ဧပြီလ -၂၀ ရက် -၂၀၁၉
မိုးယံ(ဇီးကုန်း)
ဧပြီ ၂၀ ရက် နေ့လယ် ၁နာရီ ခန့်က ပဲခူးတိုင်း ၊ သာယာဝတီခရိုင် နတ္တလင်းမြို့ နယ် ပျဉ်းမကုန်အုပ်စု ကံတွင်းရွာမှာ နွားတင်းကုတ် မီးကြွင်းမီးကျနှ် ကနေ တဆင့် မီးလောင်မှု ဖြစ်ခဲ့လို့ အိမ် ၈ လုံး မီးထဲပါသွားခဲ့ပါတယ်။
ကံတွင်းရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဦး က ” အဲ့ဒီအချိန်မှာ အိမ်သားတွေ တစ်ယောက်မှ မရှိဘူး နွားတဲကုတ် မီးဖိုးကနေ စလောင်တာ အဲဒီကနေ အိမ်မကြီးလောင်တယ်ပြီးတော့ အနီးအနားက အိမ်တွေ ဆက်လောင်တယ် စပါးတင်း(၉၀၀) မတ်ပဲ တင်း(၁၅၀) မီးထဲပါသွားတယ်´လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဦးခင်မောင်လွင်ရဲ့ သွပ်မိုး ပျဉ်ထောင်ပျဉ်ခင်း လေးပင်အိမ၊် ကိုကျော်ဇင်ဦးရဲ့ သက်ငယ်မိုး ထရံကာ ဝါးကြမ်းခင်း လေးပင်အိမ်၊ ဦးအောင်မြင့်ရဲ့ သွပ်မိုး ပျဉ်ထောင်ပျဉ်ခင်း လေးပင်အိမ် အပါအဝင် အိမ်ရှစ်လုံးမီးလောင်သွားခဲ့ပါတယ်။
မီးလောင်ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းကျပ် ရှိတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ရှင် ဦးခင်မောင်လွင် ကို (ပ)၇၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့အမှုဖွင့်ထားတယ်လို့ တာပွန် နယ်မြေရဲစခန်းကနေ သိရပါတယ်။
#voiceofmyanmar #နတ္တလင်း #ကံတွင်းရွာ #မီးလောင်မှု