာရင်းတွေတက်လာသလို ၀န်ထမ်းအရေအတွက်နဲ့ မတက်ရသေးရင်တော့ ဒီအချိန်မှာ တွန်းအားပေးမယ်လို့ ညွှန်ကြားရေးမှုးကပြောပါတယ်။…
Read Moreရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ပွဲတွေကိုရပ်စဲပေးရေး လွှတ်တော်မှာ အဆိုတင်သွင်း
စစ်တွေ၊ ဖေဖော်ဝါရီ ၁၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဖြစ်ပွားမှုတွေကို အမြန်ဆုံးရပ်စဲပေးဖို့အတွက် အစိုးရကိုတိုက်တွန်းကြောင်း အဆိုတရပ်ကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့တင်သွင်းလိုက်ပါတယ်။ နှစ်ဖက်အဖွဲ့အစည်းတွေအကြား လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းဒေသက မြို့နယ်ငါးမြို့နယ် အတွင်းက ဒေသခံကျေးရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ပြည်သူအများစုတို့ဟာ ထိခိုက်မှုတွေရှိနေတာကြောင့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဆိုတင်သွင်းလိုက်တာဖြစ်ပါတယ်။ “ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဒီတိုက်ပွဲတွေကို တိုက်ပါလို့ လမ်းညွှန်ထားတာကို သတင်းစာရှင်းလင်းပွဲတွေကနေ သိရပါတယ်။ တိုက်ပွဲတွေကိုရပ်စဲဖို့အတွက်လည်း သူတို့အနေနဲ့ ညွှန်ကြားပေးနိုင်လိမ့်မယ့်လို့ ယုံကြည်တဲ့အတွက် ဥပဒေဘောင်အတွင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းတာဖြစ်ပါတယ်”လို့ အဆိုတင်သွင်းသူ ဦးဦးသန်းနိုင်က ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာလည်း တိုင်းရင်းသားအချင်းချင်းအကြားမှာဖြစ်ပွားနေခြင်းသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ။ သေကြေကြရတာတွေဟာလည်း ပြည်ထောင်စုတိုင်းရင်းသားတွေသာဖြစ်ကြောင်းနဲ့ နောက်ထပ်ပြီးတော့ တိုက်ပွဲတွေမဖြစ်ပွားစေဖို့နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလျှောက်လှန်းနိုင်ဖို့အတွက် နှစ်ဖက်စေ့စပ်ညှိနိုင်ပြီးတော့ အဖြေရှာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဟိုဘက်ကောင်းတယ်။ ဒီဘက်မကောင်းဘူးဆိုပြီးပြောလို့မရဘူး။…
Read Moreငပလီကမ်းခြေက ဟိုတယ်များတွေကို အရေးယူပေးဖို့ ရခိုင်လွှတ်တော်မှာ အစိုးရကိုတိုက်တွန်း
စစ်တွေ၊ ဖေဖော်ဝါရီ ၁၄ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက အပမ်းဖြေစခန်းတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေမှာရှိနေတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေဟာ အများပိုင်အသုံးပြုခွင့်ရှိတဲ့ သဲသောင်ပြင်တွေမှာ အဆောက်အဦးဆောက်လုပ်ထားပြီး စီးပွားဖြစ်လုပ်ကိုင်နေကြတာမို့ ဒီမြေတွေဟာ အများနဲ့သက်ဆိုင်တဲ့မြေနေရာတွေဖြစ်တဲ့အတွက် အရေးယူမှုတွေလုပ်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ မေးခွန်းမေးခဲ့တဲ့ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက “ငပလီကမ်းခြေမှာ ဟိုတယ်တွေက သူတို့ရဲ့ရှေ့မျက်နှာစာကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ လုပ်ချင်ရာလုပ်နေကြတယ်။ အဆောက်အဦးတွေဆောက်နေကြတယ်။ ဒါကြောင့် ကမ်းခြေရဲ့ပုံရိပ်တွေကျလာတယ်။ ခရီးသွားတွေစိတ်ဝင်စားမှုအား နည်းလာတယ်။ အခုလို ဥပဒေမဲ့ကျူးကျော်ထားတဲ့အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့အတွက် မေးခွန်းမေးမြန်းရတာ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။ အခုလိုမျိုးကျူးကျော်ထားတဲ့ ဟိုတယ် ၇ ခုရှိနေပြီး အရေးယူပေးဖို့ တိုင်တန်းခဲ့ရာမှာတော့ ဟိုတယ်တစ်ခုတည်းကိုသာ အရေးယူမှုတွေပြုလုပ်ထားပြီး ကျန်တဲ့ဟိုတယ်တွေကို အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် အစိုးရရဲ့သဘောတရားကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့က ကျူးကျော်တဲ့ဟိုတယ်အကုန်လုံးကို အရေးယူပေးဖို့တိုင်တန်းတာပါ။ ဘယ်ဟိုတယ်ကိုတော့ အရေးယူတယ်။ ဘယ်ဟိုတယ်ကိုတော့ လွှတ်ထားတယ်ဆိုတာမျိုးမဖြစ်ရအောင်အတွက် ဥပဒေနဲ့အညီတောင်ရွက်ပေးဖို့ မေးတဲ့မေးခွန်းဖြစ်ပါတယ်။”လို့…
Read Moreရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးရေး အခြားနိုင်ငံတွေ ၀င်မပါသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို
စင်ကာပူ၊ ဖေဖော်ဝါရီ-၁၄-၂၀၁၉ မျိုးဆက် (VOM) ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ပေးဖို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှာမဟုတ်သလို ဒီကိစ္စအပေါ် အခြားနိုင်ငံတွေ ၀င်မပါသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယံဘာလာခရစ်ရှန်းက ဖေဖော်ဝါရီ ၁၃ ရက်က ပါလီမန်မှာ ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရေးကိစ္စကို အာဆီယံအဖွဲ့မှာ နက်နက်ရှိုင်းရှိုင်းဆွေးနွေးနိုင်မလားဆိုပြီး လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လူးဝစ်နိုင်းရဲ့ မေးမြန်းမှုအပေါ် နိုင်ငံသားပေးဖို့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးနိုင်မလားဆိုရင် အဖြေကရိုးရိုးလေးပါ နိုးပါဘဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရှိမရှိဆိုတာက နိုင်ငံရေး အခြေခံလုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာရဲ့ ဗဟိုချက်မဖြစ်ပါတယ်။ ဒီကိစ္စအပေါ် အခြားနိုင်ငံတွေက ပါဝင်ပတ်သက်စရာအကြောင်းမရှိဘူးလို့ ဒေါက်တာ ဗီဗီယံဘာလာခရစ်ရှန်းက ပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေပြန်လည်လက်ခံရေး စတင်ဖို့ နောက်ဆုံးအချိန်ကို စင်ကာပူ သို့မဟုတ် အာဆီယံအနေနဲ့ ချမှတ်ဖိုလည်း မဖြစ်နိုင်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ ဒါပေမယ့် ဒေသတွင်းအဖွဲ့တွေအနေနဲ့ ကျန်းမာရေး၊…
Read Moreချင်းပြည်နယ် ဘတ်ဂျတ်ခွဲဝေမှု ချိန်ခွင်လျာ တစ်ဖက်စောင်းနင်းမဖြစ်ပဲ မျှမျှတတဖြစ်ဖို့လို
နေပြည်တော် ဖေဖော်ဝါရီ ၁၄-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် အတွင်း လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ဘတ်ဂျတ်ခွဲဝေမှုတွေမှာ ချိန်ခွင်လျှာတဖက်စောင်းနင်း မဖြစ်ပဲ မျှမျှတတ ဖြစ်ဖို့ လိုအပ်နေကြောင်း မင်းတပ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးနေလင်းအောင် က ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဦးနေလင်းအောင် က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ကျေးလက်လမ်းများကို နှစ်စဉ်ဖောက်လုပ်နေ မိုင်အကွာအဝေးထက် ပိုမိုဖောက်လုပ်ပေးရန် မေးခွန်းကို မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖလမ်းခရိုင်မှာရှိတဲ့ လမ်းမိုင်ဟာဆိုရင် ၁၄၃၅ မိုင် ရှိပြီး ဒီလမ်းဖောက်လုပ်ဖို့ ဘတ်ဂျတ်လျာထားရာမှာ ကျပ်သန်းပေါင်း ၃ထောင်ကျော် လျာထားပြီးတော့ လမ်းမိုင် ၂၃၀၀ ရှိတဲ့ မင်းတပ်ခရိုင်ကိုတော့ ကျပ်သန်း ၁၄၀၀ ကျော်သာ လျာထားတာ တွေ့ရတာကြောင့် ဒီလိုဘတ်ဂျတ်ခွဲဝေမှု မညီမျှတာနဲ့ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့တာ…
Read Moreအီရန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံး
တီဟီရန်၊ ဖေဖော်ဝါရီ-၁၄ မျိုးဆက် (VOM) အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင် ၂၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဗုံးခွဲတိုက်ခိုက်သူဟာ ပါကစ္စတန်နယ်စပ်အနီး ဘာလူချက်စတန်ပြည်နယ်ရှိ တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖြစ်ပြီး အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဂျရစ်ရှ်အယ်လ်အဒယ် အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့တာလို့ ၀န်ခံထားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က ပါကစ္စတန်နယ်စပ် တပ်ဖွဲ့တစ်ဖွဲ့ ဘတ်စ်ကားနဲ့ ပြန်လာချိန် ခါ့ရှ်ဇာဟီဒန်လမ်းမပေါ်မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းအပြည့်တင်ဆောင်လာတဲ့ ကားတစ်စီးက ဘတ်စ်ကားရဲ့ ဘေးမှာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အီရန်အရှေ့တောင်ပိုင်းရှိ တော်လှန်ရေးအစောင့်တပ်ခွဲက ပြောပါတယ်။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးအပြီး များမကြာမီဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးအစောင့်တပ်တွေဟာ အီရန်ရှိ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် အဓိက အင်အားစုလည်းဖြစ်ပါတယ်။…
Read Moreပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ ရဲ့အမှု တရားရုံးကလက်ခံ
မန္တလေး ၊ ဖေဖေါ်ဝါရီ ၁၄-၂၀၁၉ ဟိန်းကို(VOM) လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော် နဲ့ တပ်မတော်သားတွေအပေါ် သိက္ခာကျဆင်းစေမယ့် ပုတ်ခတ်ရေးသားတယ်လို့ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့အမှု အမရပူရတရားရုံးက အမှုစတင်လက်ခံခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က လာရောက်ခြင်းမရှိသေးဘဲ တရားရုံးက ဆရာတော်ဦးသောဘိတကို အာမခံပေးခဲ့ပြီး ဖေဖေါ်ဝါရီ ၂၈ရက်နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုခဲ့ပါတယ်။ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ၂၀၁၈ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့က တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏နောက်မှာ ခြေအတု တပ်ဆင်ထားတဲ့ စစ်မှုထမ်းဟောင်း ပုဆိုးဝတ်ထားတဲ့ပုံပေါ်မှာ တပ်မတော်က မစွမ်းဘဲခိုးနေတော့ တိုင်းပြည်မွဲတာပေါ့ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နို့စားနွားမွေးမြူရေးခြံစစ်ဆေးနေတဲ့ပုံတင်ပြီး နွားခြံထဲ နွားဝင်နေတယ်လို့ရေးသားတာတွေအပြင် ပြည်သူတွေအပေါ်စေတနာရှိရင် ပြည်သူမပေးတဲ့တာဝန်တွေမယူပဲ စစ်တန်းလျားပြန်ပါ…
Read Moreဝက်သက်ရောဂါကာကွယ်ရေး ပျံကျရွေ့လျားနေထိုင်သူတွေပါဝင်ဖို့ QGIS စနစ်အသုံးပြုမယ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံတဲ့ အခါ ပျံကျရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်ကိုပါ အတိအကျသိရှိနိုင်မယ့် QGIS စနစ်သုံးပြီး ပထဝီမြေပြင် တည်နေရာနဲ့ သတင်းအချက်အလက် စနစ်အသုံးချ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုပါတယ်။ ဒီစနစ်နဲ့ ပျံကျ ရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်တွေကောက်ယူဖို့ ကနဦး စီစဉ်ထားတဲ့ နေရာတွေကတော့ အရှေ့ပိုင်းခရိုင် ထဲက ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ပိုင်းခရိုင်ထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တွေဖြစ်ပါတယ်။ QGIS software အသုံးပြုဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာ နေရာဒေသအလိုက် ကာကွယ်ဆေးထိုးရမယ့် ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ တွေရဲ့ တည်နေရာ၊ ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေ၊ ကျန်းမာရေးဌာနတည်နေရာ၊ ကာကွယ်ဆေးထိုးလုပ်ဆောင်ရွက်ရာမှာ…
Read Moreငွေရတုမွေးနေ့အကြို စီးရီး ၇ခွေ မိတ်ဆက် လိုက်တဲ့ ပိုးအိစံ
ရန်ကုန် ဖေဖော်ဝါရီ ၁၃- ၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာသံ တေးသီချင်းတွေနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ပိုးအိစံကတော့ ငွေရတုမွေးနေ့အုကြို စီးရီး ခွေ၇ခွေ မိတ်ဆက် လိုက်ပါတယ်။ ပိုးအိစံ၏ ငွေရတုအကြို အနေနဲ့ ” ငွေရတုပိုးအိစံ”အထိမ်းအမှတ် သီချင်းခွေ ၇ ခွေဖြစ်တဲ့ ”ပိုးအိစံ မွေးဖွားခြင်း နှစ် ၂၀ ပြည့် Live Show” ၂ နှင့် ၃ ၊”နှလုံးသား ပုဂံပြည်” ၊”စောင်ညှို့သံနှလုံးသား”၊”ငွေသောင်ယံ”၊”လရောင်ပျိုးတဲ့ ကုမုဒြာ” နဲ့ ”လားရှိုးမင်းသားလေး” ဆိုတဲ့သီချင်းခွေတွေကို ထုတ်ဝေလိုက်ပါတယ်။ ”အစ်မရဲ့ ငွေရတုအကြိုအနေနဲ့ ဒီခွေလေးတွေကို ထုတ်ဖြစ်တာပါ။အစ်မရဲ့ သီချင်းတွေက အရမ်းလည်း များနေတော့ ဒီလိုမှမထုတ်ရင် မထုတ်ဖြစ်တော့ဘူးလေ။နောက် နှစ်၆၀ ဆိုရင်အစ်မရှိချင် မှရှိတော့မှာလေ”လို့ဆိုပါတယ်။ သူမရဲ့ အခွေတွေကတော့ တေးသီချင်းဟောင်းတွေပါသလို တေးသီချင်းသစ်တွေလည်း…
Read More