အင်္ဂလိပ်စာဆရာတွေကို အမေရိကန်သံရုံးက မွမ်းမံသင်တန်းပို့ချ

မန္တလေး၊ ဇွန် ၇ -၂၀၁၉ အမေရိကန်အစိုးရရဲ့ အစီအစဉ်နဲ့ ပြင်ပနိုင်ငံတွေမှာ အင်္ဂလိပ်စာသင်ကြားခဲ့ တာ နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးဂျဖာဆန်စင်တာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ဆရာ ၂၀ ဝန်းကျင်ကို မွမ်းမံသင်တန်းပို့ချခဲ့ပါတယ်။ ရန်ကုန်၊ နေပြည်တော် ၊ မန္တလေး ၊ မြစ်ကြီးနား နဲ့ ထားဝယ် စတဲ့ နေရာတွေမှာ အမေရိကန်သံရုံးအစီအစဉ်နဲ့ အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ ဆရာဆရာမတွေတက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #jafferson #english training #မန္တလေး

Read More

ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ခံရ

ရေကြည်၊ ဇွန် ၇ – ၂၀၁၉ ကိုအောင်(VOM)   မနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့နယ်  တဲကြီးကုန်းလမ်းမမှာ ရေကြည်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် ကိုယ်တိုင် မောင်းနှင်လာတဲ့ကားနဲ့ တိုက်မိလို့ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် ဦးမျိုးညွန့်ကို ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။   ဦးမျိုးညွန့် မောင်းလာတဲ့  ford အမျိုးအစား အနက်ရောင်ကားဟာ  ပုသိမ်မြို့ထဲက” နိုက်တင်ဂေး” လ္ဘက်ရည်ဆိုင်ရှေ့အရောက်မှာ လမ်းညာဘက်ခြမ်းမှာ ရပ်ထားတဲ့ အဖြူရောင်ကားတစ်စီးကို ၀င်တိုက်မိပြီးနောက် အမျိုးသား ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို ထပ်မံဝင်တိုက်မိခဲ့လို့ တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။   “ယာဉ်တိုက်ခံမှုဖြစ်ပွားတာတော့ မှန်ပါတယ်။ ကားတစ်စီးကိုအရင်တိုက်တယ်၊ ပြီးတော့ လမ်းဘေးက စပြီးမောင်လာတဲ့ ဆိုင်ကယ်တစ်စီးကို ထပ် တိုက်မိတာ။ ဆိုင်ကယ်မောင်းတဲ့ သူကတော့ စိုးရိမ်ရတယ်။…

Read More

တရုတ်ကုန်ပစ္စည်းတွေကို ထပ်ပြီးအခွန်ကောက်ဖို့ ဂျီ-၂၀ ဆွေးနွေးပွဲအပြီးမှာ ဒေါ်နယ်ထရန့် ဆုံးဖြတ်မယ်

ပါရီ၊ ဇွန်-၇-၂၀၁၉ မျိုးဆက် (VOM)   တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန်တိုးမြင့်ကောက်ခံခြင်းပြုမပြုကို ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့်  ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဆုံးဖြတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။   ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ ဇွန် ၆ ရက်က ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်နယ်ထရန့်ကနေ သတင်းထောက်တွေကို ပြောခဲ့တာပါ။   ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၂၈ နဲ့ ၂၉ ရက်မှာ ဂျပန်နိုင်ငံ အနောက်ပိုင်းက အိုဆာကာမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့  တရုတ်သမ္မတ ရှီကျင်းပင်တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုတော့ တရားဝင်သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။   အမေရိကန်အစိုးရဟာ ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ၂၅ ရာခိုင်နှုန်း…

Read More

နိုင်ငံခြားဘဏ်တွေကို တတိယအကြိမ်ခွင့်ပြုပေးဖို့ စီစဉ်နေ

ရန်​ကုန်၊ ဇွန်​ ၇ – ၂၀၁၉ သူရိန် (VOM)   ပြည်တွင်းမှာ ဒီဘဏ္ဍာနှစ်အတွက် တတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့်တွေကို  ထပ်မံခွင့်ပြုပေးဖို့ စီစဉ်နေတယ်​လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က​နေ သိရပါတယ်​။   “နိုင်ငံခြားဘဏ်တွေကို ထပ်မံခွင့်ပြုဖို့ စီစဉ်နေတယ်။ ဒီဘဏ်တွေကို စိစစ်ပြီး ခွင့်ပြုနိုင်ဖို့အတွက် အကြံပေးကုမ္ပဏီတစ်ခု ထားသွားမယ်။ အဲဒါကလည်း ပြည်ပကကုမ္ပဏီတွေပဲ ဖြစ်တယ်။ ဒီမှာလည်း ရုံးခွဲဖွင့်ထားတယ်။ သူတို့ထဲက ရွေးသွားမယ်။ ” လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   နိုင်ငံခြားဘဏ်တွေကို ထပ်မံဖွင့်လှစ်ခွင့် ပြုဖို့အတွက် အကြံပေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု ရွေးချယ်သွားမှာဖြစ်ပြီး အကြံပေးလုပ်ငန်းအတွက် ရွေးချယ်ဖို့ အဆိုပြုချက်တွေကို ပြီးခဲ့တဲ့လကတည်းက  လက်ရှိရွေးချယ်ထားတဲ့ ကုမ္ပဏီရှစ်ခုထံ  ဗဟိုဘဏ်က ပေးပို့ထားပြီး ဖြစ်ပါတယ်။   အဲဒီ ကုမ္ပဏီရှစ်ခုက Deloitte၊ PricewaterhouseCoppers ၊ KPMG ၊…

Read More

ဒေါက်တာ ကျော်ဆွေ ပြောကြားချက်အပေါ် ဦးဇော်ဌေး တုံ့ပြန်ချက်

နေပြည်တော်၊ ဇွန် ၇ – ၂၀၁၉ ကိုထွန်း(VOM)   တ.စ.ည ပါတီ CEC အဖွဲ့ဝင်​​ ဒေါက်​တာ​ကျော်​​ဆွေက ထောင်​ဆူပူရခြင်းဟာ လက်​မဲကြီး​ကြောင့်​ မဟုတ်​၊ လက်​နီကြီး​ကြောင့်လို့ ပြောကြားခဲ့တဲ့အ​ပေါ် နိုင်​ငံ​တော်​အတိုင်​ပင်ခံရုံး ညွှန်​ကြား​ရေးမှူးချူပ်​၊ အစိုးရရဲ့ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​​ဌေးက သမ္မတအိမ်​​တော်​သတင်း​ထောက်​အဖွဲ့တွေကို အခုလို ပြောခဲ့ပါတယ်။   “ထောင်ဆူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသွားတာတွေက မှားနေတယ်။ စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်လို့ ဥပဒေ မပြင်ရခင်က အကျဉ်းကျခံနေရတဲ့ အရေအတွက် အတော်များပါတယ်။ နိုင်ငံတော်သမ္မတကြီးက လိုလားချက်ကိုပဲ ပြောလိုက်တာပါ။ သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေ၊ နောက် ဆေးပြား ၁၀၀ နဲ့အောက် မိတဲ့သူတွေ၊ ဒါတွေကို အဓိကထားပြီး လွှတ်ဖို့ တင်ပြခိုင်းတာပါ။ တကယ်တမ်း စာရင်းဇယားနဲ့ လုပ်တာက ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အကျဉ်းဦးစီးက အသေးစိတ်…

Read More

ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စုမှာ တောဆင်ရိုင်း နင်းသတ်​လို့ သားအမိနှစ်ယောက်သေ

ဥက္ကံ၊ ဇွန်​ ၆ – ၂၀၁၉ မိုးယံ (VOM)   ရန်​ကုန်​တိုင်း တိုက်​ကြီးမြို့နယ်​ ကျွဲဘုတ်​​ကျေးရွာအုပ်​စု မာဂရီ သစ်​​တောကြိုးဝိုင်း ​ညောင်​​ခြေကွင်းမှာ ဇွန်​ ၆ ရက်​က ​တောဆင်​ရိုင်း နင်းသတ်​လို့ သားအမိနှစ်ယောက် သေဆုံးခဲ့ပါတယ်။   “သေဆုံးသွားတဲ့ မကြင်​လှ ​ယောက်ျား ကို​ဇော်​ဝင်းက ​တောထဲကို ဝါးခုတ်​သွား​နေတယ်​။ မနက်​​စော​စော ​တောဆင်​ရိုင်းက ဝင်​ပြီးတဲကို တရှိန်​ထိုးဖျက်​ဆီးပြီး သားအမိနှစ်​​ယောက်​စလုံး နင်းပစ်​တာ။ ​တောဆင်​က အမြင့်​ ရှစ်​​ပေ၊ အလျား ခုနှစ်​​ပေလောက်​ရှိတယ်​လို့ မျက်​မြင်​ရွာသား​တွေက​ ပြောတယ်​။” လို့ ကျွဲဘုတ်​​ကျေးရွာ အုပ်​စုအုပ်​ချပ်​​ရေးမှူး ဦး​အောင်​တင်​​ထွေးက ​ပြောပါတယ်​။   ​တောဆင်​ရိုင်းနင်းလို့  မနော်​ကြင်​လှ( ၂၆ နှစ်) မှာ ညာဖက်​ဒူး​ခေါင်းကျိုး​ကြေ၊ ဝမ်းဗိုက်​ညိုမဲဒဏ်​ရာများနဲ့ ​နေရာတင်​​သေဆုံးခဲ့ပြီး သားဖြစ်သူ ထွန်းလင်း​ဇော်​ (၂ နှစ် )မှာ​…

Read More

ပညာရေးဝန်ကြီးဌာနက နေ့စားဝန်ထမ်း​တွေ ရေးဖြေအောင်ရင် အမြဲတမ်းဝန်ထမ်းခန့်​သွားမယ်

ရန်​ကုန်​ ၊ ဇွန်​ ၆ – ၂၀၁၉ သူရိန် (VOM)   အခြေခံပညာကျောင်း​တွေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးက ပညာရေးမှူးရုံး​တွေမှာရှိတဲ့ နေ့စား (ရုံးဝန်ထမ်း)​တွေကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူ​တွေကို အမြဲတမ်းဝန်ထမ်း ခန့်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်​နေတယ်​လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးက သိရပါတယ်။     “လက်ရှိအခြေအနေမှာ အခြေခံပညာ ဦးစီးဌာနရဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက်​​ နေ့စားဝန်ထမ်း​တွေကို အမြဲတမ်းဝန်ထမ်းအဖြစ်​ ခန့်ထားပေးခြင်း မပြုသေးဘဲ ဖွဲ့စည်းပုံများ ပြင်ဆင်ပြီးမှသာ ဒီဝန်ထမ်း​တွေကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူ​တွေကိုဘဲ ခန့်ထားနိုင်​ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်​။” လို့ ပညာရေးဝန်ကြီးဌာနက  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။   အရင်က နေ့စား၊ လပေးဝန်းထမ်းခေါ်ပေမယ့် သူတို့ကို အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးဖို့ဆိုတာ သိပ်မရှိခဲ့တဲ့အတွက် တောင်းဆိုမှုတွေရှိနေတာကြောင့် ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ…

Read More

ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ

မင်းတုန်း၊ ဇွန် ၆ -၂၀၁၉ ဂျန်ကိုးလ်(VOM)   မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်- မုံရွာလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်စောပိုင်းက ယာဉ် ၂ စီး တိုက်မိပြီး လူတစ်ဦးသေဆုံးသွားတယ်လို့ မဲဇလီရဲကင်းစခန်းက သိရပါတယ် ။   ဖြစ်စဉ်မှာ အမ်းမြို့ကနေ ရန်ကုန်ကိုမောင်းလာတဲ့ ကုန်တင်ကားနဲ့ စစ်တွေကနေ ရန်ကုန်သို့ မောင်းနှင်လာတဲ့  ခရီးသည် ၄၆ ဦးပါ အမြန်ယာဉ်တို့ လားရာတူမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၉၆ နဲ့ ၁၉၅/၇ အကြားမှာ  တိုက်မိခဲ့ကြတာပါ။   ယာဉ်တိုက်မှုကြောင့် တိုးရတနာ အမြန်ယာဉ်နောက်လိုက် ရွှေမြ( ခ) ရွှေဘဆိုသူ သေဆုံးသွားခဲ့သလို ကုန်တင်ကားကလည်း လမ်းဘေး ချောက်ထဲကျသွားတယ်လို့ သိရပါတယ်။   “သတင်းရ ရခြင်းကူညီဖို့ ရောက်လာတယ်။ သူတို့က ကံမမြို့နယ်ထဲက တိုက်နယ်ဆေးရုံကို ဒဏ်ရာရတဲ့သူကို သယ်သွားနှင့်ပြီ။…

Read More

အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ်ကို ၀န်ကြီးချုပ်အဖြစ် ထိုင်းပါလီမန်ရွေးချယ်

ဘန်ကောက်၊ ဇွန်-၆-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ယာယီအစိုးရကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ထိုင်းပါလီမန်က ဇွန် ၅ ရက်မှာ ရွေးချယ်လိုက်ပါတယ်။   ပြီးခဲ့တဲ့  ငါးနှစ်နီးပါးက အာဏာသိမ်းခဲ့တဲ့  ထိုင်းစစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားမှုတွကို ပိတ်ပင်တာ၊ ဆွေးနွေးငြင်းခုံမှုတွေကို ဖိနှိပ်တာ၊ သတင်းဌာနတွေကို ကန့်သတ်တာနဲ့ အတိုက်အခံတွေကို ထိန်းသိမ်းတာတွေကို မတ်လ အထွေထွေရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုအထိ ပြုလုပ်ခဲ့ပါတယ်။   မတ်လမှာ ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ ပြုတ်ကျခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ပွေထိုင်းပါတီက အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့ပြီး စစ်တပ်လိုလားတဲ့ ပါလန်ပရာချာရတ် ပါတီက ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပါတယ်။   ဇွန် ၅ ရက်ကပြုလုပ်တဲ့  ၀န်ကြီးချုပ်ရွေးချယ်ရာမှာ  အောက်လွှတ်တော်အမတ် ၄၉၇ ဦးနဲ့ စစ်တပ်က…

Read More

အခုလာမယ့် မိုးစပါးနဲ့ နွေစပါးမှာ စပါးတင်း သန်း ၁၀၀ ရအောင်လုပ်မယ်

ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM)   လာမယ့်နှစ် မိုးစပါးနဲ့ နွေစပါး နှစ်ခုပေါင်းကို စပါးတင်းသန်းတစ်ရာ ထွက်ရှိအောင် စီမံချက်ရေးဆွဲထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။   ” သန်း တစ်ရာကျော်သာ ထွက်မယ်ဆိုရင် ရန်ကုန်ရဲ့ စားသုံးမှုဖူလုံမယ်၊ ခုကတော့ ၉၂ ရာခိုင်နှုန်းကျော် ဖူလုံမှုရှိတယ်။ လိုအပ်တာကို တခြား တိုင်းနဲ့ပြည်နယ်တွေကနေ တင်သွင်းရတယ်။ နောက်ပြီး ရန်ကုန်တိုင်းက စိုက်ပျိုးတဲ့ စပါးတွေက အဆင့်မြင့်စပါး တော်တော်များများထွက်ရှိလို့ ပြည်ပတင်ပို့မှုထဲမှာ ပိုပြီးပါဝင်နေတယ်။ ဒါကြောင့် စားသုံးမှုလိုအပ်ချက်အတွက် တခြားဒေသတွေကနေ ရန်ကုန်ကို တင်သွင်းရတာ ဖြစ်တယ်။”လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဟံထွန်းက ပြောပါတယ်။   ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့တတိယတစ်နှစ်တာ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ…

Read More
VOM News

FREE
VIEW