NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်မှာ ကုသမှုခံယူနေဆိုတဲ့ သတင်း အတည်မပြုနိုင်သေး

ရန်ကုန်၊ ဇွန် – ၂၇ -၂၀၁၉

သစ်တော် (VOM)

 

NLD စီအီးစီအဖွဲ့ဝင် ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်မှာ ဆေးကုသမှုခံနေရဆိုတဲ့ သတင်း အတည်မပြုနိုင်သေးပေမယ့် သွေးဝမ်းသွားလို့ ဆေးကုသမှု ခံယူရနေတယ်လို့တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

 

“မနေ့ကအထိ ကျနော်တို့ သိသလောက်တော့ မွန်ပြည်နယ်မှာ သွေးဝမ်းသွားတဲ့အတွက် ဆေးကုသရသေးတယ်။ ဒီပြန်ရောက်နေတဲ့ သတင်းတွေတက်တယ်။”လို့ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ မနေ့ ဇွန်  ၂၆ ရက် ည ၁၁ နာရီဝန်းကျင်အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကတဆင့် နှလုံးကုသဆောင်မှာ  ဆေးကုသမှု ခံယူနေတယ်လို့ ဒီနေ့ မနက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

 

ဒီသတင်းတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိသူတွေဆီ ဖုန်းဆက်သွယ်ရာမှာ လတ်တလော အတည်ပြု မဖြေဆိုနိုင်သေးသလို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချူပ်)ကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။

 

#voiceofmyanmar   # NLD အတွင်းရေးမှူးဦးဉာဏ်ဝင်း #ရန်ကုန်ဆေးရုံကြီးနှလုံးကုသဆောင်မှာ ဆေးကုသမှုခံနေရ #သွေးဝမ်းသွား # ရန်ကုန်#

 

ဓါတ်ပုံ – NLD Page

Related posts

✕
VOM News

FREE
VIEW