မန္တလေးမြို့မှာ မီးလောင်မှုကြောင့် နေအိမ်(၆)လုံး မီးလောင်ပျက်စီး

မန္တလေး၊ ဧပြီ ၂၀-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇၄လမ်း နဲ့ ၇၅လမ်းကြား ၁၀လမ်း နဲ့ ၁၁လမ်းကြား၊ ဥပုသ်တော်ရပ်ကွက်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

 

မီးလောင်မှုအဆင့် Level-3သက်မှတ်ကာ မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေ(၆)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုစတင်ဖြစ်ပွားတဲ့ နေအိမ်ပိုင်ရှင်ဟာ မီးလောင်နေစဉ် နေအိမ်မှာ မရှိတဲ့အတွက် မီးလောင်မှု အကြောင်းအရင်းကို ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။

#voiceofmyanmar#မန္တလေး#မီးလောင်မှုကြောင့်နေအိမ်၆လုံးပျက်စီးဆုံးရှုံး#

Related posts

Leave a Comment

VOM News

FREE
VIEW