ဧပြီ ၅-၂၀၁၉
ဂျန်ကိုးလ်
ပဲခူးတိုင်းအတွင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဝေးလံအရပ်တွေမှာ ရှိတဲ့လမ်းတွေကို ပဲခူးတိုင်း၂၈မြို့နယ်ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းတိုင်ပင်ပြီး ၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာကျပ်သိန်း၂၀၀၀ဘိုးခန့် ပံ့ပိုးပေးခဲ့တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တိုင်းရင်းသားဝန်ကြီးနော်ပွယ်စေးထံကသိရပါတယ်။
“တိုင်းရင်းသားတွေက ဝေးလံခေါင်းဖျားတဲ့ဒေသတွေမှာ နေတာများတယ်။နောက်ပြီးတော့ ဖွံ့ဖြိုးမှုလည်း နောက်ကျတော့ လမ်းပမ်းဆက်သွယ်ရေးကြောင့် နောက်ကျတာဖြစ်တဲ့တွက် သွားရေးလာရေးတွေ အဆင်ပြေအောင် ကျောင်းသားကျောင်းသူတွေ ကျောင်းသွားကျောင်းလာအဆင်ပြေအောင် ပံပိုးပေးတာ ဖြစ်တယ်”လို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးနော်ပွယ်စေးကပြောပါတယ်။
သူတို့ ပံ့ပိုးပေးတဲ့လမ်းတွေဟာ အဓိကအနေနဲ့ ကျေးလက်လမ်းဦးစီးဌာနက လုပ်ဆောင်ပေးတဲ့ သတ်မှတ်ထားတဲ့ ဒီဇိုင်း၊ စံချိန်စံညွှန်းတွေမှာ ပါဝင်နိုင်ခြင်း မရှိတဲ့ လမ်းအကျယ် ပေနည်းနေတဲ့ လမ်းတွေ၊ ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းတွေ၊ ရွာလယ်လမ်းတွေ ကို ပံ့ပိုးပေးပြီး ဒေသခံပြည်သူတွေကိုယ်တိုင် ပူပေါင်းပါဝင်တဲ့ပုံစံ နဲ့ ပံ့ပိုးကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ကရင်၊ ချင်း၊ တိုင်းရင်းသားတွေ နဲ့ ပအို့၊ ရှမ်း၊ ရခိုင်အပြင်တခြား တိုင်းရင်းသားမျိုးနွယ်စုတွေ လည်း နေထိုင်ကြပြီး ကရင်တိုင်းရင်းသားတွေနဲ့ ချင်းတိုင်းရင်းသားတွေမှာ ပဲခူးရိုးမ၊ရခိုင်ရိုးမပေါ် တို့မှာနေထိုင်ကြတဲ့အတွက်လမ်းပန်းဆက်သွယ်ရေးလိုအပ်နေသေးတယ်လို့ သိရပါတယ်။
#voiceofmyanmar #ပဲခူးတိုင်း #တိုင်းရင်းသား #လွှတ်တော်ကိုယ်စားလှယ်