မတ် ၁၆-၂၀၁၉ သွေးသစ်(VOM) “စမတ်စီးတီး ဘာလဲ၊ဘယ်” လဲခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ မြစန္ဒာလမ်းပေါ်ရှိ မန္တလေးသတင်းစာ ပညာသင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ “သတင်းထောက်တွေအနေနနဲ့ ဒီဟာကို ပိုသိလာတဲ့အခါ သူတို့ကတဆင့် တခြားလူတွေပါသိလာစေဖို့ ရည်ရွယ်လုပ်ဆောင်တာပါ။”ဟု ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက ဦးကျော်ဆန်းမြင့် ကပြောပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ စမတ်စီးတီးဖော်ဆောင်နေမှုတွေဖြစ်တဲ့ လမ်းတည်ဆောက်မှုအပိုင်း အခြေခံအဆောက်အဦးတွေပိုင်းတွေနဲ့ မြို့ပြလိုအပ်ချက်တွေကို ပြောဆိုဆွေးနွေးခဲ့ ကြတာလည်း ဖြစ်ပါတယ်။#voiceofmyanmar #smartcity #မြို့ပြတည်ဆောက်ရေး #မန္တလေး
Read MoreMonth: March 2019
မြောက်ဦးမြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ ရပ်ကွက်အတွင်း လက်နက်ကြီးတွေကျရောက်ပြီး တစ်ဦးကျည်ထိ
မြောက်ဦး၊ မတ် ၁၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်းမှာ မနေ့ည ၁၀ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ထမ္မရာဇ်၊ ကျောက်ရာဇ်ကေ၊ ကြက်ဈေးရပ်ကဃက်တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် “မနေ့က ၁၀ နာရီလောက်မှာ သေနတ်ပစ်သံတွေကြားလိုက်ရတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ စပစ်ပစ်ချင်းပဲ အိမ်ခေါင်မိုးပေါ်မှာ ကျတယ်။ အမေအိပ်နေတာ တင်ပါးဆုံကို ထိသွားတယ်။ တစ်ညလုံးဆေးရုံလည်းမသွားရဲဘူး။ ဒီမနက်မှ ဆေးရုံပို့လိုက်ရတယ်။”လို့ ကျည်ထိဒဏ်ရာရရှိခဲ့တဲ့ ကျောက်ရာဇ်ကေ ရပ်ကွက်က ဒေါ်ခင်ခင်သိန်းရဲ့သမီးဖြစ်သူကပြောပါတယ်။ ဒါ့အပြင် ထမ္မရာဇ်ရပ်ကွက်အတွင်းက လူနေအိမ်တစ်အိမ်ရှေ့မှာကျရောက်တဲ့ လက်နက်ကြီးကျည်းတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ “ပစ်တာကိုကြားရတာနဲ့ အသံကျယ်ကြီးတွေထွက်လာတယ်။ ကျွန်မကမအိပ်သေးဘူး။။ အိမ်အောက်မှာ ဓနိထိုးနေတာ။ ပစ်ခတ်လိုက်တဲ့မီးခဲကြီလို လာတာကိုတွေတယ်။ ထိန်ထိန်လင်းနေတာပဲ။ အိမ်ခေါ်င်မိုးပေါ်က ကျော်ပြီးတော့ ခြံစည်းရိုးနားမှာကျတယ်။ မကွဲသေးဘူး။ သေသွားနိုင်တယ်”လို့ ဒေါ်လဲ့လဲ့ဝင်းက…
Read Moreမြောက်ဦးမြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ ရပ်ကွက်အတွင်း လက်နက်ကြီးတွေကျရောက်ပြီး တစ်ဦးကျည်ထိ
မြောက်ဦး၊ မတ် ၁၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်းမှာ မနေ့ည ၁၀ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ထမ္မရာဇ်၊ ကျောက်ရာဇ်ကေ၊ ကြက်ဈေးရပ်ကဃက် တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ ” မနေ့က ၁၀ နာရီလောက်မှာ သေနတ်ပစ်သံတွေကြားလိုက်ရတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ စပစ်ပစ်ချင်းပဲ အိမ်ခေါင်မိုးပေါ်မှာ ကျတယ်။ အမေအိပ်နေတာ တင်ပါးဆုံကို ထိသွားတယ်။ တစ်ညလုံးဆေးရုံလည်းမသွားရဲဘူး။ ဒီမနက်မှ ဆေးရုံပို့လိုက်ရတယ်။”လို့ ကျည်ထိဒဏ်ရာရရှိခဲ့တဲ့ ကျောက်ရာဇ်ကေ ရပ်ကွက်က ဒေါ်ခင်ခင်သိန်းရဲ့ သမီးကပြောပါတယ်။ ဒါ့အပြင် ထမ္မရာဇ်ရပ်ကွက်အတွင်းက လူနေအိမ်တစ်အိမ်ရှေ့မှာကျရောက်တဲ့ လက်နက်ကြီးကျည်းတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ “ပစ်တာကိုကြားရတာနဲ့ အသံကျယ်ကြီးတွေထွက်လာတယ်။ ကျွန်မကမအိပ်သေးဘူး။ အိမ်အောက်မှာ ဓနိထိုးနေတာ။ ပစ်ခတ်လိုက်တဲ့မီးခဲကြီးလို လာတာကိုတွေတယ်။ ထိန်ထိန်လင်းနေတာပဲ။ အိမ်ခေါ်င်မိုးပေါ်က ကျော်ပြီးတော့ ခြံစည်းရိုးနားမှာကျတယ်။…
Read Moreပင်စင်လစာတွေကို wave money နဲ့ထုတ်ယူနိုင်မယ့်စနစ်ထက် ဘဏ်အကောင့်ထဲပုံမှန်သွင်းပေးဖို့ လိုလား
ရန်ကုန်၊ မတ် ၁၅ TGH (VOM) ပင်စင်လစာကို သုံးလတစ်ကြိမ် ဒါမှမဟုတ် ခြောက်လတစ်ကြိမ် လူတွေ့စစ်ဆေးခံပြီးမှ Wave Money ကနေထုတ်ယူနိုင်မယ့် ၀န်ဆောင်မှုထက် ဘဏ်အကောင့်တစ်ခုဖွင့်လှစ်ပြီး ပုံမှန်ပေးချေတဲ့ စနစ်ကသာ အငြိမ်းစားတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ ပင်စင် အငြိမ်းစားဝန်ထမ်းတွေကပြောပါတယ်။ လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံဝန်ထမ်းအငြိမ်းစားယူထားသူတွေကို ဘဏ်မှာလာ ရောက်ထုတ်ယူတဲ့စနစ်အပြင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave money ကနေလည်း ပင်စင်လစာထုတ်ယူနိုင်မယ့် စနစ်လုပ်နေတဲ့အပေါ် အခုလိုဝေဖန်အကြံပြုပြော ဆိုခဲ့တာဖြစ်ပါတယ်။ “wavemoneyနဲ့ ငွေထုတ်လို့ရတာသိတယ်။ဘဏ်မှာထုတ်တာက ပိုစိတ်ချရတယ်လို့ ခံယူတယ်။ဒါကြောင့်ဘဏ်မှာထုတ်တယ်။အချိန်တော့ပေးရတယ်။တန်းစီရတာရှိတယ်။နည်းနည်းတော့အလုပ်ရှုပ်တာပေါ့။တကယ်လို့သာ စီးပွားရေးဘဏ်အနေနဲ့ ပင်စင်စား တွေကို ဘဏ်အကောင့်ဖွင့်ပြီးလစဉ် အဲ့ထဲကိုပုံမှန်လွှဲပေးနေမယ်ဆိုရင် အရမ်းကိုအဆင်ပြေတာပေါ့။ လကုန်ပြီးမှလည်းထုတ်ချင်ထုတ်မယ် ၊ လိုမှလည်းထုတ်ချင်ထုတ်မယ်။အဲဒီလိုစနစ်ကို လုပ်ပေးဖို့တောင်းဆိုချင်တယ် ။”လို့ တပ်ကြပ်ကြီးစာရေး ရာထူးနဲ့ လုပ်သက်ပင်စင်ရယူထားတဲ အငြိမ်းစား ဦးခင်ဝင်းက ပြောပါတယ်။ …
Read Moreအကယ်ဒမီပေးပွဲပြီးရင် အတင်းတုပ်ခံရဦးမယ်ဆိုတဲ့ ဒါရိုက်တာညီညီထွန်းလွင်
ရန်ကုန် မတ် ၁၅- ၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်န်ဆုပေးပွဲမှာ အကဲဖြတ် တစ်ဦးအဖြစ်ပါဝင်တဲ့ ဒါရိုက်တာညီညီထွန်းလွင်ကတော့ အကယ်ဒမီပေးပွဲပြီးရင် အတင်းတုပ်ခံရဦးမယ်လို့ဆိုပါတယ်။ ”အကယ်ဒမီကတော့ ပွဲပြီးသွားရင်တော့ အတင်းတော့ အတုပ်ခံရမှာပါပဲ။ဘာလို့လည်းဆိုတော့ ရတယ်သူက ကျေနပ်မှာပေါ့။ မရတဲ့သူကလည်း ကျေနပ်မှာမဟုတ်ဘူးပေါ့။ အကြိုက်ခြင်းတွေကလည်း မတူနိုင်ဘူးလေ။ ဒါ ပေမယ့် အကဲဖြတ်တွေကလည်း လူ ၄၀ ကျော် ၅၀ လောက်နဲ့ ၀ိုင်းအကဲဖြတ်ကြပါတယ်။ အကြိုက်ခြင်းတွေလည်း မတူကြဘူး။ သတင်း သဲ့သဲ့ကြားတာတချို့က ဦးညီနဲ့ အကြိုက်ခြင်း မတူဘူးပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ လူ ၄၀၊၅၀ ကြည့်တာဆိုတော့ ကိုယ့်အကြိုက်နဲ့ တူခြင်းမှ တူမှာပေါ့။ ထုံးစံအတိုင်း အကယ်ဒမီ ပေးပွဲပြီးရင် ဆူသံ ဆဲသံတွေတော့ ပေါ်ဦးမယ်ထင်ပါတယ်”လို့ဆိုပါတယ်။ သူကတော့ အကယ်ဒမီ ဇကာတင် စာရင်းဝင် ”…
Read Moreနယူးဇီလန်နိုင်ငံ ဗလီနှစ်ခု ပစ်ခတ်တိုက်ခိုက်ခံရလို့ လူ ၄၀ သေဆုံး ခရစ်ချပ်ခ်ျ၊
မတ်၁၅-၂၀၁၉ မျိုးဆက် (VOM) နယူးဇီလန်နိုင်ငံနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခရစ်ချပ်ခ်ျမြို့ရှိ ဗလီနှစ်ခုမှာ ပစ်ခတ်မှု တွေဖြစ်ပွားခဲ့တာကြောင့် လူ ၄၀ ဦးသေဆုံးပြီး ၂၀ ကျော်အပြင်းအထန်ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒရန်က ပြောဆိုလိုက်ပြီး နိုင်ငံကံဆိုးမိုးမှောင်ကျတဲ့နေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး သံသယရှိသူအရေအတွက် ဒီထက်ပိုလာနိုင်တယ်လို့ ရဲမင်းကြီး မိုက်ဘုရှ်က ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက တစ်ဦးထဲမှာ သြစတြေးလျနိုင်ငံသားတစ်ဦးပါဝင်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောဆိုပြီး တိုက်ခိုက်မှုဟာ အစွန်းရောက်လက်ယာယိမ်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် သံသယရှိတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ဗလီနှစ်ခုထဲက အယ်လ်နော ဗလီအတွင်းမှာတော့ အသက်ဘေးကလွတ်အောင် လူတွေထွက်ပြေးနေခဲ့ကြပြီး အချို့ကတော့ ကြမ်းပြင်ပေါ်မှာ သွေးသံရဲရဲနဲ့တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။ ဒုတိယတိုက်ခိုက်ခံရတာကတော့ မြို့ဆင်ခြေဖုံးမှာရှိတဲ့ လင်ဝုဒ်ဗလီဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုပစ်ခတ်နေတာကို သနတ်သမားတစ်ဦးက အွန်လိုင်းမှာ…
Read Moreအမေရိကန်နဲ့ ဆွေးနွေးပွဲတွေရပ်ပြီး နျူကလီးယားဒုံးပျံတွေပြန်စမ်းသပ်ဖို့ မြောက်ကိုရီးယား စဉ်းစားနေ
ဆိုးလ်၊ မတ် ၁၅-၂၀၁၉ မျိုးဆက်(VOM) မြောက်ကိုရီးယာနိုင်ငံဟာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေကို ရပ်ဆိုင်းဖို့ စဉ်းစားနေသလို နျူကလီယားဒုံးပျံစမ်းသပ်တာတွေ ရပ်ဆိုင်းထားတာကိုလည်း ကင်ဂျုံအန်က ပြန်လည်သုံးသပ် သွားဖွယ်ရှိတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဝေက မတ် ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ နျူကလီးယားအရေး ညှိနှိုင်းဆွေးနွေးမှုတွေမှာ အမေရိကန်ရဲ့ တောင်းဆိုချက် ဒါမှမဟုတ် ထိတွေ့ဆက်ဆံမှုတွေကို လိုက်လျောဖို့ မြောက်ကိုရီးယားက ရည်ရွယ်မထားဘူးလို့ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ သူ ကပြောပါတယ်။ လွန်ခဲ့တဲ့လက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကို တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိမ့်မယ်လို့ ချိုဆန်ဝေက ပြောပါတယ်။ မြောက်ကိုရီးယားက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးတိုက်တွန်းခဲ့ပြီး အမေရိကန်က နျူကလီးယားစွန့်လွှတ်ရေးတောင်းဆိုချက်တွေ အကြား အကြပ်အတည်းတွေဖြစ်ပေါ်ခဲ့ပြီး…
Read Moreဘုရားကိုလာရင် ဘုရားလာနဲ့ပုံစံမျိုးသာဝတ်ဆင်ကြဖို့  ဂေါပကအဖွဲ့ကပြော
ရန်ကုန် ၊မတ် ၁၄-၂၀၁၉ TGH ရွှေတိဂုံဘုရားကိုလာရောက်မယ့်သူတွေအနေနဲ့ ဘုရားကိုလာရင် ဘုရားလာနဲ့ပုံစံမျိုးသာဝတ်ဆင်ပြီး အတို အပြတ် အဟိုက် ပေါင်ပြဲ စတဲ့ အမြင်မသင့်တော်တဲ့ အ၀တ်အစားတွေ ဝတ်မလာဖို့ ရွေတိဂုံဘုရားဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတစ်ချို့ဟာ အမြင်မသင့်တော်တဲ့အပြင် အဂါရဝဖြစ်စေတဲ့ စကတ်အတို ၊ ဘောင်းဘီတို၊ပေါင်အပြဲ ၊လည်ပင်းအဟိုက် ၊ချိုင်းပြတ်အပြဲ စတာတွေကိုဝတ်ဆင်ပြီး ဘုရားကိုလာရောက်မှုရှိနေသေးတဲ့အတွက် ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုလာရောက်တဲ့အခါ ဂေါပကအဖွဲ့အနေနဲ့ လုံချည် ဒါမှမဟုတ် ပုဆိုး စတာတွေကို အပေါ်ကနေ လုံခြံအောင်ထပ်ဝတ်ဖို့ အခမဲ့ဝန်ဆောင်ပေးပေမယ့်လည်း နိုင်ငံခြားခရီးသွား တချို့က တော့ အဝတ်လဲခိုင်းတာနဲ့ပတ်သက်ပြီး မကျေနပ်တာ ၊ငြင်းဆန်တာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘုရားရင်ပြင်ပေါ်ရောက်တဲ့အခါမှာ သူတို့ ဝတ်ဆင်စေခဲ့တဲ့ အဝတ်အစားတွေကို ချွတ်ပစ်တဲ့ကိစ္စမျိုးရှိနေသလို ပြည်တွင်းဘုရားဖူးတွေအနေနဲ့လည်း လုံချည်၊ပုဆိုးတွေကို ပြန်မအပ်ပဲ ယူဆောင်သွားတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ” ကျွန်တော်တို့လဲ…
Read Moreလက်ရှိ ပစ္စုပ္ပန်အခြေအနေကိုသိရှိလိုတဲ့အတွက် လူထုတွေ့ဆုံပွဲလုပ်ရတာလို့  နိုင်ငံတော်အတိုင်ပင်ခံဟြေ
မတ်လ ၁၄ -၂၀၁၉ လမင်း (VOM) ပြည်သူလူထုနဲ့ အတူတွေ့ဆုံပွဲတွေ ပြုလုပ်နေရတာဟာ လက်ရှိပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ် သိရှိလိုတဲ့အတွက်ဖြစ်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်နေ့မနက် က ပြည်မြို့မှာ ကျင်းပပြုလုပ်တဲ့ လူထု့တွေ့ဆုံပွဲမှာ ဟြေကြားခဲ့တာဖြစ်ပါတယ် ။ “ကျွန်မတို့ကနေပြီးတော့ ဒီလိုမျိုး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေလုပ် တယ်ဆိုတာက ပစ္စုပ္ပန်အခြေအနေတွေကို သုံးသပ်ချင်လို့။ ပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မှ အနာဂတ်အတွက် မှန်မှန် ကန်ကန်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ ဒါ့အပြင် ပြည်သူလူထုက မေးမြန်းတဲ့ မေးခွန်းတွေက နိုင်ငံ့အကျိုးကို ဦးတည်တဲ့ မေးခွန်းများဖြစ်ဖို့ လိုအပ်တယ်လို့လည်း သတိပေးဟြေကြားခဲ့ပြီး တယောက်ယောက် ၊ အဖွဲ့အစည်း ၊ အစိုးရ တို့ကို တိုက်ခိုက်လိုတဲ့ မေးခွန်းတွေ မမေးမြန်းကြဖို…
Read Moreအရည်အသွေးပြည့်တဲ့ရွှေပြားတွေ လိုချင်တာကြောင့် ဂေါပကအဖွဲ့က ရွှေစင်ရွှေပြားစက်ရုံတည်ဆောက်ပြီး ရွေပြားထုတ်မယ်
ရန်ကုန် ၊မတ် ၁၄-၂၀၁၉ TGH အရည်အသွေးပြည့်တဲ့ရွှေပြားတွေ လိုချင်တာကြောင့် ဂေါပကအဖွဲ့က ရွှေစင်ရွေပြားစက်ရုံတည်ဆောက်ပြီး မိမိတို့မျက်စိအောက်မှာပဲ ရွေပြားထုတ်နိုင်ဖို့ စက်ရုံလုပ်ငန်းစတင်လည်ပတ်နေပြီလို့ ရွှေတိဂုံဘုရား ဂေါပက တစ်ဦးဖြစ်တဲ့ ဦးအောင်မြတ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ” အရည်အသွေးလိုချင်လို့ ကိုယ့်ဘာသာစက်ရုံထောင်ပြီးလုပ်တာဖြစ်တယ်။ခုရွှေတွေကို အပြင်ယူသွားခွင့်မပြုဘူး၊ကိုယ့်မျက်စိအောက်မှာပဲလုပ်တယ်၊အရင်ကလက်နဲ့လုပ်တယ်၊အခုကစက်နဲ့လုပ်တယ်။ရွှေအရည်အသွေးကလည်း ဝယ်ကတည်းကအတိုင်းပဲ ရွှေတွေကိုသတ္ထုတွင်းဝန်ကြီးဌာနကဝယ်တယ်၊ဒီအရည်အသွေးတိုင်းပဲ ၉၉.၉၇ ရာခိုင်နူန်းရှိတယ်၊အပြောင်းအလဲမရှိပါဘူး။”လို့ ပြောပါတယ်။ ရွေပြားစက်ရုံကို ဝန်ထမ်းတွေနဲ့ အခုလ မတ်လအတွင်းစတင်လည်ပတ်နေပြီဖြစ်ကြောင်း၊စည်းကမ်းရေးထိန်းသိမ်းရေးနဲ့ လုံခြုံရေး အပိုင်းကိုလည်း အပြည့်အဝထားရှိပြီး ပုံမှန်အနေနဲ့ တစ်နေ့ကို ပျှမ်းမျှ ရွေပြား ၃ ချပ်ကနေ ၅ ချပ်ထိ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းလုပ်ငန်းကျွမ်းကျင်မှုရှိလာတဲ့အခါ ရွှေပြားအရေအတွက် ပိုပြီးထုတ်လုပ်လာနိုင်ဖို့ရှိကြောင်းနဲ့ ရွှေပြားတွေကို ၁ ပေ ပတ်လည် ၆ ကျပ်သား စံ ထားထုတ်လုပ်သွားမှာဖြစ်လို့လည်းဆိုပါတယ်။အဲဒီလို ၁ ပေပတ်လည် ရွှေပြားတွေကို…
Read More