ပြည် ဧပြီ ၁၆-၂၀၁၉
ဂျန်ကိုးလ်
ပြည်မြို့အနီးတောင်န၀င်းဆည်က လွှတ်ပေးတဲ့ သာစည်ဆည်လို့ခေါ်တဲ့ ဆည်ရေအေးအေးလေးမှာ ဒေသစုံကလာတဲ့ ရေချိုးသူတွေ အပူဒဏ်ခိုသူတွေနဲ့သင်္ကြန်အတက်နေ့မှာ တိုးမပေါက်အောင်စည်ကားနေပါတယ်။
“ဆည်မြောင်းကတော့ဆည်ရေလွှတ်ထားလို့ ရေမချိုးဘို့တားမြစ်ထားတယ်ဘဲဆိုပါတော့ သတိပေးစာကဒ်ထားတယ် ပြည်မြို့အထွက်တိုးဂိတ်အကျော် ဇီးအုပ်ဆိုတဲ့အနားက၀င်ရတာ ၀င်ပြီးပြန်ထွက်ဘို့ခက်အောင်ကိုစည်တယ်”ဟု ဥသျှစ်ပင်မြို့ကနေ ပြည်သင်္ကြန်လာရင်း ရေစိမ်သူကိုမင်းမင်းကပြောပါတယ်။
ယခုနှစ်သင်္ကြန်အခါမှာအပူရှိန်ပြင်းထန်လို့ အခြားမြို့ကနေ ပြည်သင်္ကြန်ကိုရေလာကစားသူများ အပူဒဏ်ခံနိုင်ရန်သာစည်ဆည်သို့နေ့လယ်ခင်းဘက်တွေမှာ သွားရောက်ခိုလှုံကြကြောင်းသိရပါတယ် ။