ဝါရှင်တန်၊ ဇူလိုင်- ၁-၂၀၁၉
မျိုးဆက်(VOM)
အမေရိကန် တက္ကဆက်ပြည်နယ်မှာ အသေးစားလေယာဉ်တစ်စင်းဟာ လေဆိပ်တစ်ခုရဲ့ အဆောက်အအုံတစ်ခုပေါ် ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်လိုက်ပါသူ ၁၀ ဦးစလုံး သေဆုံးသွားပါတယ်။
အင်ဂျင်နှစ်လုံးတပ် Beechcraft BE-350 King Air လေယာဉ်ဟာ တက္ကဆက်ပြည်နယ် အက်ဒစ်ဆန်လေဆိပ်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ မီးလောင်ပေါက်ကွဲခြင်းမဖြစ်မီ လေဆိပ်က လေယာဉ်ရုံတစ်ခုပေါ်ကို ဦးတည် ပျက်ကျသွားတာဖြစ်တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လေယာဉ်ဟာ ဖလော်ရီဒါကို ပျံသန်းမယ့်လေယာဉ်ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ကိုးနာရီလောက်မှာ ပျက်သွားတာလို့ အက်ဒစ်ဆန်လေဆိပ် လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဒါလက်စ်ရဲ့ မြောက်ဘက် ဆယ်မိုင်အကွာက အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်ဌာနက ချက်ချင်းသွားရောက်ခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ သေဆုံးသူတွေ ဘယ်သူလဲဆိုတာကို အာဏာပိုင်တွေကို ထုတ်ပြန်တာ မရှိသေးပါဘူး။
Ref: BBC
Photo : Reuters
#voiceofmyanmar # တက္ကဆက်ပြည်နယ် #အက်ဒစ်ဆန်လေဆိပ် #လေယာဉ်တစ်စင်းပျက်ကျ #လိုက်ပါသူအားလုံးသေဆုံး #အမေရိကန် #ဖလော်ရီဒါ #