ခရီးသည် ၁၄၉ ဦးတင်ဆောင်လာတဲ့ အီသီယိုပီးယားလေကြောင်းပိုင် လေယာဉ်ပျက်ကျ

အဒစ္စအဘာဘာ၊ မတ်-၁၀ မျိုးဆက် (VOM)     အီသီယိုပီးယားနိုင်ငံ အဒစ္စ အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီသို့ ပျံသန်းသည့် အီသီယိုပီးယားလေကြောင်းပိုင် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျသွားလို့ အားလုံးသေဆုံးသွားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်လိုက်ပါတယ်။     လေယာဉ်ဟာ အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ္စ အဘာဘာကနေ ပျံတက်ပြီးသိပ်မကြာခင်မှာဘဲ မတ် ၁၀ ရက် ဒေသစံတော်ချိန် ၈ နာရီ ၄၄ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။   ဘစ်ရှိုတူမြို့အနီးက လေယာဉ်ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။   အဆိုပါလေကြောင်းလိုင်းဟာ အာဖရိက နေရာအတော်များမျာကို ပြေးဆွဲပျံသန်းနေတဲ့အပြင် အာဖရိက ပြင်ပနိုင်ငံတွေကိုလည်း ပျံသန်းနေတဲ့ လူကြိုက်များတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။   ၂၀၁၀ခုနှစ်ကလည်း အဆိုပါလေကြောင်းလိုင်းက…

Read More

ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ်ဆိုတဲ့  အလှမယ် သျှားထွဋ်အိန္ဒြာ

ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   အလှမယ်လောကတဆင့် အလှမယ်ယှဉ်ပြိုင်မယ့် မျိုးဆက်သစ်တွေကို  သင်တန်းပေးနေတဲ့ သျှားထွဋ်အိန္ဒြာကတော့ ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ် လို့ဆိုပါတယ်။   ”အချစ်ရေးကတော့ Single မဟုတ်ပါဘူး။ သျှားမှာ ချစ်သူရှိပါတယ်။ အပြင်ကလောကပါ ငယ်ချစ်ဦး ပေါ့။ ပထမပိုင်းကတော့ သူနဲ့လမ်းခွဲခဲ့တယ်ဆိုတာက အနုပညာအလုပ်တွေ လုပ်တာသူ့အတွက် စိမ်းနေတာမို့ သျှားတို့က အမုန်းတရားနဲ့ လမ်းခွဲခဲ့တာ မဟုတ်ပါဘူး။ ငယ်သူငယ်ချင်းလည်း ဖြစ်တော့ ခုချိန်မှာ သူပြန်လာပြီးတော့ ပြန်လည်ဆက် သွယ်ပြီးတော့ တွဲခဲ့ကြတယ်။ နားလည်ပြီးတော့ သျှားကိုသူ့ဘက် ပြန်ဆက်သွယ်လာတယ်”လို့ဆိုပါတယ်။   သူ့မကတော့ လက်ရှိမှာ Miss ဖြစ်ချင်တဲ့ အမျိုးသမီးတွေအတွက် မိတ်ကပ်လိမ်းနည်း ၊ ပြိုင်ပွဲဝင် ရှိုးလျှောက် နည်း တွေ၊ အပြောအဆိုပိုင်းကအစ သင်ကြားပေးနေလျှက်ရှိတယ်လို့ သိရပါတယ်။   ပြန်လည်လက်တွဲဖြစ်တာနဲ့ ပတ်သက်ပြီးတော့ …

Read More

၂၄ နာရီအတွင်းမွေးကင်းစ ကလေး ၁၁ ဦးသေလို့ တူနီးရှားကျန်းမာရေးဝန်ကြီး ရားထူးမှ နှုတ်ထွက်

တူနစ်၊ မတ်-၁၀ -၂၀၁၉ မျိုးဆက် (VOM)   တူနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ ဆေးရုံတစ်ရုံမှာ ၂၄ နာရီအတွင်း မွေးကင်းစကလေးငယ် ၁၁ ဦးသေဆုံးသွားတဲ့အတွက် တူနီးရှား ကျန်းမာရေးဝန်ကြီး အက်ဒါရော့ရှရစ်ဟာ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။   ဝန်ကြီးဟာ ရာထူးခန့်အပ်ခံရပြီး လေးလမျှအကြာ မတ်၇ရက်နဲ့ ၈ရက်နေ့တွေမှာ မွေးကင်းစကလေးငယ်တွေ ရုတ်တရက်ရောဂါဝင်ပြီး မတော်တဆသေဆုံးခဲ့တဲ့အတွက် ရာထူးကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။   ဒီလိုသေဆုံးရတာဟာ သွေးကနေတစ်ဆင့် ရောဂါကူးစက်တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် တူနီးရှားကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရှေ့နေတွေက ပြောပါတယ်။   တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီအသွင်းကူးပြောင်းခဲ့ပေမယ့် နိုင်ငံမှာစီးပွားရေးအကြပ်အတည်းတွေဖြစ်ပေါ်ခဲ့လို့ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဘန်အလီကို ဖြုတ်ချပြီးနောက်ပိုင်း အစိုးရဌာနတွေရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတာတွေကို ပြည်သူတွေက မကြေမနပ်ဖြစ်နေကြပါတယ်။   နိုင်ငံပိုင်အစိုးရ ဆေးဘက်ဆိုင်ရာဌာန၊ ဆေးကောင်တာနဲ့ ကျန်းမာသန့်ရှင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့…

Read More

မန္တလေးသင်္ကြန် ဒီနှစ် ဘာတွေထူးမလဲ

မန္တလေး မတ် ၁၀ – ၂၀၁၉ နေလင်း+သွေးသစ် (VOM) မန္တလေးက စခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ဆိုတဲ့ ယဉ်ကျေးမှုဟာ နိုင်ငံနဲ့အဝှမ်း ခေတ်စားခဲ့ပါတယ်။ အဲဒီနောက် တောသင်္ကြန်ဆိုပြီး လုပ်ခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့  တိုင်းရင်းသားသွေးချင်းများရဲ့စုပေါင်းသင်္ကြန်ဆိုတာ စီစဉ်နေပါတယ်။  ဒီနှစ် မန္တလေးသင်္ကြန်မှာ ဘယ်လိုတွေစည်ကားအောင်လုပ်မလဲဆိုတာ မန္တလေးစည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်ကို ဗီအိုအမ်ဝိုင်းတော်သား ကိုနေလင်းက တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။   ရိုက်ကူး သွေးသစ်   #voiceofmyanmar #သင်္ကြန် #မန္တလေးသင်္ကြန် #လမ်းလျှောက်သင်္ကြန်  

Read More

အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးဆိုတဲ့ ဇဏ်ခီ

ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့  ဇဏ်ခီကတော့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးလို့ ဆိုပါတယ်။ “ကျွန်တော်က အကယ်ဒမီ ပတ်သက်ပြီး ရင်ခုန်မှုကတော့ ဘာမှမမျှော်လင့်ထားပါဘူး။ ကျွန်တော်ရဲ့ ရိုးသားတဲ့ ၀န်ခံချက်ပါ။ လုံးဝ မမျှော်လင့်ထားပါဘူး။ ထိုက်တန်တဲ့ သူတွေဆုရကြပါစေလို့တော့ ဆုတောင်းချင်ပါတယ်”လို့ ဆိုပါတယ်။   သူ့ကတော့ လက်ရှိမှာ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးနေတဲ့ Now & Ever ရုပ်ရှင်ကားကို ပိုင်ဖြိုးသု နဲ့အတူ ရိုက်ကူးနေသလို Milky နို့ဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမဇကာတင် ၂၅ ကား စာရင်းမှာတော့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ပါဝင်တာနဲ့ ပတ်သက်ပြီးတော့   “ကျွန်တော်တို့…

Read More

သင်္ကြန်ကာလ ခရီးသည် စီးနင်းမှုအများဆုံးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးစဉ်အတွက်  အထူးရထားနှစ်စင်းပြေးဆွဲမည်

ရန်ကုန် ၊ မတ် ၁၀ -၂၀၁၈ TGH (VOM) သင်္ကြန်ကာလအတွင်း ခရီးသည်စီးနင်းမှုအများဆုံးဖြစ်တဲ့  ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတွက် အထူးရထားပြေးဆွဲသွားမယ်လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး )မှ သိရပါတယ်။ နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ရန်ကုန်မြို့ကနေ နယ်ပြန်သူ ၊ ခရီးသွားသူတွေ အများအပြားရှိတာကြောင့် ပုံမှန်ပြေးဆွဲနေကြ ရထားတွဲဆိုင်းနှုန်းနဲ့ အဆင်ပြေ လုံလောက်မှုမရှိသဖြင့် မကြာမီ ရောက်ရှိတော့မယ် သင်္ကြန်ကာလမှာ  နေရပ်ပြန်သူတွေနဲ့ အပန်းဖြေခရီးသွားသူတွေ ခရီးစဉ်အဆင်ပြေစေဖို့အတွက် သင်္ကြန်အထူးရထား ၁ ၊ ၂ ဆိုပြီး အထူးရထား ၂ စင်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “မကြာခင်ကျောင်းတွေလည်းပိတ်တော့မယ်။ ကျောင်းပိတ်ရင် ခရီးသွားတာရှိသလို ရန်ကုန်ကို နယ်ကနေ အလုပ်လာလုပ်ကြတဲ့ သူတွေကလည်း ဒီရက်ဆို သူတို့နေရပ်အသီးသီးကို ပြန်ကြတယ်။ အဲ့ဒီအခါ ကားလက်မှတ်ခက်ခဲသလို ရထားလက်မှတ်ကလည်း မရကြဘူး ၊ ဒါကြောင့် အထူးရထားပြေးဆွဲပေးမှာဖြစ်ပါတယ် ၊ခရီးသွားတွေ အများဆုံးစီးနင်းမှုရှိတဲ့ လမ်းကြောင်းကို…

Read More

ယိုးတရုတ်​ရဲစခန်းစီးနင်းခံရ ၉ဦးကျ

ပုဏ္ဏားကျွန်း၊ မတ်​ ၁၀-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​ ပုဏ္ဏားကျွန်းမြို့နယ်​ ယိုးတရုတ်​ကျေးရွာ ရဲစခန်းကို မတ်လ၉ ရက်ည ၁၁ နာရီလောက်​က AA တပ်​ဖွဲ့ရဲ့ စီးနင်းတိုက်​ခိုက်​မှုကို ခံလိုက်​ရတာဖြစ်​ပါတယ်​။   အဲ့ဒီစီးနင်းခံရမှုကြောင့်​ ယိုးတရုတ်​စခန်းနဲ့ အနီးဝန်းကျင်​စခန်းတွေမှာ တာဝန်​ကျနေတဲ့ ရဲတပ်​ဖွဲ့ဝင်​ ၉ ဦးကျဆုံးခဲ့ပြီးတော့ စခန်းမှူးနဲ့ တပ်​ဖွဲ့ဝင်​တစ်​ဦးသာ လွတ်​မြောက်​ခဲ့တယ်​လို့ ကျေးရွာသားတွေက ပြောပါတယ်​။   “မနေ့ကည ၁၁ နာရီလောက်​မှာ စဖြစ်​တာပါ။ ပစ်​ခတ်​သံတွေကို အဲ့ဒီမှာ စပြီးကြားရတာပေါ့။ စခန်းမှူးနဲ့နောက်​တစ်​ယောက်​လွတ်​ကျန်​ခဲ့တယ်​ ၉ ယောက်​သေတယ်​။”လို့ ကျေးရွာသားတစ်​ဦးကပြောပါတယ်​။   လက်​ရှိမှာတော့ အဲ့ဒီစခန်းမှာကျဆုံးသွားတဲ့ရဲတပ်​ဖွဲ့ဝင်​တွေရဲ့အလောင်းတွေကို လာရောက်​စစ်​ဆေး ရှင်းလင်းတာတွေမလုပ်​ရသေးဘူးလို့ပြောပါတယ်​။   “အလောင်းတွေကတော့ စခန်းရှေ့မှာပဲ ဒီတိုင်းတွေ့နေရပါတယ်​။ တာဝန်​ရှိသူတွေ မရောက်​ကြသေးဘူးလို့ပြောတယ်​။”လို့ အဲ့ဒီရွာသားကဆိုပါတယ်​။   ဒါ့အပြင်​ ပြီးခဲ့တဲ့ ရက်​ပိုင်းအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်​ ပန်းနီလာကျေးရွာနားမှာ…

Read More
VOM News

FREE
VIEW