မန္တလေးမြို့မှာ မီးလောင်မှုကြောင့် နေအိမ်(၆)လုံး မီးလောင်ပျက်စီး

မန္တလေး၊ ဧပြီ ၂၀-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇၄လမ်း နဲ့ ၇၅လမ်းကြား ၁၀လမ်း နဲ့ ၁၁လမ်းကြား၊ ဥပုသ်တော်ရပ်ကွက်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။   မီးလောင်မှုအဆင့် Level-3သက်မှတ်ကာ မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေ(၆)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတဲ့ နေအိမ်ပိုင်ရှင်ဟာ မီးလောင်နေစဉ် နေအိမ်မှာ မရှိတဲ့အတွက် မီးလောင်မှု အကြောင်းအရင်းကို ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ #voiceofmyanmar#မန္တလေး#မီးလောင်မှုကြောင့်နေအိမ်၆လုံးပျက်စီးဆုံးရှုံး#

Read More

နတ္တလင်းမြို့ နယ်​မှာ  အိမ်​(၈)လုံး မီး​လောင်

ဧပြီလ -၂၀ ရက် -၂၀၁၉ မိုးယံ(ဇီးကုန်း)     ဧပြီ ၂၀ ရက်​ ​နေ့လယ် ၁နာရီ ခန့်​က ပဲခူးတိုင်း ၊ သာယာဝတီခရိုင်​ နတ္တလင်းမြို့ နယ်​ ပျဉ်းမကုန်​အုပ်​စု ကံတွင်းရွာမှာ နွားတင်းကုတ်​ မီးကြွင်းမီးကျနှ် က​နေ တဆင့်​ မီး​လောင်​မှု ဖြစ်​ခဲ့လို့ အိမ် ၈ လုံး မီးထဲပါသွားခဲ့ပါတယ်။   ကံတွင်းရွာအုပ်​ချုပ်​​ရေးမှူး ဦးညွန့်​ဦး က ​” အဲ့ဒီအချိန်မှာ အိမ်​သား​တွေ တစ်​​ယောက်​မှ မရှိဘူး နွားတဲကုတ်​ မီးဖိုးက​နေ စ​လောင်​တာ အဲဒီက​နေ အိမ်​မကြီး​လောင်​တယ်​ပြီး​တော့ အနီးအနားက အိမ်​​တွေ ဆက်​လောင်​တယ်​  စပါးတင်း(၉၀၀) မတ်​ပဲ တင်း(၁၅၀) မီးထဲပါသွားတယ်​´လို့ ပြောပါတယ်​။   မီး​လောင်​မှု​ကြောင့်​ ဦးခင်​​မောင်​လွင်​ရဲ့  သွပ်​မိုး ပျဉ်​ထောင်ပျဉ်ခင်း ​လေးပင်​အိမ၊်​  ကို​ကျော်​ဇင်​ဦးရဲ့ သက်​ငယ်​မိုး…

Read More

မက္ကဆီကိုမှာ မိသားစုပါတီလုပ်နေချိန် သေနတ်သမားတွေပစ်ခတ်လို့ လူ ၁၃ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ ဧပြီ-၂၀ မျိုးဆက် (VOM)   မက္ကဆီကိုနိုင်ငံ ဗီရာခရုဇ်ပြည်နယ်မှာ မိသားစုပါတီတစ်ခုပြုလုပ်နေစဉ် သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် လူ ၁၃ ဦးသေဆုံးသွားပါတယ်။   မီနာတီလန်မြို့မှာ ဧပြီ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ အခြားလူလေးဦးလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး သေနတ်သမားတွေကို ရှာဖွေဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာက အပူတပြင်းလုပ်ဆောင်နေတယ်လို့ ဗီရာခရုဇ်ပြည်နယ်ပြည်သူ့လုံခြုံရေးဆိုင်ရာ အရာရှိက ဧပြီ ၂၀ ရက်မှာပြောပါတယ်။   ဒီလိုဖမ်းနိုင်ဖို့အတွက် ဖက်ဒရယ်အာဏာပိုင်တွေဟာ ဗီရာခရုဇ်ပြည်နယ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သေနတ်သမားတွေရဲ့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ချက်ချင်းမသိရှိရသေးပါဘူး။   ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ ပြည်နယ်အာဏာပိုင်တွေက အရေးပေါ်အစည်းအဝေးတွေပြုလုပ်နေပြီး အစီအမံတွေချမှတ်နေတယ်လို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးမှူး ဂါစီယာက ပြောပါတယ်။   သေနတ်သမားတွေဟာ အယ်ဘီကီလို့အမည်ရတဲ့ လူတစ်ဦကို ရှာဖွေနေကြတာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးအစီရင်ခံစာတွေအရသိရှိပါတယ်။…

Read More

နေပြည်တော်မှာ ရုပ်ရှင်ဌာနကြီးကြီးမားမားဆောက်ဖို့ ကမ်းလှမ်းမှုတွေရှိ

ရန်ကုန် ဧပြီ ၂၀ -၂၀၁၉ သင်းသဒ္ဒါ   နေပြည်တော်ကို ရုပ်ရှင်မြို့တော်ကဲ့သို့ဖြစ်ချင်နေပြီး ယခုအခါ ရုပ်ရှင်ဌာနကြီးကြီးမားမား ဆောက်ချင်ကြောင်း ကမ်းလှမ်းမှုတွေရှိတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။   JCGV Toto’s Film Making Class ရုပ်ရှင်ရိုက်ကူးမှု သင်တန်းပြီးဆုံးကြောင်း အခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံမှာကျင်းပခဲ့ရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။   နေပြည်တော်ကို ရုပ်ရှင် မြို့တော်ကဲ့သို့ ဖြစ်ချင်တယ်။ အခုခါမှာ နေပြည်တော်မှာ ရုပ်ရှင်ဌာနကြီး ကြီးကြီးမားမားဆောက်ချင်တယ်။ ကမ်း လှမ်းပြောဆိုတာတွေ ရှိလာပါတယ်။ ဒီလုပ်ငန်း တစ်ရပ်သည် ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ် တွေများပြားလာရင် ဒီလုပ်ငန်းသည် တကယ်ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတာကို…

Read More

အိန္ဒိယရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးမိတဲ့ အမျိုးသား ကိုယ့်လက်ညှိုးကိုယ်ဖြတ်ပစ်

ဒေလီ၊ ဧပြီ-၂၀-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ မတော်တဆ ပါတီမှားပြီး မဲပေးမိခဲ့တဲ့ အမျိုးသားတစ်ဦးဟာ သူ့အမှားအတွက် စိတ်ပျက်ပြီး သူ့လက်ညှိုးကိုဖြတ်တောက်လိုက်ပါတယ်။   ပါဝန်ကူးမားလို့အမည်ရတဲ့ အမျိုးသားဟာ မဲပေးစက်တွေပေါ်က ပါတီသင်္ကေတတွေကြောင့် ရှုပ်ထွေးမှုတွေဖြစ်ပေါ်ပြီး အာဏာရ ဘီဂျေပီ ပါတီကို မတော်တဆမှားယွင်းမဲပေးမိခဲ့တာဖြစ်ပါတယ်။   အိန္ဒိယနိုင်ငံက မဲပေးစက်တွေမှာ စာမဖတ်တတ်သူတွေ မဲပေးနိုင်ဖို့အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရဲ့ အမည်ဘေးမှာ ပါတီရဲ့ သင်္ကေတတွေနဲ့ ဖော်ပြထားပါတယ်။   အသက် ၂၅ နှစ်အရွယ် ပါဝန်ကူးမားဟာ ဥတာပရာဒက်ပြည်နယ် မြောက်ပိုင်းရှိ ဘူလန်ရှာဟာမှာ ပြုလုပ်တဲ့ ဒုတိယအဆင့်ရွေးကောက်ပွဲမှာ ဒီလို ပါတီမှားပြီး မဲပေးခဲ့တာဖြစ်ပါတယ်။ ကူးမားဟာ ဥတာပရာဒက်ပြည်နယ်မှာ ထောက်ခံမှုအတော်များများရရှိတဲ့ ဘီအက်စ်ပီ ပါတီကို မဲပေးလိုတာဖြစ်ပေမယ့် အဲဒီပါတီရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ဆင်ပုံကို နှိပ်ရမယ့်အစား အာဏာရ ဘီဂျေပီ ပါတီရဲ့…

Read More

စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း လေပြင်းတိုက်လို့ လူနေအိမ် ၁ထောင်ကျော် ပျက်စီးခဲ့

မုံရွာ ဧပြီ ၂၀-၂၀၁၉ (မိုင်ချယ်ရီ)   သင်္ကြန်အကျနေ့ကနေ စတင်ပြီးတော့ တစ်ပတ်တာ ကာလအတွင်း တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ လူနေအိမ် ၁ထောင်ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။   ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ တစ်ကြိမ် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ တစ်ကြိမ်နဲ့ ဧပြီလ ၁၈ ရက်နေ့ က စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် (၁၄)မြို့နယ် မှာ လေပြင်းတွေ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် ဖောင်းပြင်မြို့နယ်မှာ အမျိုးသားတစ်ဦး သစ်ပင်ပိ သေဆုံးခဲ့ပြီး အင်းတော်မြို့နယ်မှာတော့ နေအိမ်ပြိုကျလို့ ထုတ်တန်းပိပြီး ဇနီးမောင်နှံ နှစ်ဦး ဒဏ်ရာ ရရှိတာတွေဖြစ်ပွားခဲ့တာအပြင် လူနေအိမ် အပါအ၀င် အဆောက်အဦး…

Read More
VOM News

FREE
VIEW