PUBG ဂိမ်းကစားသူတွေကို အိန္ဒိယနိုင်ငံမှာ ဖမ်းနေပြီ

ဒေလီ ၊ မတ် ၁၆-၂၀၁၉

မျိုးဆက် (VOM)

ကလေးငယ်တွေအတွက် စွဲလမ်းပြီး အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်တာကြောင့် အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မကစားဖို့ ပိတ်ပင်ထားပါတယ်။အဲ့ဒီလိုတားမြစ်ထားတဲ့ PUBG ဂိမ်းကိုကစားကစားတဲ့အတွက် အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အကြားရှိ လူ ၁၆ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီလိုဂိမ်းဆော့လို့အဖမ်းခံခဲ့ရတဲ့လူငယ်တွေထဲက အချို့ဟာ အွန်လိုင်းမှာ ဂိမ်းကစားသူအချင်းချင်း ချိတ်ဆက်ကစားရတဲ့ PUBG ဂိမ်းကိုကစားနေချိန်မှာ ရဲတွေချဉ်းကပ်လာတာကိုတောင် သတိမထားမိကြဘူးလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သူတို့ကို PUBG ဂိမ်းကစားနေတာကိုတွေ့ရှိပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ Rajkot မြို့ ရဲဌာနချုပ်အနီးမှာ ဂိမ်းကစားနေတဲ့ လူငယ်သုံးဦးကို ဖမ်းဆီးပြီးနောက်မှာ  စစ်ဆေးရေးအရာရှိ ရိုဟစ်ရာဗယ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ PUBG ဂိမ်းကစားတာကို လုံးဝပိတ်ပင်လိုက်တဲ့ အမိန့်စတင်ခဲ့ပြီး မိဘတွေနဲ့ ဆရာတွေကလည်း ဒီဂိမ်းနဲ့ပတ်သက်ပြီး အများအပြားတိုင်ကြားမှုတွေကြောင့် ပြီးခဲ့တဲ့လကစလို့ အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံးက  မြို့အများအပြားမှာ PUBG ဂိမ်းကစားတာကို တာမြစ်ခဲ့ပါတယ်။

အခုဖမ်းဆီးလိုက်သူတွေဆီကနေ မိုဘိုင်းဖုန်းတွေကိုလည်း စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့အတွက် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့  သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ အဆိုပါ PUBG ဂိမ်းကို ကစားဖို့လိုအပ်တယ်ဆိုရင် တားမြစ်ပိတ်ပင်ထားတာကနေ ချွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ရှိတယ်လို့ Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။ Ref : RT

#voiceofmyanmar #PUBG  #ဂိမ်းကစား #နိုင်ငံတကာသတင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW