မက္ကဆီကိုမှာ မိသားစုပါတီလုပ်နေချိန် သေနတ်သမားတွေပစ်ခတ်လို့ လူ ၁၃ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ ဧပြီ-၂၀

မျိုးဆက် (VOM)

 

မက္ကဆီကိုနိုင်ငံ ဗီရာခရုဇ်ပြည်နယ်မှာ မိသားစုပါတီတစ်ခုပြုလုပ်နေစဉ် သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် လူ ၁၃ ဦးသေဆုံးသွားပါတယ်။

 

မီနာတီလန်မြို့မှာ ဧပြီ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ အခြားလူလေးဦးလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး သေနတ်သမားတွေကို ရှာဖွေဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာက အပူတပြင်းလုပ်ဆောင်နေတယ်လို့ ဗီရာခရုဇ်ပြည်နယ်ပြည်သူ့လုံခြုံရေးဆိုင်ရာ အရာရှိက ဧပြီ ၂၀ ရက်မှာပြောပါတယ်။

 

ဒီလိုဖမ်းနိုင်ဖို့အတွက် ဖက်ဒရယ်အာဏာပိုင်တွေဟာ ဗီရာခရုဇ်ပြည်နယ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သေနတ်သမားတွေရဲ့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ချက်ချင်းမသိရှိရသေးပါဘူး။

 

ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ ပြည်နယ်အာဏာပိုင်တွေက အရေးပေါ်အစည်းအဝေးတွေပြုလုပ်နေပြီး အစီအမံတွေချမှတ်နေတယ်လို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးမှူး ဂါစီယာက ပြောပါတယ်။

 

သေနတ်သမားတွေဟာ အယ်ဘီကီလို့အမည်ရတဲ့ လူတစ်ဦကို ရှာဖွေနေကြတာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးအစီရင်ခံစာတွေအရသိရှိပါတယ်။ အယ်ဘီကီဆိုသူဟာ မီနာတီလန်မြို့မှာရှိတဲ့ ဘားတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

Ref : CNN

Photo : Getty Image

Related posts

✕
VOM News

FREE
VIEW