စစ်ရှောင်တောင်သူတွေ နေရပ်မပြန်နိုင်ရင် လာမယ့်နှစ်မှာ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးမလုံလောက်နိုင်

စစ်တွေ၊ မေ ၇-၂၀၁၉ ခိုင်လင်စံ (VOM)     ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃၈၀၀၀ ကျော်ထိရှိလာနေပြီဖြစ်ပါတယ်။     အဲ့ဒီစစ်ဘေးရှောင်တွေရဲ့ ရာခိုင်နှုန်းအများစုတို့ဟာ တောင်သူလယ်သမားတွေဖြစ်ကြပြီး အဲ့ဒီတောင်သူတွေအနေနဲ့ ထွန်တုံးချချိန်မတိုင်ခင် နေရပ်သို့မပြန်နိုင်ပါက လာမယ့်နှစ်မှာ ရခိုင်ပြည်နယ်ရဲ့ စပါးထွက်ရှိမှုကိုထိခိုက်မှာဖြစ်သလို ဆန်စပါးမလုံလောက်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုကြပါတယ်။   “ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲ့ဒီတောင်သူလယ်သမား တွေကို ကျန်တဲ့ပြည်သူတွေအားလုံးက မှီခိုပြီးတော့ နေရတာဖြစ်ပါတယ်။ တကယ်လို့များ ဒုက္ခသည်စခန်းကိုရောက်နေတဲ့ တောင်သူတွေဟာ နေရပ်ကိုမပြန်နိုင်ဘူးလို့ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ကျဆင်းသွား လိမ့်မယ်။ စားဝတ်နေရေးမဖုံလုံဖြစ်လာနိုင်တယ်။”လို့ မြောက်ဦးမဲဆန္ဒနယ်မြေအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။     ရခိုင်ပြည်နယ်ဟာ နှစ်စဉ်မိုးဥတုကိုစောစီးစွာဝင်ရောက်တဲ့ ဒေသတစ်ခုဖြစ်ပြီး မေးလအကုန်ပိုင်းမှာ…

Read More

မက္ကဆီကိုမြောက်ပိုင်းမှာ လေယာဉ်တစ်စင်းပျက်ကျ လူ ၁၃ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ မေ-၇-၂၀၁၉ မျိုးဆက် (VOM)     လပ်ဗီးဂတ်စ်မှာ လက်ဝှေ့ပွဲကြည့်ပြီး ပြန်လာတဲ့ မိသားစုတစ်ခုမှ လူငါးဦးအပါအ၀င် လူ ၁၃ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ  ပျက်ကျသွားပြီး လိုက်ပါလာသူအားလုံး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက မေ ၆ ရက်တွင်မှာပြောပါတယ်။     မေ ၅ ရက်က လပ်ဗီးဂတ်စ်ကနေ ထွက်ခွာလာပြီး ပျက်ကျသွားတဲ့ အဆိုပါလေယာဉ်ရဲ့ အပျက်အစီးတွေကို အိုကမ်ပိုမြောက်ပိုင်းမှာ ဝေဟင်ထောက်လှမ်းရှာဖွေမှုကတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့တယ်လို့ကိုဝီလာပြည်နယ် အစိုးရက ထုတ်ပြန်ပါတယ်။     မီးလောင်ထားသည့်လေယာဉ်အပိုင်းအစတွေ၊ ကျိုးပဲ့နေတဲ့ပစ္စည်းတွေဟာ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ ဓါတ်ပုံကို ဒေသတွင်း ရုပ်မြင်သံကြား ဌာနတစ်ခုက ထုတ်လွှင့်ပြသခဲ့ပါတယ်။လေယာဉ်ပျက်ကျရာမှာ ပါဝင်သူတွေဟာ  ဘယ်နိုင်ငံနိုင်ငံသားတွေလည်းဆိုတာကိုရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် လိုက်ပါခဲ့သည့် ခရီးသည် ၁၀ ဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦးတို့ရဲ့…

Read More

သရုပ်ဆောင် မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်

ရန်ကုန် မေ ၇ -၂၁၀၉ သင်းသဒ္ဒါ (VOM)   မူးယစ်ဆေးဝါးအမူနဲ့ ထောင်ဒဏ်(၁၇)နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင် ကတော့ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။     “ကျွန်တော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ၊ လွတ်မြောက်ခွင့်ရ ရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သ ပေးကြသူတွေ အားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကွန်တော်တို့မိသားစုကို စောင့်လျှောက်ဖေးမကူညီကြသူတွေ အားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျား”လို့ ယနေ့ နံနက်ပိုင်းက အဆိုတော် အောင်ရင်က  သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။     သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ မူး/စိတ်ပုဒ်မ ၁၉(က)အရ ထောင်ဒဏ်(၁၂)နှစ်ချမှတ် ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးမှာ် ၂နှစ်ကျော်ကြာ မူးယစ်ဆေးဝါးပုဒ်မတွေနဲ့ ရာဇသတ်ကြီးအမှုအမှတ် ၂၇၀/၂၀၁၆ အရစစ်ဆေးနေသော ဘုန်းမြင့်အောင်ပါ ၃ အမှုမှာ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို…

Read More

မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်တယ်ဆိုပြီး ဖမ်းထားသူတွေကို  ရုံးထုတ်

ငါန်းဇွန် မေ – ၇ -၂၀၁၉ ရဲရင့်မင်းခန့်     မန္တလေးတိုင်း  ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ဥယျာဉ်အတွင်းမှာ  ပြည်ပကုမ္ပဏီတစ်ခုက စိုက်ပျိုးထားတဲ့ စိုက်ခင်းဟာ ဆေးခြောက်စိုက်ခင်းဆိုပြီး ဖမ်းထားသူ တွေကို ဒီကနေ့ ငါန်းဇွန်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ချုပ်ရက်ရမ္မာန်ထပ်ယူခဲ့ပါတယ်။   ဒီအမှုမှာ  ဖမ်းခံထားရတဲ့   3M ကုမ္ပဏီဘက်က  ဥပဒေ အကြံပေးအဖြစ်လိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း ပြောပြတာက   ” ဒီကိစ္စက ခိုးကြောင်ခိုးဝှက်နဲ့ စိုက်ပျိုးတာ မဟုတ်ပါဘူး။ အစိုးရရဲ့တရားဝင်ခွင်ပြုချက်အပြင် မြို့သာစက်မှုဇုံစီမံကိန်းရဲ့ သဘောတူ ခွင်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာပါ။ ဒါကို  လူမှုကွန်ယက် စာမျက်နှာကနေစပြီး ဖွလိုက်တဲ့အတွက် အခုလိုတွေ ဖြစ်ကုန်တာပါ။ နောက်ပြီးမှူးယစ်ဗဟိုဌာနနဲ့ ပြည်ထဲရေးအနေနဲ့ ဒီကိစ္စကို အသေအချာလေ့လာပြီးစမ်းသပ် စစ်ဆေးဖို့လိုတယ်။ ဒီလိုစိုက်ပျိုးမှုကို နိုင်ငံတကာ အားလုံးက လက်ခံပေမယ့် အခုလို ဖြစ်နေတဲ့အပေါ်…

Read More

မီတာခများတိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်ရရှိ မကြာခင် ပြောင်းလဲကောက်ခံမည်

ပင်လောင်း မေ ၇-၂၀၁၉ သစ်တော် (VOM)     အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားခ အသုံးပြုခကို တိုးမြှင့်ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်ကနေ ခွင့်ပြုချက်ရရှိပြီး မကြာခင် ပြောင်းလဲကောက်ခံသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက ပြောပါတယ်။   “လက်ရှိမှာ အားလုံးသိကြတဲ့အတိုင်း လျှပ်စစ်ကို အလှည့်ကျစနစ်နဲ့ ခွဲဝေသုံးစွဲနေရတာဖြစ်ပါတယ်။ မီတာခတွေ အခွန်ခတွေ ပြန်ကြည့်မယ်ဆိုရင် အရှုံးတွေမြောက်များစွာ ပေါ်နေပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ရန်ပုံငွေတွေ၊ ဘဏ္ဍာရေးတွေ တောင့်တင်းဖို့လိုအပ်ပါတယ်။ လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်တဲ့ စရိတ်ဟာ ၁၀၀ အထက်မှာရှိပါတယ်။ ဒါပေမယ့် ပြည်သူလူထုကို ကောက်ခံတဲ့ နှုန်းထားက ၅၀ တောင်မရှိပါဘူး။ မီတာခတွေ တိုးမြှင့်ကောက်ခံဖို့ လုပ်နေပါပြီ။ ပြည်ထောင်စုအဖွဲ့ဆီကလည်း ခွင့်ပြုချက်ရပါပြီ။ မကြာခင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့တော်တော်လေး နစ်နာနေပါပြီ။ မျှမျှတတ တွေးဖို့လိုပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက…

Read More

ပဲခူးတိုင်း အ​နောက်​ခြမ်းမှာ တစ်​ပတ်​အတွင်း​လေပြင်းတိုက်​လို့လူ​နေအိမ်​ တစ်​​ထောင်​နီးပါး ​လေ​ဘေးသင့်​ခဲ့

မေ ၆ -၂၀၁၉ မိုးယံ ဇီးကုန်း     ​မေလ ၂ ရက်​​နေ့က​နေစတင်​ပြီး​တော့ တစ်​ပတ်​တာကာလအတွင်း တိုက်​ခတ်​ခဲ့တဲ့ ​လေပြင်း​ကြောင့်​ ပဲခူး တိုင်းအ​နောက်​ခြမ်းမှာ ရှိတဲ့လူ​နေအိမ်​ တစ်​​ထောင်​နီးပါး ပျက်​စီးခဲ့တယ်​လို့ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန က သိရပါတယ်​။   ​မေလ ၂ ရက်​​နေ့မှာ တစ်​ကြိမ်​ ​မေလ ၄ ရက်​​နေ့မှာ တစ်​ကြိမ်​နဲ့ ​မေလ ၅ရက်​​နေ့က ပဲခူးတိုင်းအ​နောက်​ခြမ်း မှာရှိတဲ့ (၁၄)မြို့နယ်​မှာ ​လေပြင်း​တွေတိုက်​ခတ်​ခဲ့တာဖြစ်​ပါတယ်​။   ဒီလိုတိုက်​ခတ်​ခဲ့တဲ့​လေပြင်း​တွေ​ကြောင့်​ လူနဲ့တိရစ္ဆာန်​​တွေ ထိခိုက်​ ပျက်​စီး မှုမရှိပင်​မယ့်​ လူ​နေအိမ်​(၃၀၀)ခန့်​ပြိုလဲခဲ့ပြီး စာသင်​​ကျောင်း ဘုန်း​တော်​ကြီး ​ကျောင်းအပါအဝင်​ အ​ဆောက်​အဦး တစ်​​ထောင်​နီးပါး ပျက်​စီးခဲ့တယ်​လို့ ​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန က သိရပါတယ်​။   ​မေ၂ရက်​​နေ့က တိုက်​ခတ်​ခဲ့တဲ့ ​လေပြင်း​ကြောင့်​ မိုးညိုမြို့နယ်​ မှာ ပျက်​စီး ခဲ့တဲ့…

Read More

ရခိုင်နယ်စပ်လုံခြုံရေး လျှပ်စစ်မီးသွယ်တန်းဖို့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆ရာနီးပါး လိုအပ်နေမှု လွှတ်တော်က အတည်ပြုပေးဖို့  ပြည်ထဲရေးပြော

နေပြည်တော်၊မေလ -၆- ၂၀၁၉ ဒီပ(နေပြည်တော်)   ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြုံရေးအတွက် လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အရေးပေါ်ရန်ပုံငွေကနေ ငွေကျပ် ၅၈၇ဒသမ၄၃၇သန်း လိုအပ်နေမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ မေလ(၆)ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့ပါတယ်။   “ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ရုံး ကွပ်ကဲမှုအောက်ရှိ ရခိုင်ပြည်နယ်နယ်စပ်ဒေသ နယ်မြေလုံခြုံရေး အခြေအနေအရ အမှတ်(၁)၊အမှတ်(၂) ၊ အမှတ်(၃)၊အမှတ်(၄) နယ်ခြားစောင့်ရဲကွပ်ကဲမှု တပ်ဖွဲ့ခွဲများ လုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ နယ်ခြားရေးရဲတပ်ဖွဲ့ခွဲများရှိ အုပ်ချုပ်မှုနဲ့ လူနေအဆောက်အဦများမှာ လျှပ်စစ်မီးမရရှိသည့်သေးတဲ့အတွက် လုံခြုံရေးအခြေအနေအရ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေတာကြောင့် စုစုပေါင်း ရန်ပုံငွေကျပ် ၅၈၇ ဒသမ ၄၃၇ သန်း လိုအပ်လျှက်ရှိပါတယ်”လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။   အဲဒီရန်ပုံငွေနဲ့ နယ်ခြားစောင့်…

Read More

ဒေသခံတွေက တစ်သျှူးငှက်ပျောစိုက်ပျိုးမှုဟာ အန္တရယ်ရှိတယ်လို့ ဆိုကြပေမယ့် ပိတ်ပစ်ဖို့မရှိဘူးလို့ ကချင်ပြည်နယ် လယ်/ဆည်ဝန်ကြီးပြော

မြစ်ကြီးနား မေ ၆-၂၀၁၉ ရန်အောင်ထွန်း     ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ပိတ်ပစ်ဖို့ ဒေသခံအများစု တောင်းဆိုနေပေမယ့် ပိတ်ပစ်လိုက်ဖို့ စိတ်ကူးမရှိဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးက ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်းက တစ်သျှူးငှက်ပျောစိုက်ခင်းရှိရာ ဒေသတွေမှာ တစ်သျှူးငှက်ပျော စိုက်ခင်းသုံး မြေသြဇာစားမိလို့ ဒေသခံတွေရဲ့ ကျွဲ နွားသေဆုံးမှုတွေ ၊ ငှက်ပျောခြံအတွင်း ကျွဲ နွား တိရစ္ဆာန် ၀င်တဲ့အခါမှာ နစ်နာကြေးတောင်းမှုတွေ စတဲ့ဖြစ်ရပ်တွေကြောင့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုပိတ်ပေးဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဆီ တောင်းဆိုချင်တာလို့ လမြန်ကျေးရွာက တောင်သူ ဒေါ်ခေါန်ယမ်းက ပြောပါတယ်။ ယခင်အစိုးရလက်ထက်ကတည်းက တစ်သျှူးငှက်ပျော တရားမ၀င် စိုက်ပျိုးခွင့် ပေးခဲ့တာ၊ နယ်မြေစိုးမိုးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတာ အစရှိတဲ့အချက်တွေကြောင့် လက်ရှိအစိုးရအနေနဲ့ အရေးယူလို့ မရဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်…

Read More

ကန့်ဘလူမြို့နယ် ဘူးကုန်းကတောင်သူတွေ သူတို့မြေတွေပြန်ရရေး မုံရွာမြို့ပေါ်တက် ဆန္ဒပြ

မုံရွာ မေ ၆-၂၀၁၉ ရန်နိုင်စိုး (VOM)   စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာက တောင်သူတွေဟာ ပြောင်းစိုက်ခင်းစီမံကိန်းနဲ့ပတ်သတ်ပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ မေလ ၆ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။   အဆိုပါ လယ်ယာမြေတွေကို ၁၉၈၀ ခုနှစ်က မြန်မာ့စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းမြေအဖြစ် နှစ် ၃၀ စာချုပ်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုအခါ စာချုပ်သက်တမ်းပြည့်ပြီဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ၄င်းတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည်လိုချင်ကြတာပါ။   သိမ်းဆည်းခံရစဉ်က လယ်ယာမြေဧက ၅၀၀၀ ကျော်ရှိရာစီမံကိန်းမအောင်မြင်ရာမှာတော့ တပ်မတော်ကို ဧက ၃၀၀၀ ခွဲပေးခဲ့ပြီး ကျန် ၂၀၀၀ ကျော်ကို ယခုအချိန်ထိ မူလတောင်သူတွေထံ မအပ်နှံပဲ အဆင့်ဆင့်သီးစားချလျှက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။   ဒီကိစ္စနဲ့ပတ်သတ်ပြီး လယ်ယာမြေပြန်လည်ပေးအပ်ဖို့တောင်းဆိုတဲ့ တောင်သူ…

Read More

DMG က သတင်းထောက်တွေကို ဆောင်းပါးတစ်ပုဒ်နဲ့ အင်တာဗျူးတစ်ပုဒ်ကိစ္စ စစ်ဆေး

စစ်တွေ၊ မေ ၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့  Development Media Group(DMG) သတင်းဌာနကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) နဲ့ သတင်းတပ်ဖွဲ့ SB က တရားစွဲဆိုထားပါတယ်။   အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်နှစ်ဦးကို မနေ့ကညနေပိုင်းကနေ စတင်ပြီးတော့ ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီဌာနကဖော်ပြခဲ့တဲ့တောင်းပါးတစ်ပုဒ်နဲ့ ရုပ်သံအင်တာဗျူးတစ်ပုဒ်ကိစ္စတွေကို မေးမြန်းခံခဲ့ရတယ်လို့ သတင်းထောက်ချုပ် နေဝင်းစံကပြောပါတယ်။   “ကျွန်တော်တို့ကို ဘာကြောင့်ခေါ်စစ်နေတာလဲလို့မေးတော့။ ကျွန်တော်တို့သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို SB ကနေ တရားစွဲထားတယ်လို့ ရဲစခန်းကနေပြောပါတယ်။ သူတို့ဆီကိုတိုင်ကြားတဲ့စာမှာ ဦးအောင်မင်းဦးနဲ့ သက်ဆိုင်သူတွေကို ဆိုပြီးတော့ ပါတယ်လို့သိရတယ်ဗျ။ ကျွန်တော်ကိုတော့ ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့တဲ့ မြောက်ဦးမြို့လူထုဆန္ဒပြပွဲကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကိုရေးထားတဲ့ “မြောက်ဦးမြို့မှာ ကွယ်တဲ့လ”ဆောင်းပါးကိစ္စကိုစစ်တယ်။ ဘာကိစ္စနဲ့စွဲတယ်ဆိုတာတော့ မပြောဘူး။”လို့ နေဝင်းစံကပြောပါတယ်။   SB အနေနဲ့ DMG သတင်းဌာနကိုတရားစွဲဆိုဖို့ တိုင်ကြားတဲ့အခါမှာ…

Read More
VOM News

FREE
VIEW