တနင်္သာရီ ၀န်ကြီးချုပ်ဟောင်း ကိစ္စကို သေသေချာချာ ကိုင်တွယ်သွားမယ်

မတ် ၁၂-၂၀၁၉

ကိုထွန်း(နေပြည်တော်)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီကနေ တနင်္သာရီ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအ၀င်လေးဦးကိစ္စကို ဖိဖိစီးစီး ကိုင်တွယ်သွားမယ်လို့ သမ္မတရုံး ပြန်ကြာရေး ဦးဇော်ဌေးကပြောပါတယ်။

တစ်လကျော်အကြာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ တနင်္သာရီ ၀န်ကြီးချုပ်ကို အဂတိလိုက်စားတယ်လို့ ပေါ်ပေါက်တဲ့အတွက် မတ်လ (၁၀)ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

 

“လက်ရှိကတော့ ထိန်းသိမ်းထားတယ်။ သူ့ကိုတော့ ဥပဒေနဲ့အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက ထုတ်ပြန်ထားတဲ့အတိုင်း အဲ့အတိုင်းပဲ ထိန်းသိမ်းပြီးစစ်ဆေးတာတွေ လုပ်မှာပါ။ ဟိုဘက်မှာလည်း FDA ညွှန်ချုပ် စစ်ဆေးသလို ပဲ ဒီအတိုင်းပဲစစ်ဆေးမှာဖြစ်ပါတယ်။အဂတိလိုက်စားမှုကတော့ ပြောထားပြီးသားပေါ့။မူလကတည်းကလည်းပြောထားတယ်။ ပြောထားတာကဘာလဲဆိုတော့ လုံးဝခွင့်မလွှတ်ဘူးပြောထားတယ်။ လူကြီးတော်တော်များများကလည်းပြောပါတယ်။ သမ္မတကြီးခရီးစဉ် ၊အတိုင်ပင်ခံခရီးစဉ် နောက်နိုင်ငံရေးဆိုင်ရာ မိန့်ခွန်းတွေမှာလည်း ပြောပါတယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

လက်ရှိအချိန်မှာ တနင်္သာရီ ၀န်ကြီးချုပ်နေရာကို ခေတ္တ၀န်ကြီးချုပ်အဖြစ်  သံယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်ကို ပူးတွဲတာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။

 

“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုကော်မရှင်ကို စပြီးတော့ဖွဲ့စည်းတယ်။ဥပဒေတွေပြဌာန်းတယ်။ ဒီဘက်အစိုးရမှာတော့ အထူးသဖြင့် ဦးအောင်ကြည်တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ တော်တော်လေးဖိဖိစီးစီးလုပ်တယ်။ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ကိုလည်း လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့ အညီ လွတ်လွတ်လပ်လပ်ပေးထားပြီးဖြစ်တယ်။ကျန်တဲ့ ကြားထဲက ဟာတွေကိုလည်း ကျွန်တော်တို့ သတင်းတွေ ထုတ်ထားပါတယ်။ဆိုလိုတာက ဒါကိုတော့ ဖိဖိစီးစီးကိုင်တွယ်သွားမယ်။ဒါနဲ့ ပတ်သက်လို့ သီးခံခွင့်လွှတ်တဲ့ မူဝါဒမရှိဘူးဆိုတာလည်းပြောကြားထားပြီးဖြစ်ပါတယ်။ အဲ့အတိုင်းလည်း ကျွန်တော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

တနင်္သရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ဗဟိုမဏ္ဍပ်တည်ဆောက်ရေးကိစ္စ ထားဝယ်လေယာဉ်ကွင်း ရှင်းလင်းရေးကိစ္စတေအပါအ၀င် အိမ် အရောင်းအ၀ယ်ကိစ္စတွေမှာပါ အဂတိလိုက်စားတယ်လို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #တနင်္သာရီဝန်ကြီးချုပ် #ဒေါက်တာလဲ့လဲ့မော် #အဂတိတိုက်ဖျက်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW