အိန္ဒိယရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးမိတဲ့ အမျိုးသား ကိုယ့်လက်ညှိုးကိုယ်ဖြတ်ပစ်

ဒေလီ၊ ဧပြီ-၂၀-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ မတော်တဆ ပါတီမှားပြီး မဲပေးမိခဲ့တဲ့ အမျိုးသားတစ်ဦးဟာ သူ့အမှားအတွက် စိတ်ပျက်ပြီး သူ့လက်ညှိုးကိုဖြတ်တောက်လိုက်ပါတယ်။

 

ပါဝန်ကူးမားလို့အမည်ရတဲ့ အမျိုးသားဟာ မဲပေးစက်တွေပေါ်က ပါတီသင်္ကေတတွေကြောင့် ရှုပ်ထွေးမှုတွေဖြစ်ပေါ်ပြီး အာဏာရ ဘီဂျေပီ ပါတီကို မတော်တဆမှားယွင်းမဲပေးမိခဲ့တာဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံက မဲပေးစက်တွေမှာ စာမဖတ်တတ်သူတွေ မဲပေးနိုင်ဖို့အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရဲ့ အမည်ဘေးမှာ ပါတီရဲ့ သင်္ကေတတွေနဲ့ ဖော်ပြထားပါတယ်။

 

အသက် ၂၅ နှစ်အရွယ် ပါဝန်ကူးမားဟာ ဥတာပရာဒက်ပြည်နယ် မြောက်ပိုင်းရှိ ဘူလန်ရှာဟာမှာ ပြုလုပ်တဲ့ ဒုတိယအဆင့်ရွေးကောက်ပွဲမှာ ဒီလို ပါတီမှားပြီး မဲပေးခဲ့တာဖြစ်ပါတယ်။

ကူးမားဟာ ဥတာပရာဒက်ပြည်နယ်မှာ ထောက်ခံမှုအတော်များများရရှိတဲ့ ဘီအက်စ်ပီ ပါတီကို မဲပေးလိုတာဖြစ်ပေမယ့် အဲဒီပါတီရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ဆင်ပုံကို နှိပ်ရမယ့်အစား အာဏာရ ဘီဂျေပီ ပါတီရဲ့ ကြာပန်းပုံကို မှားနှိပ်မိခဲ့တာလို့ လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ရုပ်သံဖိုင်တစ်ခုမှာ သူက ရှင်းပြထားပါတယ်။

 

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကိုကာကွယ်ဖို့အတွက် မဲဆန္ဒရှင်တွေမဲပေးပြီးရင် အလွယ်တကူမပျက်နိုင်တဲ့ မှင်တစ်မျိုးနဲ့ သူတို့ရဲ့ လက်ညှိုးတွေမှာ အမှတ်အသားတွေ ပြုလုပ်ပေးပါတယ်။ ကူးမားဟာ မဲမှားပေးခဲ့ပြီး သူ့ရဲ့စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အလွန်စိတ်ပျက်ခဲ့တယ်လို့ အိန္ဒိယတူဒေး သတင်းဌာနက ဖော်ပြပါတယ်။

 

ဘီအက်စ်ပီပါတီဝင်တစ်ဦးဖြစ်သူ ကူးမားဟာ အဲဒီအမှားကြောင့် သူလက်ညှိုးကို ကိုယ်တိုင်ဖြတ်ခဲ့တာဖြစ်ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် သိပ်မကြာခင်ဘဲ ပြန်ဆင်းခဲ့ပါတယ်။

ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၀၀ ရှိတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံမှာ အဆင့် ခုနှစ်ဆင့်နဲ့ ကျင်းပနေပြီး ကနဦးရလဒ်ကို မေ ၂၃ ရက်မှာ ကြေညာဖွယ်ရှိပါတယ်။

 

Ref : RT

Photo : Reuters

Related posts

✕
VOM News

FREE
VIEW