၂၄ နာရီအတွင်းမွေးကင်းစ ကလေး ၁၁ ဦးသေလို့ တူနီးရှားကျန်းမာရေးဝန်ကြီး ရားထူးမှ နှုတ်ထွက်

တူနစ်၊ မတ်-၁၀ -၂၀၁၉

မျိုးဆက် (VOM)

 

တူနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ ဆေးရုံတစ်ရုံမှာ ၂၄ နာရီအတွင်း မွေးကင်းစကလေးငယ် ၁၁ ဦးသေဆုံးသွားတဲ့အတွက် တူနီးရှား ကျန်းမာရေးဝန်ကြီး အက်ဒါရော့ရှရစ်ဟာ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

 

ဝန်ကြီးဟာ ရာထူးခန့်အပ်ခံရပြီး လေးလမျှအကြာ မတ်၇ရက်နဲ့ ၈ရက်နေ့တွေမှာ မွေးကင်းစကလေးငယ်တွေ ရုတ်တရက်ရောဂါဝင်ပြီး မတော်တဆသေဆုံးခဲ့တဲ့အတွက် ရာထူးကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။

 

ဒီလိုသေဆုံးရတာဟာ သွေးကနေတစ်ဆင့် ရောဂါကူးစက်တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် တူနီးရှားကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရှေ့နေတွေက ပြောပါတယ်။

 

တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီအသွင်းကူးပြောင်းခဲ့ပေမယ့် နိုင်ငံမှာစီးပွားရေးအကြပ်အတည်းတွေဖြစ်ပေါ်ခဲ့လို့ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဘန်အလီကို ဖြုတ်ချပြီးနောက်ပိုင်း အစိုးရဌာနတွေရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတာတွေကို ပြည်သူတွေက မကြေမနပ်ဖြစ်နေကြပါတယ်။

 

နိုင်ငံပိုင်အစိုးရ ဆေးဘက်ဆိုင်ရာဌာန၊ ဆေးကောင်တာနဲ့ ကျန်းမာသန့်ရှင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တူနီးရှားဝန်ကြီးချုပ် ယူဆက်ချာဟတ်က ပြောပါတယ်။

 

Ref : Reuter/BBC Photo: Getty Images

 

#voiceofmyanmar #တူနီးရှား #ကျမ္မာရေးဝန်ကြီးနုတ်ထွက်

 

Related posts

Leave a Comment

VOM News

FREE
VIEW