လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကသာအကျဉ်းထောင် ကနေ အကျဉ်းသား အကျဉ်းသူ (၁၀၂) ဦး  လွတ်မြောက်

ဧပြီ ၂၆-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

ဒီကနေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ရဲ့ အမိန့်အမှတ် ၁၅/၂၀၁၉ အရ လူသားခြင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံသား အကျဉ်းသား/သူ (၆၉၄၈)ဦး တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားပဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာမှာ စစ်ကိုင်းတိုင်း ကသာခရိုင် ကသာအကျဉ်းထောင် မှာ ဒီနေ့မနက်(၁၀း၃၀) အချိန်မှာ စတင်ပြီး အကျဉ်းသား ကျား(၉၀)ဦး ၊ မ (၁၂)ဦး စုစုပေါင်း အကျဉ်းသား/သူ (၁၀၂) ဦး တို့ လွတ်မြောက်လာကြပြီး ကျန်ရှိနေသေးတဲ့ အကျဉ်းသား/သူ များထဲမှ လွတ်သင့်လွတ်ထိုက်သူများကိုလည်း စနစ်တကျစီစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်တွေ ကို ဆက်လက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

#voiceofmyanmar #ကသာ #အကျဉ်းသား #လွတ်ငြိမ်းချမ်းသာ

Related posts

Leave a Comment

VOM News

FREE
VIEW