မေ ၆ -၂၀၁၉
မိုးယံ ဇီးကုန်း
မေလ ၂ ရက်နေ့ကနေစတင်ပြီးတော့ တစ်ပတ်တာကာလအတွင်း တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပဲခူး တိုင်းအနောက်ခြမ်းမှာ ရှိတဲ့လူနေအိမ် တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က သိရပါတယ်။
မေလ ၂ ရက်နေ့မှာ တစ်ကြိမ် မေလ ၄ ရက်နေ့မှာ တစ်ကြိမ်နဲ့ မေလ ၅ရက်နေ့က ပဲခူးတိုင်းအနောက်ခြမ်း မှာရှိတဲ့ (၁၄)မြို့နယ်မှာ လေပြင်းတွေတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုတိုက်ခတ်ခဲ့တဲ့လေပြင်းတွေကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက် ပျက်စီး မှုမရှိပင်မယ့် လူနေအိမ်(၃၀၀)ခန့်ပြိုလဲခဲ့ပြီး စာသင်ကျောင်း ဘုန်းတော်ကြီး ကျောင်းအပါအဝင် အဆောက်အဦး တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရပါတယ်။
မေ၂ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် မိုးညိုမြို့နယ် မှာ ပျက်စီး ခဲ့တဲ့ အိမ်ခြေ ခြောက်လုံးအတွက် မေလ ၃ ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲ မှုဦးစီးဌာနက (၃၇၈၅၀၀)ကျပ်နဲ့ အိမ်သုံးပစ္စည်း၁၆ မျိုး သုံးပုံး ထောက်ပံ့ခဲ့တယ်လို့ မိုးညို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရပါတယ်။
မေလ ၄ ရက်နဲ့၅ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လေဘေးသင့်ခဲ့ တဲ့အိမ်ထောင်စုများနဲ့ လုံးဝပြိုလဲသွားတဲ့အိမ့်ထောင်စုများအတွက် ဒီကနေ့ မေလေ ၆ ရက်နေ့အထိထောက်ပံ့မှု မရသေးဘူးလို ပြိုလဲသွားတဲ့အိမ်ရှင်နတ္တလင်းမြို့ က မစန်းစန်းခိုင်က ပြောပါတယ်။
လေဘေးသင့်ခဲ့ တဲ့ အိမ်ထောင်စု တွေဟာနီးစပ်ရာ ဆွေမျိုး များအိမ်နဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလှုံနေတယ်လို့ကူညီပေးနေတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့ မီးသတ် တပ်ဖွဲ့ NGOအဖွဲ့အစည်းတွေကနေ သိရပါတယ်။
ဒီကိစ္စ နဲ့ပတ်သက်လို့ ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ကို ဆက်သွယ်မေးမြန်းတဲ့အခါ
`ကျွန်တော်တို့ လေဘေးသင့်နဲ့ပတ်သက်လို့ လူကယ်ပြန်ဌာနကို တင်ပြထားပါတယ် အကူအညီ တွေပေးမှာပါလို့´ပြောပါတယ် ။
သဘာဝဘေးနဲ့ပတ်သက်လို့် လေဘေးသင့်ခဲ့ တဲ့ အိမ်ခြေတစ်ထောင်နီးပါး ပျက်စီး ဆုံးရှူံးးမှုတန်ဖိုး သိန်း(၇၀၀ခန့်ရှိခဲ့ပါတယ်။
#voiceofmyanmar #ပဲခူးတိုင်းအနောက်ခြမ်း #လေပြင်းတိုက်