စိတ်အချဉ်ပေါက်နေတဲ့ဝန်ထမ်းက စည်ပင်ဌာနထဲ သေနတ်နဲ့ဝင်ပစ်လို့ လူ ၁၂ ဦးသေဆုံး

ဗာဂျီးနီးယား၊ ဇွန်-၁-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က ကမ်းခြေ စည်ပင်သာယာရေး အဆောက်အဦးတစ်ခုထဲကို စိတ်အချဉ်ပေါက်နေတဲ့ ၀န်ထမ်းတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်တာကြောင့် လူ ၁၂ ဦးသေဆုံးပြီး အခြားသူခြောက်ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

ပစ်ခတ်မှုအတွက် သံသယရှိသူဟာ  ဗာဂျီးနီးယားကမ်းခြေမှာ ကာလရှည်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့  စည်ပင်အဆောက်အဦးတစ်ခုအတွင်း ဦးတည်ချက်အတိအကျမရှိဘဲ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမားဟာ ဘယ်သူလဲဆိုတာ ထုတ်ပြန်တာမရှိပေမယ့် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကို  တုန့်ပြန်ဖြေရှင်းရာမှာ သေနတ်သမားလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ  ဗာဂျီးနီးယားကမ်းခြေ စည်ပင်သာယာဌာနမှာ  ဒေသစံတော်ချိန် ညနေလေးနာရီကျော်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားဟာ အဆောက်အဦးထဲကို ရုတ်တရက်ဝင်လာပြီး တွေ့ရာမြင်ရာ အကုန်ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

ဒါဟာ ဗာဂျီးနီးယားကမ်းခြေသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ပြီး သေဆုံးသူတွေဟာ မိမိတို့ရဲ့ သူငယ်ချင်းတွေ၊ အလုပ်သမားတွေ၊ အိမ်နီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပါဝင်တယ်လို့ မြို့တော်ဝန် ဘော်ဘီဒိုင်ယာက  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Ref: CNA/BBC

Photo : Reuters

 

#voiceofmyanmar # စိတ်အချဉ်ပေါက်နေတဲ့ဝန်ထမ်းကစည်ပင်ဌာနထဲသေနတ်နဲ့ဝင်ပစ် #လူ ၁၂ဦးသေ #ဗာဂျီးနီးယား #အမေရိကန်

 

Related posts

Leave a Comment

VOM News

FREE
VIEW