သရုပ်ဆောင် မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်

ရန်ကုန် မေ ၇ -၂၁၀၉

သင်းသဒ္ဒါ (VOM)

 

မူးယစ်ဆေးဝါးအမူနဲ့ ထောင်ဒဏ်(၁၇)နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင် ကတော့ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

 

 

“ကျွန်တော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ၊ လွတ်မြောက်ခွင့်ရ ရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သ ပေးကြသူတွေ အားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကွန်တော်တို့မိသားစုကို စောင့်လျှောက်ဖေးမကူညီကြသူတွေ အားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျား”လို့ ယနေ့ နံနက်ပိုင်းက အဆိုတော် အောင်ရင်က  သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

 

သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ မူး/စိတ်ပုဒ်မ ၁၉(က)အရ ထောင်ဒဏ်(၁၂)နှစ်ချမှတ် ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးမှာ် ၂နှစ်ကျော်ကြာ မူးယစ်ဆေးဝါးပုဒ်မတွေနဲ့ ရာဇသတ်ကြီးအမှုအမှတ် ၂၇၀/၂၀၁၆ အရစစ်ဆေးနေသော ဘုန်းမြင့်အောင်ပါ ၃ အမှုမှာ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို ဒီဇင်ဘာ (၁၂) ရက် နေ့ရုံး ချိန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ကာကွယ်တားဆီးရေး အက်ဥပဒေ ပုဒ်မ-၁၉(က)အရထောင်ဒဏ်(၁၂)ကျခံစေရန်အပြီးသတ်အမိန့်ချမှတ်လိုက်ပါတယ်။

 

အမှုဖြစ်စဉ်မှာတော့ ၂၀၁၆ခုနှစ်၊ ဩဂုတ် (၂၉)ရက်နေ့ နံနက်ပိုင်းကမှာ သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ  သူ့ရဲ့ချစ်သူမိန်းကလေးအိမ်မှာ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် ။ အဲဒီနောက် သူငှားရမ်းနေထိုင်တဲ့ တာမွေမြို့နယ်ရှိ တိုက်ခန်းသို့သွားရောက်ရှာဖွေရာ ဘုန်းမြင့် အောင် (ခ) ဒေးဗစ်နှင့် လူလူသန်းတို့ကို မူးယ စ်ဆေးဝါးတွေနဲ့ အတူတွေ့ရှိရသဖြင့် မိုးေ အာင်ရင်ကိုပုဇွန်တောင်မြို့ နယ်တရားရုံးတွင် လည်းကောင်း၊ဘုန်းမြင့်အောင်ပါ၃ဦးတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးတွင်လည်းကောင်း မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊သုံးစွဲမှု၊ရောင်းဝယ်ဖောက်ကားမှုတို့အပေါ်မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅၊၁၆(ဂ)၊၁၉(က)တို့နဲ့ အသီးသီးတရားစွဲဆိုစစ်ဆေးဆောင် ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

 

#voiceofmyanmar  #မိုးအောင်ရင်

 

ဓာတ်ပုံ မိုးအောင်ရင်ဖေ့ဘွတ်

Related posts

Leave a Comment

VOM News

FREE
VIEW