အော်​တစ်​ဇင်​ က​လေးငယ်​တွေရဲ့သင်္ကြန်

ပြည် ဧပြီ ၁၂-၂၀၁၉ ဂျန်​ကိုးလ်​(VOM) ပဲခူးတိုင်းအ​နောက်​ပြည်​မြို့မှာ အထူးပြုစု​စောင့်​ရှောက် လေ့ကျင့်​မှုလိုအပ်​​နေတဲ့​ အော်​တစ်​ဇင်​ကလေးငယ်​များရဲ့သင်္ကြန်​ကို ပထမဦးဆုံးအကြိမ်​အဖြစ် ဧပြီ၁၂ရက်​ ဒီက​နေ့မနက်​က ကျင်းပခဲ့ပါတယ်​​။   ခေတ္တရာ​မြေ​ဖောင်​​ဒေးရှင်းရဲ့  ပြည်​မြို့ ရွာဘဲရပ်​မှာရှိတဲ့​ အော်​တစ်​ဇင်​က​လေးငယ်​များရဲ့​ ကျောင်းဝန်းအတွင်းမှာ စတုဒီသာ​ကျွေး​မွေးခြင်းနဲ့အတူ က​လေးငယ်​များက သင်္ကြန်အကများနဲ့လည်း ကပြ​ဖျော်​​ဖြေခဲ့ကြပြီး​ ရေပက်​ကစားခဲ့ကြပါတယ်​။   “ဧပြီလ၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ကမ္ကာ့အော်တစ်ဇင်နေ့ အထိမ်းအမှတ်နဲ့ အတာသင်္ကြန်ပွဲတော်ကို နှစ်ပွဲပေါင်းပြီး ကျင်းပရခြင်းဖြစ်ပါတယ်။  သူတို့အတွက်က အပြင်လောကမှာသူတို့ဝင်ပြီး ပါဝင်ပျော်ရွှင်နိုင်ဖို့ နေရာတွေက အရမ်းနည်းတယ်​ အဲဒါကြောင့် သူတို့အတွက် ပျော်ပွဲရွှင်ပွဲလေးတွေ တတ်နိုင်သမျှ ကျင်းပပေးတာပါ သူတို့ရဲ့  စွမ်း​ဆောင်​ရည်​တိုးတက်​မှု့​တွေကိုလည်းထုတ်​​ဖေါ်​ပေးတာပါ” လို့ ခေတ္တရာမြေ ဖောင်ဒေးရှင်း အက်ဒမင်​ဒေါ်မေသီဟန် ကပြောပြပါတယ်​။   ဒီပွဲကို တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​​နဲ့​ မြေလတ်​ဂျာနယ်​လစ်​ကွန်​ယက်​က သတင်းစာဆရာများ ​ဆေးရုံအုပ်​ကြီးနဲ့  ​ကျောင်းသားမိဘများ အရပ်​ဘက်​အဖွဲ့အစည်းများနဲ့ စိတ်​ပါဝင်​စားသူများ​ပျော်​ရွှင်​စွာတက်​​ရောက်​ခဲ့ကြပါတယ်​။   “အဓိကကတော့ ကလေးတွေအတွက်…

Read More
VOM News

FREE
VIEW