ခေတ်သစ်ပိုးလမ်းမစီမံကိန်း ကြွေးမြီထောင်ချောက်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ပေကျင်း ၊ ဧပြီ ၂၆-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့  ပိုးလမ်းမသစ်စီမံကိန်း ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေတာကို လျှော့ချဖို့ တရုတ်သမ္မတ ရှီကျင်းပင်က ကြိုးပမ်းနေပြီး ဒီစီမံကိန်းဟာ နိုင်ငံတွေအတွက် ကြွေးမြီထောင်ချောက် မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒါ့အပြင်  စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ကြွေးမြီအန္တရာယ်တွေကို ကာကွယ်ဖို့ကိုလည်း ရှီကျင့်ပင်က ကတိပြုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အဲဒီစီမံကိန်းဟာ  တစ်နိုင်ငံတည်းအတွက် သီးသန့်မဟုတ်ဘူးလို့ ဧပြီ ၂၆ ကပြုလုပ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ ရေကြောင်း၊ လမ်းမ နဲ့ မီးရထားလမ်းစီမံကိန်းတွေမှာ အများအပြားရင်းနီးမြုပ်နှံမှုတွေကတစ်ဆင့် အာရှ၊ ဥရောပနဲ့ အာဖရိကတို့ကို ဆက်သွယ်ဖို့ ရှေးခေတ်ပိုးလမ်းမဟောင်းကို ပြန်လည်ဆန်းသစ်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြားရေးရာဆိုင်ရာ ၎င်းရဲ့ ကိုယ်ပိုင်မူဝါဒကို ပေကျင်းမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကျင်းပင်က ဆွေးနွေးပြောဆိုပါတယ်။ အဲဒီစီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ခေတ်မီအခြေခံအဆောက်အဦးတွေအများကြီး …

Read More

ကျောက်ဖြူမြို့  ထွေ/အုပ် ခြံဝင်းအတွင်း ဗုံးတွေ့

ကျောက်ဖြူ၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းမှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အနီး သရက်ပင်အောက်မှာ ဒီကနေ့ မနက် ၈ နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “သတင်းတော့ကြားတယ်၊ အဲ့ဒီ ထွေအုပ်ခရိုင်မှူးနေအိမ်နားမှာ ဗုံးတစ်လုံးတွေ့တယ်လို့တော့သိရပါတယ်၊ ဘယ်လိုဖြစ်တာ လဲတော့မသိဘူး”လို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီဗုံးဟာ PVC ပိုက်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီဗုံးကို စစ်ဆေးမှုတွေပြုလုပ်နေကြောင်း အထွေထွေ အုပ်ချုပ်ရေးဌာန က ပြောပါတယ်။ “ဗုံးလို့တော့ပြောပါတယ်၊ ဘယ်လိုဗုံးလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး၊ စစ်ဆေးနေတယ်၊ လုံခြုံးရေးအတွက် ရှင်းလင်းမှုတွေတွေလည်း ဆောင်ရွက်နေပါတယ်”လို့ သူကပြောပါတယ်။ ဒါ့အပြင် အခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရုံးသန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတစ်ချို့ ထိခိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar#ကျောက်ဖြူမြို့ #ထွေ/အုပ်ခြံဝင်းအတွင်းဗုံးတွေ့#  

Read More

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကသာအကျဉ်းထောင် ကနေ အကျဉ်းသား အကျဉ်းသူ (၁၀၂) ဦး  လွတ်မြောက်

ဧပြီ ၂၆-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) ဒီကနေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ရဲ့ အမိန့်အမှတ် ၁၅/၂၀၁၉ အရ လူသားခြင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံသား အကျဉ်းသား/သူ (၆၉၄၈)ဦး တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားပဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာမှာ စစ်ကိုင်းတိုင်း ကသာခရိုင် ကသာအကျဉ်းထောင် မှာ ဒီနေ့မနက်(၁၀း၃၀) အချိန်မှာ စတင်ပြီး အကျဉ်းသား ကျား(၉၀)ဦး ၊ မ (၁၂)ဦး စုစုပေါင်း အကျဉ်းသား/သူ (၁၀၂) ဦး တို့ လွတ်မြောက်လာကြပြီး ကျန်ရှိနေသေးတဲ့ အကျဉ်းသား/သူ များထဲမှ လွတ်သင့်လွတ်ထိုက်သူများကိုလည်း စနစ်တကျစီစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်တွေ ကို ဆက်လက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။…

Read More

ဖမ်းဆီးခံမြောက်ဦးဒေသခံတွေထဲက သေဆုံးသူတစ်ချို့ရှိနေပြီး မိသားစုတွေကိုအကြောင်းကြားခြင်းမရှိသေး

မြောက်ဦး၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကကျေးရွာက ဒေသခံ ၂၇ ဦးတို့ကို ဧပြီလ ၁၀ ရက်နေ့မှာ သံသယရှိတယ်ဆိုပြီး တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဲ့ဒီဖမ်းဆီးခံခဲ့ရသူ ၂၇ ဦးထဲမှာ သေဆုံးသွားသူ သုံးဦးရှိခဲ့ပြီးတော့ အဲ့ဒီသေဆုံးသွားတဲ့သူတွေအပြင် ကျန်ရှိနေသူတွေကို ဘယ်နေရာမှာ ထားရှိတယ်ဆိုတာကို သိခွင့်ရဖို့အတွက် မိသားစုဝင်တွေက ဧပြီ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး အကူအညီတောင်းခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။   “ကျွန်တော်တို့ကတော့ ဒီကနေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌတို့နဲ့တွေ့ခဲ့တယ်။ အဲ့ဒီမှာ အကူအညီတောင်းခဲ့တယ်။ မိသားစုတွေနဲ့တွေ့ခွင့်မရဘူးဖြစ်နေတယ်။ တချို့သေသွားပြီဆိုတာကို အွန်လိုင်းပေါ်ကနေပဲ သိနေရတယ်။ အကြောင်းလည်းမကြားဘူး။ တွေ့ခွင့်လည်းမရဘူး။ ဒါကြောင့် ဘာကြောင့်သေတယ်။ ကျန်တဲ့လူတွေကို ဘယ်မှာထားတယ်ဆိုတာကို သိခွင့်ရဖို့အတွက် အကူအညီတောင်းခဲ့တာပါ။”လို့ ဦးမောင်ညွန့်သာက ပြောပါတယ်။ လက်ရှိမှာတော့ အဲ့ဒီဖမ်းဆီးခံနေရတဲ့ လက္ကာကျေးရွာသားတွေကို…

Read More

တစ်လနီးပါးပိတ်ပင်ထားတဲ့ ဇိုခေါထာရ်ကနေ မီဇိုရမ်ပြည်နယ်တွင်း မြန်မာကုန်ပစ္စည်းတင်ပို့မှုကို ပြန်လည်ဖွင့်မယ်

ဧပြီ ၊ ၂၅-၂၀၁၉ TGH ( VOM)   တစ်လနီးပါးပိတ်ပင်ထားတဲ့အိ န္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ဇိုခေါထာရ်ကနေ မီဇိုရမ်ပြည်နယ် တွင်း မြန်မာကုန်ပစ္စည်းတင်ပို့မှုကို ယနေ့ ဧပြီ ၂၅ ရက်မှာ ပြန်လှည်ဖွင့်လှစ်ပေးမလို့ ရိဒ်ခေါ်ဒါရ်မြို့ အမှတ် ၁ အုပ်ချုပ်ရေးမှူး ဦးချန့်လျန်းနာကပြောပါတယ်။   “၂၃ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို ကုန်စည်တင်ပို့မှုနဲ့ပတ်သက်ပြီး ကျန်ဖိုင်းကုန်စည်ပို့ဆောင်ရေး ကားလိုင်းအသင်းနဲ့ဇိုးခေါထာရ် ကုန်စည်ပို့ဆောင်ရေးအသင်း ဆွေးနွေးခဲ့တယ်။ ဒါပြီး ကုန်စည်တင်ပို့မှု ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူခဲ့ကြတယ်။ ဧပြီ ၂၅ ရက်နေ့မှာ ဖွင့်လှစ်ပေးမယ်ပေါ့” လို့ ဦးချန့်လျန်းနာကပြောပါတယ်။   ကုန်ပစ္စည်းတင်ဆောင်တဲ့ ယာဉ်တွေပိတ်ပင်ခံရတာကြောင့် မြန်မာနိုင်ငံကနေတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို မြန်မာ-အိန္ဒိယနယ်စပ်၊ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဇိုခေါထာရ်ကျေးရွာ အထိသာ တင်ပို့နိုင်ပြီး ဇိုခေါထာရ်ကျေးရွာကမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ အခြားမြို့တွေထံ ဆက်လက်တင်ပို့နိုင်ခြင်းမရှိတော့ပဲ ဇိုခေါထာရ်ကျေးရွာမှာ…

Read More

AA အနေနဲ့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်မလုပ်ဖို့ ချင်းလူမှုအဖွဲ့ထုတ်ပြန်

ရန်ကုန် ၊ဧပြီ -၂၅-၂၀၁၉ TGH (VOM) ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အနေနဲ့ ပလက်ဝမြို့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်မျိုး လုံးဝမလုပ်ဖို့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်ကနေ ဒီကနေ့မှာ တရားဝင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ” AAက ချင်းပြည်နယ်ကို မတည်မငြိမ်မှုတွေဖြစ်အောင် လုပ်နေတယ်။ဖွံ့ဖြိုးရေးကိုလဲ အဟန့်အထားဖြစ်စေသလို ပြည်သူတွေကိုလဲ ကြောက်စိတ်တွေဖြစ်စေတယ်။ ချင်းပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးဟာ အဆင်းရဲဆုံးနဲ့ဖွံ့ဖြိုးမှုနှောက်နှေးနေရတယ်။ အစိုးရဘက်က ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်နေတဲ့လုပ်ငန်းတွေကို AAကြောင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေရပ်တန့်နေတာတွေ မဖြစ်သင့်ဘူး။” လို့ တစ်ပြည်နယ်လုံးဆိုင်ရာ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် ဦးဆောင်သူ ဦးယာကုတ်ထန်က ပြောပါတယ်။ AA အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပလက်ဝမြို့မှာ တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကူးတံတာအတွက် အသုံးပြုမယ့် တံတားသံဘောင် တန်ချိန်(၃၀၀) ကျော်တင်ဆောင်လာတဲ့သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နယ်စပ်ကားလမ်းဖောက်လုပ်တဲ့ ဆုထူးစံကုမ္ပဏီ ၀န်ထမ်း ၈ ဦးကိုလည်း…

Read More

ရွာငံမြို့နယ်မှာ လေပြင်းနဲ့အတူ မိုးသီးကျလို့  စိုက်ပျိုးသီးနှံတွေနဲ့ လူနေအိမ်တွေပျက်စီးမှု သိန်းလေးထောင်နီးပါးရှိနိုင်

နေပြည်တော်၊ ဧပြီ၂၅-၂၀၁၉ ဒီပ(နေပြည်တော်) ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှာ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းက လေပြင်းကျရောက်မှုနဲ့အတူ မိုးသီးများကြွေကျမှုကြောင့် သီးနှံပင်များစွာနဲ့အတူ လူနေအိမ်သွပ်မိုး အများအပြား ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။ ယင်းမြို့နယ်မှာ လွန်ခဲ့သောနှစ်(၃၀)ခန့်က တစ်ကြိမ်တစ်ခါ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ၂၀၁၆ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှာတစ်ကြိမ် လေပြင်းကျရောက်မှုကြောင့် ပျက်စီးမှုများခဲ့ရပြီး အခု၂၀၁၉ခုနှစ် ဧပြီ(၂၃)ရက်နေ့မှာညလ်း လေပြင်းကျရောက်မှုနဲ့အတူ မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်သွပ်မိုး အများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။ “ဧပြီ(၂၃)ရက်နေ့ ညနေပိုင်းမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးသီးကြွေကျတယ် ရပ်ကွက်နဲ့ကျေးရွာ အိမ်ခြေစုစုပေါင်း (၁၉၂၅)အိမ်နဲ့ သွပ်အချပ်ရေပေါင်း (၆၉၅၂၄)ချပ်ပျက်စီးခဲ့တယ် ဆုံးရှုံးမှုကို ပြန်ကြည့်မယ်ဆိုရင် သိန်းပေါင်း(၃၇၀၀)ကျော်ရှိမယ်”လို့ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောကြားခဲ့ပါတယ်။ ကမ္ဘာအနှံ့ ဆယ်စုနှစ်ကာလ(သို့) ရာစုနှစ်ချီ၍ ပြောင်းလဲသွားတဲ့ ရာသီဥတုဖြစ်စဉ် (Climate Change)ကြောင့် မြန်မာနိုင်ငံရဲ့ အသားတင်ရငွေ…

Read More

ကံမ ဥသျှစ်ကုန်းရွာတောင်သူတွေ မြေနုကျွန်းလုပ်ခွင့်မရလို့ ဆန္ဒပြ

ကံမ ဧပြီ ၂၅-၂၀၁၉ ဂျန်​ကိုးလ်​ (VOM)   မ​ကွေးတိုင်း သရက်​ခရိုင်​ ကံမမြို့နယ်​ ဥသျှစ်​ကုန်း​ကျေးရွာ​ဘေးက ဖြတ်​သန်းစီးဆင်းတဲ့ မင်းတုန်း ချောင်းအတွင်းမှာ ​ပေါ်ထွန်းလာတဲ့ ​မြေနုကျွန်းများ ပြန်​လည်​လုပ်​ကိုင်​ခွင့်​ရရှိဘို့ ဥသျှစ်​ကုန်း​ကျေးရွာ​ဒေသခံများက ဧပြီလ၂၅ရက်​မနက်​ပိုင်းမှာ ကံမမြို့​ပေါ်မှာ ဆန္ဒ​ဖေါ်ထုတ်​ခဲ့ကြတယ်​လို့​ဒေသခံများထံကသိရပါတယ်​။   သူတို့​ကျေးရွာအနီးက​ပေါ်ထွန်း​နေတဲ့ ​မြေနုကျွန်းတွေပေါ်မှာ လုပ်ကိုင်​ခွင့်​အမြန်​ပြန်​ရရှိ​ရေး ​မြေစာရင်းဌာနရဲ့ အလွဲတွေပြင်​ဆင်​​ပေး​ရေးအတွက်​ ​တောင်းဆိုမှု​တွေပြုလုပ်​ခဲ့တာလို့သိရပါတယ်​။   “ကျမတို့ ဘိုးဘွားလက်ထက်ကတည်းကလုပ်လာတဲ့မြေတွေ အခုမလုပ်ရတာ သုံးနှစ်လောက်ရှိပြီ အိမ်က ကလေးတွေလည်း အလုပ်မရှိလို့ နိုင်ငံခြားထွက်အလုပ်လုပ်နေရတယ် မြေနုကျွန်းက ကျမတို့ရွာနဲ့ တစ်ဆက် တစ်စပ်တည်း ပေါ်နေတဲ့မြေတွေကို မြေစာရင်းဌာနက တလွဲတွေချထားပေးခဲ့တာ အဲဒီအတွက် အမြန်ဆုံး ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် တောင်းဆိုရတာပါ”လို့ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဒေါ်ကြည်ကြည်မြင့်က ပြောပါတယ်​။   ဆန္ဒ​ဖေါ်ထုတ်​သူတွေဟာ​ ကံမမြို့​ထိပ်​က​နေ မြို့တွင်းလှည့်​ကာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနရှေ့ထိ သွားရောက် တောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်​။  …

Read More

စစ်ကိုင်းမြို့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာက အမျိုးသားတစ်ဦး ရေနစ်သေဆုံး

စစ်ကိုင်း ဧပြီ ၂၅-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊သောတာပန်ရပ်ကွက် လေးကျွန်းမာန်အောင်စေတီတော်ရှေ့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာကနေ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုကို ဒီနေ့ နံနက် ၈ နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံကနေသိရပါတယ်။   ရေနစ်သေဆုံးသူဟာ စစ်ကိုင်းမြို့၊သောတာပန်ရပ်ကွက်အုပ်စု ထွဋ်ခေါင်ရပ်ကွက် နေ ဦးဝင်းအောင် (၄၁ ) နှစ်ဆိုသူဖြစ်ပြီး သေဆုံးသူရဲ့ ညီအကိုတော်စပ်သူ နှစ်ယောက် နဲ့ အတူ ရေချိုးလာရာမှ ယခုကဲ့လို ရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သေဆုံးသူရဲ့ညီကိုဝမ်းကွဲတော်စပ်သူ ဦးသန်းထိုက်ကပြောပါတယ်။   ရေနစ်သေဆုံးခဲ့တဲ့ဦးဝင်းအောင် (၄၁ ) နှစ် ရဲ့ရုပ်အလောင်းကို တွေ့ရန်တွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း)၊သုခကာရီ( Resuce) ၊မန္တလေးမှ ကယ်ဆယ်ရေးအဖွဲ့ နဲ့ ဒေသခံရေလုပ်သားတို့ ပူးပေါင်းပြီး ရှာဖွေနေကာလက်ရှိအချိန်ထိ ရှာဖွေတွေ့ခြင်းမရှိသေးဘူးလို့အရေးပေါ်ကယ်ဆယ်ရေးဖွဲ့စစ်ကိုင်းမှာ ကူညီပေးနေသူတွေက ပြောပါတယ်။   #voiceofmyanmar #စစ်ကိုင်း  #ရေနစ်

Read More

မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးရှိနေ

ရန်ကုန် ၊ဧပြီ ၂၅-၂၀၁၉ TGH(VOM)   မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ဦးရှိနေပြီး သေဆုံးသူ ၅၀ ကျော်ရှိတယ်လို့ ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ ၂၀၁၈ အရသိရပါတယ်။   ပြည်နယ်တွေမှာ တီဘီဖြစ်ပွားနူန်း သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ တီဘီဖြစ်ပွားနှုန်းကတော့ သိသာတဲ့ကျဆင်းမှုမျိုး မရှိဘူးလို့လည်းသိရပါတယ်။   “ခုလို အခြေအနေမျိုးက  ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် ရှိနေဆဲဆိုတာတွေ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အဲ့ဒီ နိုင်ငံစာရင်းထဲကနေ ပယ်ဖျက်ခံရဖို့ကို လုပ်ဆောင်နေတယ်” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဧပြီလ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်း ၂၀၁၇ -၂၀၁၈ ဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။     ဒီအခြေနေဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တီဘီလျော့ကျာမှု အနေအထားဖြစ်သလို …

Read More
VOM News

FREE
VIEW