ကျောက်ဖြူမြို့  ထွေ/အုပ် ခြံဝင်းအတွင်း ဗုံးတွေ့

ကျောက်ဖြူ၊ ဧပြီ ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းမှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အနီး သရက်ပင်အောက်မှာ ဒီကနေ့ မနက် ၈ နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“သတင်းတော့ကြားတယ်၊ အဲ့ဒီ ထွေအုပ်ခရိုင်မှူးနေအိမ်နားမှာ ဗုံးတစ်လုံးတွေ့တယ်လို့တော့သိရပါတယ်၊ ဘယ်လိုဖြစ်တာ လဲတော့မသိဘူး”လို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီဗုံးဟာ PVC ပိုက်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီဗုံးကို စစ်ဆေးမှုတွေပြုလုပ်နေကြောင်း အထွေထွေ အုပ်ချုပ်ရေးဌာန က ပြောပါတယ်။

“ဗုံးလို့တော့ပြောပါတယ်၊ ဘယ်လိုဗုံးလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး၊ စစ်ဆေးနေတယ်၊ လုံခြုံးရေးအတွက် ရှင်းလင်းမှုတွေတွေလည်း ဆောင်ရွက်နေပါတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရုံးသန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတစ်ချို့ ထိခိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#ကျောက်ဖြူမြို့ #ထွေ/အုပ်ခြံဝင်းအတွင်းဗုံးတွေ့#

 

Related posts

Leave a Comment

VOM News

FREE
VIEW