ဟွာဝေးရဲ့ အစွမ်းအစကို အမေရိကန် လျှော့တွက်နေတယ်လို့ ကုမ္ပဏီတည်ထောင်သူပြော

ပေကျင်း၊ မေ-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေကို ပိတ်ဆို့ဖို့ အမေရိကန်ရဲ့ အားထုတ်မှုများကို ကုမ္ပဏီတည်ထောင်သူ ရန်ဇန်ဖိန်က ဝေဖန်ပြောဆိုလိုက်ပြီး ဟွာဝေးကုမ္ပဏီရဲ့ အစွမ်းအစကို အမေရိကန်ကလျှော့တွက်နေတယ်လို့  မေ ၂၁ ရက်က ပြောဆိုလိုက်ပါတယ်။

 

အမေရိကန်မှာ ဟွာဝေးရဲ့ လုပ်ငန်းတွေကို ဖြတ်တောက်ဖို့ရည်ရွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်တွေထုတ်ပြန်ခဲ့တဲ့နောက် ရက်အနည်းငယ်အကြာမှာ  တရုတ်နိုင်ငံပိုင် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဟွာဝေးတည်ထောင်သူ မစ္စတာရန်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံရေးသမားတွေရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေက မိမိတို့ရဲ့ အစွမ်းအစကို လျှော့တွက်နေတာဖြစ်တယ်လို့  ၎င်းကပြောဆိုခဲ့တာကို စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

 

အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့်  ဟွာဝေးစမတ်ဖုန်းအသုံးပြုသူတွေမှာ သိသိသာသာ သက်ရောက်မှုများရှိလာနိုင်ပြီး ဟွာဝေးကုမ္ပဏီအနေနဲ့ ဂျီမေး၊ ဂူဂဲလ်မြေပုံအပါအ၀င်  ဂူဂဲလ်ရဲ့  ၀န်ဆောင်မှုတွေကို ရရှိနိုင်တော့မှာမဟုတ်ပါဘူး။

 

ဒါပေမယ့် ယာယီလိုင်စင်ခွင့်ပြုပြီး နည်းပညာလွှဲပြောင်းမှုပိတ်ပင်တားမြစ်ချက်ကို  ရက် ၉၀ ဆိုင်းငံ့ပေးထားတယ်လို့  အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၂၀ ရက်တွင် ထုတ်ပြန်ထားပါတယ်။

 

ဒီလို ရက် ၉၀  ယာယီလိုင်စင်ပေးတာဟာ မိမိတို့အပေါ် များစွာ သက်ရောက်မှုမရှိဘဲ အားလုံးအတွက် အသင့်ဖြစ်နေပြီလို့ ဟွာဝေး တည်ထောင်သူ မစ္စတာရန်က ဆိုပါတယ်။

 

ဟွာဝေးထုတ်ကုန်တွေမှာ အသုံးပြုတဲ့ ချစ်ပ်တွေရဲ့ ထက်ဝက်မှာ အမေရိကန်ကုမ္ပဏီတွေဆီက ၀ယ်ယူနေရပြီး ကျန်တစ်ဝက်ကတော့ တရုတ်ကုမ္ပဏီက ပြုလုပ်တာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ အမေရိကန်က ၀ယ်ယူနေရတဲ့ ချစ်ပ်တွေကို မိမိတို့ ထုတ်လုပ်နိုင်တယ်လို့လည်း ၎င်းကပြောပါတယ်။

Ref : CNA

Photo :AFP

#voiceofmyanmar #ဟွာဝေးအစွမ်းအစကိုလျှော့တွက်နေတယ် #တည်ထောင်သူပြော #အမေရိကန်ပိတ်ဆို့ # တရုတ် #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW