မန္တလေးတိုင်းမှာ H1N1 တုပ်ကွေးရောဂါ ကူးစက်လူနာစာရင်း တရားဝင် စာမရောက်သေး

မန္တလေး၊ဇွန် ၂၄-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးတိုင်းမှာ လေမှတဆင့်ကူးစက်နိုင်တဲ့ ရာသီပေါ်တုပ်ကွေး H1N1ရောဂါ ဖြစ်ပွားပြီး ဆေးရုံတွေပေါ်ကို တက်ရောက်ကုသတဲ့ လူနာစာရင်း တိုင်းကုသရေး ဦးစီးဌာနမှူးရုံးကို တရားဝင် စာမရောက်သေးဘူးလို့ မန္တလေးတိုင်း ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန်းသန်းမြင့်(ဦးစီးဌာနမှူး) က ဇွန်လ ၂၄ ရက် ညနေပိုင်းက တရားဝင် ပြောပါတယ်။   ရောဂါကူးစက်ခံရတဲ့ လူနာရောက်လာရင်လည်း ကုသဖို့ဆေးဝါးတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို အလုံအလောက်ထားရှိပြီး အချိန်နဲ့တပြေးညီ လူနာစာရင်း ပေးပို့ဖို့ကိုလည်း ညွန်ကြားထားပြီး ဖြစ်ပါတယ်။   #voiceofmyanmar#H1N1ကူးစက်တုပ်ကွေးရောဂါလူနာစာရင်းတရားဝင်စာမရောက်သေး#မန္တလေး#

Read More

အခြေခံပညာကျောင်းတွေနဲ့ ဘကကျောင်းတွေကို စက်ဘီး အစီးရေတစ်သောင်း လှူ

စစ်ကိုင်း၊ ဇွန် ၂၄ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     မြန်မာနိုင်ငံအတွင်းက အခြေခံပညာကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက ကျောင်းသွားဖို့ အခက်အခဲရှိနေပြီး ချို့တဲ့နေတဲ့သူတွေအတွက်  စက်ဘီးအစီးရေ တစ်သောင်း လှူသွားမယ်လို့ LessWalk Organization  က သိရပါတယ်။   အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားတွေထဲမှာ ကျောင်းကိုသွားလာဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သောင်းအတွက် LessWalk Organization ကနေ စက်ဘီးအစီးရေ တစ်သောင်း လိုက်လံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။   ”ကျနော်တို့ နယ်တွေဘက်သွားတဲ့အခါ ကလေးတွေ လမ်းလျှောက်ပြီး ကျောင်းတက်နေတာကို တွေ့ရတော့ စက်ဘီးတွေကို ကျောင်းသူ၊ ကျောင်းသားတွေကို ပေးချင်နေတာ။ အဲဒါကို စဉ်းစားနေတာ တနှစ်ကျော်ကြာပါပြီ။ ကျနော်အိမ်မက်…

Read More

မန်းမဟော်သဓါကော်မတီ တရားရင်ဆိုင်ရင်း ကျောင်းဆောက်ခွင့်ရအောင် လုပ်ဆောင်သွားမယ်

မန္တလေး ၊ဇွန် – ၂၄ – ၂၀၁၉ ဖြူဖြူ(VOM)   တရားစွဲဆိုခံထားရတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီအနေနဲ့ တဖက်မှာ တရားရင်ဆိုင်ရင်း တဖက်မှာလည်း ခွင့်ပြုမိန့်ရအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။   တရားစွဲဆိုခံရသူ ခုနစ်ဦးထဲမှာပါတဲ့ ကျောင်းကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးဇော်ဝိတ်က   “ လောလောဆယ် စွဲထားတဲ့အမှုကိုပဲ ရင်ဆိုင်ဖြေရှင်းရအုံးမှာပေါ့။ ဒီအမှုရင်ဆိုင် ဖြေရှင်းရင်းနဲ့ပဲ တည်ဆောက်ခွင့်ကျအောင်တော့ ကြိုးစားရမှာပေါ့။ အဲလိုကျပြီဆိုမှ ပြန်တည်ဆောက်ရမှာပေါ့။” လို့ ပြောပါတယ်။   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦးကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်မှာ လုပ်ကိုင်နေတဲ့သူတွေကို ဖယ်ရှားပေးဖို့ပြောတဲ့အခါမှာ မလိုက်နာရင် စွဲတဲ့ ပုဒ်မမျိုးဖြစ်တဲ့ ၁၈၈၉ ခုနှစ် အထက်မြန်မာပြည်…

Read More

ကလေးသူငယ် ဥပ​ဒေကြမ်း ကန့်​ကွက်တဲ့ ဆန္ဒထုတ်​​ဖော်​ပွဲမှာ ဆရာ​တော်​ ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့

သာယာဝတီ၊  ဇွန်​ ၂၄ -၂၀၁၉ မိုးယံ (VOM)   ဒီနေ့ မနက်ပိုင်းက ပဲခူးတိုင်း သာယာဝတီမြို့နယ်​မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးလုပ်တဲ့ က​လေးသူငယ်​အခွင့်​အ​ရေးဆိုင်​ရာ ဥပ​ဒေကြမ်းအ​ပေါ် ကန့်​ကွက်​ ရှုတ်​ချခြင်း လူထုဆန္ဒထုတ်​​ဖော်​ပွဲမှာ ဆရာတော်ဦးဝီရသူအတွက်လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။   အဲဒီ ဆန္ဒထုတ်​​ဖော်​ပွဲမှာ ​ရန်​ကုန်ုမြို့နေ ရှေ့​နေ ဦး​အေးပိုင်​က “ရဲ​ဘော်​ကြီးကို သိတယ်​မလား၊ ရဲ​ဘော်​ကြီးဆိုတာ ဆရာ​တော်​ဦးဝီရသူပါ။ ရဲ​ဘော်​ကြီးဟာ အခုဆိုရင်​ အခက်​အခဲတွေ အများကြီးကြုံ​တွေ့​နေရတယ်​၊ အစွပ်​စွဲခံ​နေရတယ်​။ ရဲ​ဘော်​ကြီးကို ကျန်းမာ​စေဖို့ ​မေတ္တာပို့ရမယ်​။”လို့ ​ဦးဆောင်ပြောဆိုပြီး ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ကြသူတွေကလည်း ဆု​တောင်း​မေတ္တာ ပို့သခဲ့ကြပါတယ်​။   အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို သာယာဝတီ မြို့နယ်​က ဗုဒ္ဓ၊ ဓမ္မ ဝံသာနု​ဖောင်​​ဒေးရှင်း ဥက္ကဌ ဦးမန်းကြီး၊ ​ရှေ့​နေဦး​အေးပိုင်​၊ သာယာဝတီမြို့နယ်​ ဗုဒ္ဓ၊ ဓမ္မ ပရဟိတ​ဖောင်​​ဒေးရှင်းက သံဃာ​တော်​  ၅၅…

Read More
VOM News

FREE
VIEW