နိင်ကျဉ်းသတ်မှတ်ချက် ရှင်းရှင်းလင်းလင်းရှိဖို့နဲ့ ထောင်ထဲမှာ နိုင်ကျဉ်းတွေ ကျန်သေးကြောင်း ဒီကနေ့ လွတ်လာတဲ့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လို့ရတဲ့ ဥပဒေရှင်းရှင်းလင်းလင်းမရှိဘူးလို့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဒီကနေ့မြစ်ကြီးနားထောင်ကလွတ်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဂျတ်က ဝေဖန်လိုက်သလို သူ့အမှုတွဲ ကိုလွန်းဇောင်းကလည်း နိုင်ကျဉ်းတွေ အများကြီးရှိနေသေးတယ်လို့ ပြောလိုက်ပါတယ်။ သူတို့ဟာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပိတ်မိ နေကြတဲ့ စစ်ရှောင်ပြည်သူတွေ ပြန်လည်လွတ်မြောက်လာစေရေး လူထုလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ မြန်မာ့တပ်မတော်ကို အသရေပျက်စေတဲ့အသုံးအနှုန်းတွေ သုံးစွဲပြောဆိုခဲ့တယ်ဆိုပြီး ပုဒ်မ-၅၀၀ နဲ့ တရားစွဲဆိုခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၇)ရက်နေ့မှာ ထောင်ဒဏ် (၆)လနဲ့ ငွေဒဏ်ငါးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။မစ်ကြီးနားက ဗီအိုအမ်သတင်းထောက် ကိုဝေဖြိုးအောင် သတင်းပေးပို့ထားတာပါ။ #voiceofmyanmar #မြစ်ကြီးနား #ဦးဇော်ဂျတ် #ဦးလွန်းဇောင်း #နိုင်ငံရေးအကျဉ်းသား

Read More

ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေး အမေရိကန်ရဲ့ရပ်တည်ချက်အပေါ် မူတည်နေတယ်လို့ ကင်ဂျုံအန် သတိပေး

ဆိုးလ်၊ ဧပြီ ၂၆-၂၀၁၉ မျိုးဆက် (VOM) ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်လုံခြုံရေးဟာ အမေရိကန်ရဲ့ အနာဂါတ်မှာ ထားရှိမယ့် ရပ်တည်ချက် သဘောထားအပေါ် လုံးဝမူတည်နေတယ်လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့တယ်လို့  မြောက်ကိုရီးယားနိုင်ငံပိုင် ကေအင်န်စီအေ သတင်းဌာနက ဧပြီ ၂၆ ရက်မှာ ဖော်ပြပါတယ်။ ကင်ဂျုံအန်ရဲ့ မှတ်ချက်ပြုပြောဆိုတာတွေဟာ ရေးယူပိတ်ဆို့မှုတွေ လျှော့ချဖို့ မြောက်ကိုရီးယားက တောင်းဆိုထားတာကို  လက်ခံရာမှာ ပိုမိုပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ အမေရိကန်အပေါ် ဖိအားပေးပုံရပြီး ဖေဖော်ဝါရီလက ဟနွိုင်းမှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မအောင်မြင်ခဲ့တဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကာလက အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ နှိုင်းယှဉ်ပြောဆိုပုံရပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်အနေနဲ့ ရပ်တည်ချက် ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့အတွက် ယခုနှစ်ကုန်အထိတိုင်အောင် သူကစောင့်ဆိုင်းသွားမယ်လို့လည်း ကင်ဂျုံအန်က ပြောပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့  အမေရိကန်-မြောက်ကိုရီးယားဆွေးနွေးပွဲမှာ ဆိုးရွားသည့် ယုံကြည်မှုအဖြစ်…

Read More

အင်းတော်မြို့နယ်မှာ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သောင်းကျော် ဖမ်းဆီးရမိ

အင်းတော်၊ ဧပြီ ၂၆-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမ နဘားလမ်းဆုံမှာ ကုန်စိမ်းတွေ တင်ဆောင်ပြီး မောင်းနင်လာတဲ့ ကားတစ်စီးကို မသင်္ကာဖွယ် တွေ့ရတာကြောင့် ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဘိုး ဖမ်းဆီးရရှိမှုဖြစ်စဉ် ဒီကနေ့ နံနက်(၈)နာရီက ဖြစ်ပွားခဲ့ပါတယ် ။ ဖြစ်စဉ်မှာ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး  နဘားလမ်းဆုံမှာ စစ်ဆေးရှာဖွေနေချိန် အင်းတော်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်ကို မြင့်ဇော်ဦး (ခ) မျိုးဇော်ဦး  မောင်းနင်လာပြီး ယာဉ်ခေါင်းခန်းမှာ မင်းမင်းဦး (ခ)မင်းဦး ၊ မငုဝါလှိုင် တို့ လိုက်ပါလာတဲ့ SHN 1M 6256 နံပါတ်ပါ SOJEN PICKUP အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဖမ်းစီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းစီးရမိခဲ့တဲ့ ယာဉ်ရဲ့ ယာနောက်ကြမ်ခင်း…

Read More

မယ်အဖွဲ့တွေ ခြေရာလာမတိုင်းဖို့ ပြောလိုက်တဲ့ လှနုထွန်း

ရန်ကုန၊် ဧပြီ ၂၆- ၂၀၁၉ သင်းသဒ္ဒါ အလှမယ်ပြိုင်ပွဲကို ဖော်ဆောင်မှုတွေ လုပ်ဆောင်လာတဲ့ National Director အပြင် Style Plus Hတည်ထောင်ထားတဲ့ လှနုထွန်းကတော့ မယ်အဖွဲ့တွေ ခြေရာလာမတိုင်းဖို့ ပြောလိုက်ပါတယ်။ ”အလှမယ်လောကမှာ လှနုထွန်းကို မသိဘူးပြောလို့ မရသလို ဂရုမစိုက်ဘူးလို့လည်း ပြောလို့မရပါဘူး။ လှနုကို သမိုင်းမှာ ဖျောက်လို့ မရသလို Style Plus Hက သမိုင်းမှာရှိနေမှာပါ။ မယ်အဖွဲ့တွေကိုပြောချင်တာက လှနုကိုခြေရာလည်း လာမတိုင်းပါနဲ့၊ လာလည်းမချေပါနဲ့လို့၊ စော်ကားခွင့်လည်း မရှိပါဘူး။ မြန်မာအလှမယ်လောကမှာ လှနုထွန်း မရိုသေရင် သာရမယ် မေ့ထားလို့တော့ မရပါဘူးလို့ ပြောချင်ပါတယ်”လို့ဆိုပါတယ်။ သူမကတော့ အလှမယ် မေမြတ်နိုး၊ လှယဉ်ကျေးနဲ့ ဇွန်သံစဉ်တို့ကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ သရဖူကိုရ အောင်လေ့ကျင့်ပေးနိုင်ခဲ့သူဖြစ်ပြီး သူလေ့ကျင့်ပေးသူထွေထဲမှာ အခြား First ၊ Second ၊Third…

Read More

သာယာဝတီ အကျဉ်း​ထောင်​က​နေ နိုင်​ငံ​တော်​သမ္မတရဲ့ လွတ်​ငြိမ်းခွင့်​နဲ့ အကျဉ်းသား/သူ (၂၀၉)ဦး ထက်မံလွတ်​​မြောက်

သာယာဝတီ ၊ ဧပြီ ၂၆-၂၀၁၉ မိုးယံ (ဇီးကုန်း) ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ရဲ့ အမိန့်အမှတ် ၁၅/၂၀၁၉ အရ လူသားခြင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ (၆၉၄၈)ဦး တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားပဲ လွတ်ငြိမ်းသက်သာခွင့် ​ပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်​ သာယာဝတီ အကျဉ်း​ထောင်​မှာလည်း ဒီနေ့ ​နေ့လည်​ ၂နာရီခွဲအချိန်က အကျဉ်းသား(၂၀၁)ဦး၊အကျဉ်းသူ(၈)ဦး၊ စုစု​ပေါင်း(၂၀၉)ဦး တို့ ထက်မံလွတ်မြောက်လာပါတယ်။ ဧပြီ ၁၇ ရက်​​နေ့ကလည်း နိုင်​ငံ​တော်​သမ္မတရဲ့ လွတ်​ငြိမ်းသက်​သာခွင့်​နဲ့ သာယာဝတီ အကျဉ်း​ထောင်​ က အကျဉ်းသား (၁၃၉)ဦး အကျ​ဉ်းသူ(၃)ဦးလွတ်​​မြောက်​ခဲ့​တယ်​လို့ သာယာဝတီ အကျဉ်း​ထောင်​ ဦးစီးဌာနကနေ သိရပါတယ်​။   #voiceofmyanmar#သာယာဝတီ#အကျဉ်းသား/သူ(၂၀၉)ဦးလွတ်​​မြောက်#

Read More

ခေတ်သစ်ပိုးလမ်းမစီမံကိန်း ကြွေးမြီထောင်ချောက်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ပေကျင်း ၊ ဧပြီ ၂၆-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့  ပိုးလမ်းမသစ်စီမံကိန်း ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေတာကို လျှော့ချဖို့ တရုတ်သမ္မတ ရှီကျင်းပင်က ကြိုးပမ်းနေပြီး ဒီစီမံကိန်းဟာ နိုင်ငံတွေအတွက် ကြွေးမြီထောင်ချောက် မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒါ့အပြင်  စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ကြွေးမြီအန္တရာယ်တွေကို ကာကွယ်ဖို့ကိုလည်း ရှီကျင့်ပင်က ကတိပြုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အဲဒီစီမံကိန်းဟာ  တစ်နိုင်ငံတည်းအတွက် သီးသန့်မဟုတ်ဘူးလို့ ဧပြီ ၂၆ ကပြုလုပ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ ရေကြောင်း၊ လမ်းမ နဲ့ မီးရထားလမ်းစီမံကိန်းတွေမှာ အများအပြားရင်းနီးမြုပ်နှံမှုတွေကတစ်ဆင့် အာရှ၊ ဥရောပနဲ့ အာဖရိကတို့ကို ဆက်သွယ်ဖို့ ရှေးခေတ်ပိုးလမ်းမဟောင်းကို ပြန်လည်ဆန်းသစ်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြားရေးရာဆိုင်ရာ ၎င်းရဲ့ ကိုယ်ပိုင်မူဝါဒကို ပေကျင်းမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကျင်းပင်က ဆွေးနွေးပြောဆိုပါတယ်။ အဲဒီစီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ခေတ်မီအခြေခံအဆောက်အဦးတွေအများကြီး …

Read More

ကျောက်ဖြူမြို့  ထွေ/အုပ် ခြံဝင်းအတွင်း ဗုံးတွေ့

ကျောက်ဖြူ၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းမှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အနီး သရက်ပင်အောက်မှာ ဒီကနေ့ မနက် ၈ နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “သတင်းတော့ကြားတယ်၊ အဲ့ဒီ ထွေအုပ်ခရိုင်မှူးနေအိမ်နားမှာ ဗုံးတစ်လုံးတွေ့တယ်လို့တော့သိရပါတယ်၊ ဘယ်လိုဖြစ်တာ လဲတော့မသိဘူး”လို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီဗုံးဟာ PVC ပိုက်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီဗုံးကို စစ်ဆေးမှုတွေပြုလုပ်နေကြောင်း အထွေထွေ အုပ်ချုပ်ရေးဌာန က ပြောပါတယ်။ “ဗုံးလို့တော့ပြောပါတယ်၊ ဘယ်လိုဗုံးလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး၊ စစ်ဆေးနေတယ်၊ လုံခြုံးရေးအတွက် ရှင်းလင်းမှုတွေတွေလည်း ဆောင်ရွက်နေပါတယ်”လို့ သူကပြောပါတယ်။ ဒါ့အပြင် အခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရုံးသန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတစ်ချို့ ထိခိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar#ကျောက်ဖြူမြို့ #ထွေ/အုပ်ခြံဝင်းအတွင်းဗုံးတွေ့#  

Read More

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကသာအကျဉ်းထောင် ကနေ အကျဉ်းသား အကျဉ်းသူ (၁၀၂) ဦး  လွတ်မြောက်

ဧပြီ ၂၆-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) ဒီကနေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ရဲ့ အမိန့်အမှတ် ၁၅/၂၀၁၉ အရ လူသားခြင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံသား အကျဉ်းသား/သူ (၆၉၄၈)ဦး တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားပဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာမှာ စစ်ကိုင်းတိုင်း ကသာခရိုင် ကသာအကျဉ်းထောင် မှာ ဒီနေ့မနက်(၁၀း၃၀) အချိန်မှာ စတင်ပြီး အကျဉ်းသား ကျား(၉၀)ဦး ၊ မ (၁၂)ဦး စုစုပေါင်း အကျဉ်းသား/သူ (၁၀၂) ဦး တို့ လွတ်မြောက်လာကြပြီး ကျန်ရှိနေသေးတဲ့ အကျဉ်းသား/သူ များထဲမှ လွတ်သင့်လွတ်ထိုက်သူများကိုလည်း စနစ်တကျစီစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်တွေ ကို ဆက်လက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။…

Read More

ဖမ်းဆီးခံမြောက်ဦးဒေသခံတွေထဲက သေဆုံးသူတစ်ချို့ရှိနေပြီး မိသားစုတွေကိုအကြောင်းကြားခြင်းမရှိသေး

မြောက်ဦး၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကကျေးရွာက ဒေသခံ ၂၇ ဦးတို့ကို ဧပြီလ ၁၀ ရက်နေ့မှာ သံသယရှိတယ်ဆိုပြီး တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဲ့ဒီဖမ်းဆီးခံခဲ့ရသူ ၂၇ ဦးထဲမှာ သေဆုံးသွားသူ သုံးဦးရှိခဲ့ပြီးတော့ အဲ့ဒီသေဆုံးသွားတဲ့သူတွေအပြင် ကျန်ရှိနေသူတွေကို ဘယ်နေရာမှာ ထားရှိတယ်ဆိုတာကို သိခွင့်ရဖို့အတွက် မိသားစုဝင်တွေက ဧပြီ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး အကူအညီတောင်းခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။   “ကျွန်တော်တို့ကတော့ ဒီကနေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌတို့နဲ့တွေ့ခဲ့တယ်။ အဲ့ဒီမှာ အကူအညီတောင်းခဲ့တယ်။ မိသားစုတွေနဲ့တွေ့ခွင့်မရဘူးဖြစ်နေတယ်။ တချို့သေသွားပြီဆိုတာကို အွန်လိုင်းပေါ်ကနေပဲ သိနေရတယ်။ အကြောင်းလည်းမကြားဘူး။ တွေ့ခွင့်လည်းမရဘူး။ ဒါကြောင့် ဘာကြောင့်သေတယ်။ ကျန်တဲ့လူတွေကို ဘယ်မှာထားတယ်ဆိုတာကို သိခွင့်ရဖို့အတွက် အကူအညီတောင်းခဲ့တာပါ။”လို့ ဦးမောင်ညွန့်သာက ပြောပါတယ်။ လက်ရှိမှာတော့ အဲ့ဒီဖမ်းဆီးခံနေရတဲ့ လက္ကာကျေးရွာသားတွေကို…

Read More
VOM News

FREE
VIEW