ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ်ဆိုတဲ့  အလှမယ် သျှားထွဋ်အိန္ဒြာ

ရန်ကုန် မတ် ၁၀-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

အလှမယ်လောကတဆင့် အလှမယ်ယှဉ်ပြိုင်မယ့် မျိုးဆက်သစ်တွေကို  သင်တန်းပေးနေတဲ့ သျှားထွဋ်အိန္ဒြာကတော့ ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ် လို့ဆိုပါတယ်။

 

”အချစ်ရေးကတော့ Single မဟုတ်ပါဘူး။ သျှားမှာ ချစ်သူရှိပါတယ်။ အပြင်ကလောကပါ ငယ်ချစ်ဦး ပေါ့။ ပထမပိုင်းကတော့ သူနဲ့လမ်းခွဲခဲ့တယ်ဆိုတာက အနုပညာအလုပ်တွေ လုပ်တာသူ့အတွက် စိမ်းနေတာမို့ သျှားတို့က အမုန်းတရားနဲ့ လမ်းခွဲခဲ့တာ မဟုတ်ပါဘူး။ ငယ်သူငယ်ချင်းလည်း ဖြစ်တော့ ခုချိန်မှာ သူပြန်လာပြီးတော့ ပြန်လည်ဆက် သွယ်ပြီးတော့ တွဲခဲ့ကြတယ်။ နားလည်ပြီးတော့ သျှားကိုသူ့ဘက် ပြန်ဆက်သွယ်လာတယ်”လို့ဆိုပါတယ်။

 

သူ့မကတော့ လက်ရှိမှာ Miss ဖြစ်ချင်တဲ့ အမျိုးသမီးတွေအတွက် မိတ်ကပ်လိမ်းနည်း ၊ ပြိုင်ပွဲဝင် ရှိုးလျှောက် နည်း တွေ၊ အပြောအဆိုပိုင်းကအစ သင်ကြားပေးနေလျှက်ရှိတယ်လို့ သိရပါတယ်။

 

ပြန်လည်လက်တွဲဖြစ်တာနဲ့ ပတ်သက်ပြီးတော့  ”နှစ်ယောက်လုံးက အစထဲ မပြတ်နိုင်ကြဘူး။ တစ်ယောက် နဲ့ တစ်ယောက် အပြစ်အနာတွေ လမ်းခွဲလိုက်တယ်ဆိုရင် ဒါကိုတွေးပြီးတော့ မုန်းလို့ မေ့လို့ရတယ်။ ကိုယ့်တို့ နှစ်ယောက် ဘာပြဿနာမှ မရှိတော့ မုန်းဖို့မေ့ဖို့လည်း ခက်ပါတယ်။ သူငယ်ချင်း ဖြစ်တော့ ကြိုးကြိုးစားစား ဆက်သွယ်စရာတော့ မလိုပါဘူး။ နှစ်ယောက်က ပြန်လည် ညှိနှိုင်းဖြစ်ပါတယ်။ ပြန်တွဲတာလည်း မကြာသေးတော့ နှစ်ယောက်တွဲ မတက်ဖြစ် ပါဘူး။ သူ့ဘက်ကလည်း အဆင်သင့် မဖြစ်သေးဘူး။ တခြားသူတွေကို Single ဆိုပြီးတော့ သိုဝှက်ထားသူ မဟုတ် ပါဘူး”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW