ယိုးတရုတ်​ရဲစခန်းစီးနင်းခံရ ၉ဦးကျ

ပုဏ္ဏားကျွန်း၊ မတ်​ ၁၀-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​ ပုဏ္ဏားကျွန်းမြို့နယ်​ ယိုးတရုတ်​ကျေးရွာ ရဲစခန်းကို မတ်လ၉ ရက်ည ၁၁ နာရီလောက်​က AA တပ်​ဖွဲ့ရဲ့ စီးနင်းတိုက်​ခိုက်​မှုကို ခံလိုက်​ရတာဖြစ်​ပါတယ်​။

 

အဲ့ဒီစီးနင်းခံရမှုကြောင့်​ ယိုးတရုတ်​စခန်းနဲ့ အနီးဝန်းကျင်​စခန်းတွေမှာ တာဝန်​ကျနေတဲ့ ရဲတပ်​ဖွဲ့ဝင်​ ၉ ဦးကျဆုံးခဲ့ပြီးတော့ စခန်းမှူးနဲ့ တပ်​ဖွဲ့ဝင်​တစ်​ဦးသာ လွတ်​မြောက်​ခဲ့တယ်​လို့ ကျေးရွာသားတွေက ပြောပါတယ်​။

 

“မနေ့ကည ၁၁ နာရီလောက်​မှာ စဖြစ်​တာပါ။ ပစ်​ခတ်​သံတွေကို အဲ့ဒီမှာ စပြီးကြားရတာပေါ့။ စခန်းမှူးနဲ့နောက်​တစ်​ယောက်​လွတ်​ကျန်​ခဲ့တယ်​ ၉ ယောက်​သေတယ်​။”လို့ ကျေးရွာသားတစ်​ဦးကပြောပါတယ်​။

 

လက်​ရှိမှာတော့ အဲ့ဒီစခန်းမှာကျဆုံးသွားတဲ့ရဲတပ်​ဖွဲ့ဝင်​တွေရဲ့အလောင်းတွေကို လာရောက်​စစ်​ဆေး ရှင်းလင်းတာတွေမလုပ်​ရသေးဘူးလို့ပြောပါတယ်​။

 

“အလောင်းတွေကတော့ စခန်းရှေ့မှာပဲ ဒီတိုင်းတွေ့နေရပါတယ်​။ တာဝန်​ရှိသူတွေ မရောက်​ကြသေးဘူးလို့ပြောတယ်​။”လို့ အဲ့ဒီရွာသားကဆိုပါတယ်​။

 

ဒါ့အပြင်​ ပြီးခဲ့တဲ့ ရက်​ပိုင်းအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်​ ပန်းနီလာကျေးရွာနားမှာ ရဲတပ်​ဖွဲ့ကားတန်းကို တိုက်​ခိုက်​ခံလိုက်​ရတဲ့အတွက်​ ရဲတပ်​ဖွဲ့ဝင်​ ၂ ဦးကျဆုံးခဲ့တာဖြစ်​ပါတယ်​။ ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်နဲ့တိုက်ပွဲစဖြစ်ကတည်းက ရဲကင်းစခန်းတွေဟာ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပါတယ်။

 

#voiceofmyanmar #ပုဏ္ဏားကျွန်း #ယိုးတရုတ် #ရဲစခန်း #AA

 

Related posts

Leave a Comment

VOM News

FREE
VIEW