စစ်ကိုင်း၊ ဇွန် ၂၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ လမ်းသွား၊ လမ်းလာ ခရီးသွားတွေ အဆာပြေ စားသုံးနိုင်ဖို့အတွက် မုန့်မျိုးစုံနဲ့ အချိုရည်ဗူးများ ပါတဲ့ Food Box ကို ဇွန်လ ၂၂ ရက်က စတင်ထားရှိခဲ့ပါတယ်။ အဲဒီ Food Box ကို စစ်ကိုင်းမြို့ခံ လူငယ်များက ဦးစီးပြီးတော့ စေတနာရှင်၊ အလှူရှင်တွေနဲ့ ပထမဆုံးအနေနဲ့ ပြုလုပ်တာဖြစ်ပြီး စစ်ကိုင်းမြို့ကမ်းနားလမ်း ဆက်သွယ်ရေးရုံးနားမှာ ထားရှိထားတယ်လို့ ဦးစီးဆောင်ရွက်ပြုလုပ်သူအဖွဲ့က ကိုပိုင်ဖြိုးသူက ပြောပါတယ်။ ”ကျနော်တို့ ဒီFood box ကိုရှေ့ကလုပ်ခဲ့တဲ့သူတွေလုပ်တာကို သဘောကျလို့လုပ်ဖြစ်တာပါ။ လူတွေကို စည်းကမ်းရှိစေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိစေချင်တယ်။ အလှူရှင်ရှိရင်လည်းရှိပေါ့၊ မရှိရင်လည်း ကျနော်တို့ သူငယ်ချင်းတွေစုပြီး လိုအပ်တာတွေ ဝယ်ထည့်ရမှာပါ။ ကျနော်တို့ ဒါကိုရေရှည် လုပ်နိုင်အောင်တော့ အတက်နိုင်ဆုံး ကြိုးစားရမှာပါ။”…
Read MoreMonth: June 2019
ဆက်သွယ်ရေးဥပဒေအမှု နှစ်ရာပြည့်ပြီလို့ အသံအဖွဲ့ ထုတ်ပြန်
ရန်ကုန်၊ ၂၃ – ၂၀၁၉ သစ်တော်(VOM) ဆက်သွယ်ရေးဥပဒေအမှု ၂၀၀ ပြည့်ပြီဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)က ဒီနေ့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှုတွေဟာ အခုအချိန်မှာ အမှုပေါင်း ၂၀၀ ထိရှိခဲ့ပြီး စုစုပေါင်း၂၄၆ ဦး တရားစွဲဆိုခံရတယ်လို့ ဖော်ပြထားပါတယ်။ အသံအဖွဲ့ရဲ့လေ့လာသုံးသပ်ချက်တွေအရ တရားစွဲဆိုခံရသူ အများစုဟာ သာမာန်ပြည်သူ၊ မီဒီယာ၊ တက်ကြွလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေရဲ့ အကျိုးရလဒ်ကို ပိုသိနိုင်ဖို့ အမျိုးအစားခွဲပြရာမှာ နိုင်ငံရေးအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် တရားစွဲခံရတာဟာ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)ရဲ့ အမှုဆောင်…
Read Moreတိုင်းရင်းသားမဟုတ်၊ နိုင်ငံသားမဟုတ်တဲ့ ကလေးသူငယ် တရားဝင်မွေးစားခွင့်ရရှိစေမယ့် ဥပဒေကို ကန့်ကွက် ကြောင်း ဆန္ဒဖော်ထုတ်
မင်းလှ၊ ဇွန် ၂၃ – ၂၀၁၉ မိုးယံ(VOM) နိုင်ငံသားမဟုတ်၊ တိုင်းရင်းသား မဟုတ်တဲ့ ကလေးသူငယ်တွေကို တရားဝင်မွေးစားခွင့်ရရှိစေမယ့် ဥပဒေကို ကန့်ကွက်ကြောင်း လူဦးရေ ခြောက်ရာလောက်ဟာ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ ဒီနေ့ မနက် ၈ နာရီလောက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ “အခုလုပ်တဲ့ပွဲကတော့ အမျိုးသားရေးပွဲဖြစ်တယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပရဟိတကလေးတွေ၊ ကျောင်းသားတွေ၊ မိဘမဲ့ကလေးတွေ၊ မိဘမဲ့ တိုင်းရင်းသားကလေးတွေ အများကြီး ရှိတယ်။ ဒါကိုအဓိက မလုပ်ဘဲ နိုင်ငံခြားသား ကလေး တစ်ဦးနှစ်ဦးကို မွေးစားမယ်ဆိုတဲ့အတွက် ကျနော်တို့ရဲ့အမျိုးသားနိုင်ငံရေးကို ထိခိုက်မှာစိုးတဲ့အတွက် ဒီဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်။” လို့ ဦးဆောင်သူ မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမင်းလှိုင်က ပြောပါတယ်။ လူမျိုးခြား ကလေးမွေးစားခြင်း ဥပဒေ အလိုမရှိ၊ နိုင်ငံသား မဟုတ်သူများ…
Read Moreအမေရိကန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှ အခိုင်အမာတုံ့ပြန်သွားမယ်လို့ အီရန်သတိပေး
တီဟီရန်၊ ဇွန်-၂၂-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်က ပစ်ချလိုက်လို့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို အခိုင်အမာတုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံက ဇွန် ၂၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ Global Hawk မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို ဇွန် ၂၀ ရက်က ပစ်ချခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့လေပိုင်နက်ထဲကို လေယာဉ်ဝင်ရောက်လာ တာဖြစ်တယ်လို့ အီရန်က ပြောဆိုထားပေမယ့် အမေရိကန်ကတော့ နိုင်ငံတကာလေပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်အပေါ် စစ်ရေးအရလက်တုံ့ပြန်ဖို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခွင့်ပြုပြီးမှ စစ်ဆင်ရေးစတင်ဖို့ ဆယ်မိနစ်အလိုမှာ ပြန်လည်ရုပ်သိမ်းခဲ့ကာ အီရန်နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတဲ့ လက္ခဏာပြခဲ့ပါတယ်။ အီရန်ကတော့ သူ့နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်သွားမယ်လို့…
Read Moreကံမမြို့နယ်မှာ ယင်ကောင်တွေများနေလို့  မူကြိုနဲ့ KG တန်းတွေ ပိတ်ထားရ
ကံမ၊ ဇွန် ၂၂ -၂၀၁၉ ဂျန်ကိုးလ် (VON) မကွေးတိုင်း ကံမမြို့နယ်က ထန်းဖြူကျေးရွာမှာ ယင်ကောင်တွေ အဆမတန်များပြားနေလို့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရတယ်လို့ ထန်းဖြူအခြေခံပညာမူလတန်းကျောင်းကသိရပါတယ်။ အဲဒီလို ယင်ကောင်တွေများလာရတာဟာ အနားမှာရှိတဲ့ မွေးမြူရေးကြက်ခြံတွေကြောင့်လို့ ဒေသခံတွေက စွပ်စွဲနေကြပြီး ဒေသခံ ဒေါ်တင်ဌေးကတော့ “အရင်က သာမန်လောက်ပါပဲ။ အခုတော့ကြက်ခြံက ကြက်ချေးတွေနဲ့ အနံ့တွေကြောင့်လို့ ထင်ပါတယ်။ မနက်စာတောင် မစားဖြစ်တာကြာပြီ။ သစ်ပင်တွေမှာကအစ မည်းနေတာပဲ။ သူတို့စီးပွားရေး မနာလိုလို့ မဟုတ်ဘူး၊ သူတို့ကတောင် သိန်ငါးဆယ်၊ ခြောက်ဆယ်လျော်နိုင်လို့လား၊ တိုင်ချင်ရာတိုင်တဲ့။ ကျမရွာက ရွာသိမ်ရွာငယ်လေးပါ မြင်တဲ့အတိုင်းပါပဲ။”လို့ ပြောပါတယ်။ ဒါ့အပြင် ထန်းဖြူကျေးရွာ မူလတန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဒေါ်အိအိမျိုးကလည်း “ပြီးခဲ့တဲ့ အပတ်ကတည်းက မူကြိုကလေးငါးဦးနဲ့ ကေဂျီတန်းကို ပိတ်ပေးထားရတယ်။ အရမ်းငယ်တော့ ရောဂါဖြစ်မှာ…
Read Moreစစ်ကိုင်းမြို့နယ်က ထူးထူးခြားခြား ဝက်သားနဲ့ နတ်တင်ပွဲ
စစ်ကိုင်း၊ ဇွန် ၂၂-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့အနောက်ဘက် မအူပင်ကျေးရွာအုပ်စု၊ သာဒွန်းကျေးရွာမှာ ရှေးကတည်းက နှစ်စဉ် နယုန်လပြည့်ကျော် (၅)ရက်နေ့တိုင်း ဝက်သားနဲ့နတ်တင်တဲ့ ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနှစ်မှာလည်း ကျင်းပနေပြီ ဖြစ်ပါတယ်။ အဲဒီ ဝက်သားနဲ့ နတ်တင်တဲ့ ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနေ့ ဇွန် ၂၂ ရက် နေ့လည်ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ လာရောက်ပူဇော်တဲ့ ရွာသူရွာသားတွေဟာ ဆန်ကောဗန်းထဲ ဝက်သားနဲ့စားစရာတွေ ထည့်ယူလာပြီး သတ်မှတ်တဲ့နေရာမှာ စီတန်းပြီးတော့ ပူဇော်ကြတာဖြစ်ပါတယ်။ ဒီနတ်ပွဲဟာ ရိုးရာနတ်ပွဲများ တွေထဲမှာတော့ တစ်မူထူးခြားတဲ့ နတ်တင်ပူဇော်ပွဲဖြစ်ပြီး အခုနှစ်မှာတော့ ပွဲပေါင်း ၃၇၀ ကျော်နဲ့ ပူဇော်ခဲ့ကြပါတယ်။ ဒီနှစ်တွေမှာတော့ အဲဒီ နတ်ပွဲကို သာဒွန်းရွာအပြင် အနီးမှာရှိတဲ့ ကုန်းတန်းလေး၊ မအူပင် ကျေးရွာတွေနဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးဝန်းကျင်ကပါ လာရောက်ပူဇော်ကြပြီး…
Read Moreတပ်မတော်ရေယာဉ်တစ်စီး တိုက်ခိုက်ခံလိုက်ရကြောင်း တပ်မတော်ပြော
စစ်တွေ၊ ဇွန် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့အရှေ့မြောက်ဘက် ဆတ်ရိုးကျချောင်းအနီး ကုလားတန်မြစ်ကြောင်းထဲမှာ ရပ်နားထားတဲ့ တပ်မတော်ရေယာဉ်တစ်စီးကို ဒီနေ့မနက်ပိုင်းမှာ AA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ အဲ့ဒီရေယာဉ်ဟာ စစ်တွေမြို့တဖက်ကမ်း ဆတ်ရိုးကျရပ်ကွက် ကျေးတောရွာရဲ့အရှေ့ဘက်မှာ ရပ်နားထားချိန် ဒီနေ့မနက် သုံးနာရီကျော်လောက်က ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားသလို တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ “စစ်တွေမြို့ ဆတ်ရိုးကျနားမှာ ရပ်ထားတဲ့ ရေယာဉ်တစ်စီးကို AA ဘက်က RPG အမျိုးအစား လက်နက်နဲ့ ပစ်ခတ်ခဲ့တာပါ။ သုံးချက်ပစ်ခဲ့တာပါ။ နှစ်လုံးကတော့ ကွဲတယ်၊ တစ်လုံးကတော့ မကွဲဘူး။ ရေယာဉ်ပေါ်မှာရှိနေတဲ့ စစ်သည်တချို့လည်း ထိခို က်ဒဏ်ရာ ရရှိခဲ့ပါတယ်။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဝင်းဇော်ဦးက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့်…
Read MoreH1N1 ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတွေ အလကားဖြန့်ဝေ
မန္တလေး၊ဇွန် ၂၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ လေထဲကနေတဆင့်ကူးစက်နိုင်တဲ့ H1N1 ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ One To One ပြည်သူ့ကူညီရေးအဖွဲ့က အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) အခုတစ်ထောင် အလကားဖြန့်ဝေမှု ဒီနေ့ နေလည်ပိုင်းက ၆၆လမ်းနဲ့ ၂၂ လမ်းထောင့်မှာ ပြုလုပ်ခဲ့ပါတယ်။ H1N1 ရောဂါဟာ မန္တလေးမြို့မှာ မဖြစ်ပွားသေးပေမယ့် အခုနှစ် ဇွန်လအတွင်း ရန်ကုန်းတိုင်းမှာ (၅)ဦး နဲ့ စစ်ကိုင်တိုင်းမှာ(၁)ဦးတို့ဟာ အဲဒီရောဂါနဲ့သေဆုံးခဲ့တဲ့အတွက် ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) တွေကို အလကားဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က H1N1 ရောဂါပိုး နဲ့ သေဆုံးသူ (၃၈)ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာတော့ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိကာ သေဆုံးမှုမရှိခဲ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ၂၀ရက်က H1N1…
Read Moreပြည်တွင်းရွှေဈေး ဒီနှစ်အတွင်း အရင်စံချိန်တင်ဈေးကို ကျော်ပြီး ဒုတိယအကြိမ် စံချိန်ချိုး
မန္တလေး၊ ဇွန် ၂၂- ၂၀၁၉ နေသူ(VOM) အခုရက်ပိုင်းအတွင်း ခေါက်ရွှေ တစ်ကျပ်သားကို ၁၁၁၁၅၀၀ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကွက်မှာ အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းအသစ်ကို ရောက်ရှိလာပြန်ကြောင်း အောင်သမာဓိ စိန်၊ ရွှေရတနာဆိုင်ရဲ့ ဈေးနှုန်းထုတ်ြပန်ချက်တွေအရ သိရပါတယ်။ ဒီနှစ်အတွင်းမှာ ပထမဆုံး စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့တဲ့ ခေါက်ရွှေ တစ်ကျပ်သား ၁၀၈၈၀၀၀ ကျပ်ကနေ ပြီးခဲ့တဲ့ ၂၀ ရက်က အဖွင့်ဈေး ၁၀၉၆၀၀၀ ကျပ်ကို ကျော်ပြီး မနေ့ ဇွန် ၂၁ ရက်မှာတော့ စံချိန်တင် ဈေးနှုန်းအသစ်အဖြစ် ၁၁၁၁၅၀၀ ကျပ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ “ကမ္ဘာ့ရွှေဈေး တအား တက်သွားလို့ တက်သွားတာပါ။ တကယ်တမ်း တွက်ကြည့်ရင် ဒေါ်လာဈေးနဲ့ တွက်ကြည့်ရင် ရွှေဈေးက ၁၁ သိန်းနဲ့ ၃ သောင်းကျော်အထိ…
Read Moreဓါတ်ဆီဆိုင်ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူအချို့ဆန္ဒထုတ်ဖော်
ရန်ကုန်၊ ဇွန် ၂၂ -၂၀၁၉ သစ်တော်(VOM) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်အတွင်း တည်ဆောက်နေတဲ့ City Energy လောင်စာဆီဆိုင် မဖွင့်လှစ်ရေး ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ မနက်ပိုင်းက ပါရမီလမ်းနဲ့ ပင်းယလမ်းမှာ ရှိတဲ့ အဲဒီဆီဆိုင်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲကို ရပ်ကွက်နေပြည်သူတွေပါဝင်တဲ့ ဦးဆောင်ကော်မတီက ပြုလုပ်တာဖြစ်ပြီးတော့ (၅)ရပ်ကွက်အတွင်း လှောင်စာဆီဆိုင် သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်မပြုရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကြီးမားသော လောင်စာဆီဆိုင်ချက်ချင်းဖျက်သိမ်းပေးရေး၊ ပြည်သူများ မီးဘေးအန္တရာယ် မကျရောက်ဖို့ အစိုးရမှ ကာကွယ်ပေးရေးနဲ့ City Energt လောင်စာဆီဆိုင် အလိုမရှိ စာတန်းပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ဒို့အရေး ကြွေးကြော်သံများနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “သူများစီးပွားရေးကို အဟန့်အတားလုပ်တာ မဟုတ်ဘူး။ နောက်ဆုံးစကားပြောလိုက်မယ်။ ဦးလေးတို့ ရပ်ကွက်မှာ တခြားဘာပဲဖွင့်ဖွင့် ဖွင့်လို့ရတယ်။ ဒီလောင်စာဆီဆိုင်ကလွဲရင် အကုန်လုံး…
Read More