လုပ်ခလစာမတိုးဘဲ မီတာခတိုးတယ်ဆိုတဲ့ ကမ်းပိန်းပြုလုပ်

ဇူလိုင် ၁ -၂၀၁၉ ရဲရင့်မင်းခန့် (VOM)   လုပ်ခလစာမတိုးဘဲ လျှပ်စစ်မီတာခတိုးတဲ့အတွက်ကြောင့်ဆိုပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​ရုံးမှာ ဒီနေ့မနက်ပိုင်းက ကမ်းပိန်းလုပ်ခဲ့ကြပါတယ်။   “ကျမတို့က တစ်ရက်လုပ်ခအဖြစ် ၅၆၀၀ ပေးဖို့တောင်းဆိုပေမယ့် ဝန်ကြီးဌာနရဲ့ ညှိနှိုင်းပေးမှုနဲ့ ၄၈၀၀ ကို လက်ခံပေးလိုက်တယ်။ ခုကျတော့ မီတာခတွေက တိုးလာတယ်။ မီတာခတိုးတော့ အဆောင်စားရိတ်တွေ တိုးလာတယ်။ ပြီးတော့ တခြားကုန်ပစ္စည်းတွေကလည်း ဈေးတက်လာတယ်။ ရတဲ့လစာနဲ့ မမျှတော့ဘူး။ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ အများကြီး အခက်အခဲ ရှိပါတယ်။”လို့ အလုပ်သမားတစ်ဦးဖြစ်သူ မစုစုနိုင်က ပြောပါတယ်။   ဒါ့အပြင် မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကလည်း  “မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ရင်တော့ လျော့နည်းနေသေးတယ်။ မြန်မာနိုင်ငံရဲ့အနည်းဆုံး အခြေခံလုပ်ခလစာသည်…

Read More

မီတာခတိုးမြှင့်ကောက်ခံလို့ ရန်ကုန်မှာ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၁ – ၂၀၁၉ သိဂီ င်္(VOM)   ဒီနေ့ ဇူလိုင် ၁  ရက်ကစတင်ပြီး မီတာခတွေ  တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့အတွက် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ  ပြုလုပ်ခဲ့ပါတယ်။   ပြည်သူ့ဆန္ဒ အလေးပေးရေး၊ ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှု အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အဲဒီစာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။   “တကယ်လို့ သူတို့အနေနဲ့ မီတာခ တိုးမြှင့် မကောက်ခံတော့ဘူးဆိုရင်တော့ ဒီဆန္ဒထုတ်ဖော်ပွဲဟာ အစိုးရ သက်တမ်းမြှင့်ပေးလိုက်တဲ့ပွဲ ဖြစ်သွားမှာပါ။”လို့ ပုဇွန်တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးမင်းသန်းက ပြောပါတယ်။   လျှပ်စစ်ဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၁ ရက်ကနေစတင်ပြီး မီတာခတွေကို တိုးမြှင့်ကောက်ခံသွားမှာ…

Read More

နိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ မွေးနေ့ အမှတ်တရ ကျင်းပ

    ပုသိမ်၊ ၁ – ၂၀၁၉ ကိုအောင်(VOM)   နိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ ၅၆ နှစ်ပြည့်မွေးနေ့ကို ပုသိမ်မြို့ တက္ကသိုလ်ကန်တင်းမှာ ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ ပုသိမ်က တီးဝိုင်း ၉ ဝိုင်းက ဖျော်ဖြေခဲ့ပြီး ကဗျာဆရာ၊ ပန်းချီဆရာတွေကလည်း ကဗျာရွတ်တာတွေ၊ ပုံတူပန်းချီဆွဲတာတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။   ထူးအိမ်သင်ဟာ ၁၉၆၃ ခုနှစ်မှာ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် ပြည်တော်သာအိမ်ယာမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပုသိမ်မြို့ အ.မ.က၂၀၊ အ.ထ.က ၃ နဲ့ ပုသိမ်တက္ကသိုလ် (ယခင်ပုသိမ်ကောလိပ်)တို့မှာ တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ မွေးနေ့ အထိမ်းအမှတ်ကတော့ ထူးအိမ်သင် ကျောင်းသားဘဝက ထိုင်ခဲ့ဖူးတဲ့ ကန်တင်းမှာ မွေးနေ့ကို ဂုဏ်ပြုကြတာလို့ သိရပါတယ်။   #voiceofmyanmar #…

Read More

တက္ကဆက်ပြည်နယ်မှာ လေယာဉ်တစ်စင်းပျက်ကျ လိုက်ပါသူအားလုံးသေဆုံး

ဝါရှင်တန်၊ ဇူလိုင်- ၁-၂၀၁၉ မျိုးဆက်(VOM)   အမေရိကန် တက္ကဆက်ပြည်နယ်မှာ အသေးစားလေယာဉ်တစ်စင်းဟာ လေဆိပ်တစ်ခုရဲ့ အဆောက်အအုံတစ်ခုပေါ် ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်လိုက်ပါသူ ၁၀ ဦးစလုံး သေဆုံးသွားပါတယ်။   အင်ဂျင်နှစ်လုံးတပ် Beechcraft BE-350 King Air လေယာဉ်ဟာ တက္ကဆက်ပြည်နယ် အက်ဒစ်ဆန်လေဆိပ်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။   အဲဒီလေယာဉ်ဟာ  မီးလောင်ပေါက်ကွဲခြင်းမဖြစ်မီ လေဆိပ်က လေယာဉ်ရုံတစ်ခုပေါ်ကို ဦးတည် ပျက်ကျသွားတာဖြစ်တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   လေယာဉ်ဟာ ဖလော်ရီဒါကို ပျံသန်းမယ့်လေယာဉ်ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ကိုးနာရီလောက်မှာ ပျက်သွားတာလို့ အက်ဒစ်ဆန်လေဆိပ် လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။   ဒါလက်စ်ရဲ့ မြောက်ဘက် ဆယ်မိုင်အကွာက အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်ဌာနက ချက်ချင်းသွားရောက်ခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ သေဆုံးသူတွေ ဘယ်သူလဲဆိုတာကို အာဏာပိုင်တွေကို…

Read More

မြန်မာဘက်က အမိန့််ထုတ်လိုက်လို့ ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင်ပိတ်သိမ်း

ဝါရှင်တန်၊ ဇူလိုင်-၁-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တစ်ဆိုင်ကို ပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပြီးနောက် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘက် ပြောဆိုလိုက်ပါတယ်။   ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ပြုံးယမ်းကော်ယိုစားသောက်ဆိုင်ကို ပိတ်သိမ်းခဲ့ရပြီး စားသောက်ဆိုင်ဝန်ထမ်း ၂၁ ဦးကိုလည်း မြောက်ကိုရီးယားကို ပြန်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း အာအက်ဖ်အေ သတင်းဌာနက ဖော်ပြပါတယ်။   အဲဒီစားသောက်ဆိုင်ဟာ အရှေ့တောင်အာရှမှာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးစားသောက်ဆိုင် တစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်ကတော့ ပထမထပ်မှာ စားသောက်ခန်းမနဲ့ ဒုတိယထပ်မှာ ဗီအိုင်ဗီအခန်းတစ်ခန်းလည်း ရှိတယ်လို့ ဖော်ပြထားပြီး ငှားရမ်းခအနေနဲ့ တစ်လကို ဒေါ်လာသောင်းချီပေးရတယ်လို့ ဆိုပါတယ်။   ဒီလိုပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်တာဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်အမှတ် ၂၃၉၇…

Read More

မန္တလေးမြို့မှာ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှုပြုလုပ်

မန္တလေး၊ ဇူလိုင် ၁- ၂၀၁၉ ရဲရင့်မင်းခန့် (VOM)     မန္တလေးမြို့ မဟာအောင်မြေမြို့နယ်  မန္တလေးတက္ကသိုလ်အနီးမှာ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဖျက်သိမ်းရေးအတွက် လူထုအသိပေး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတစ်ခု ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။   “ကျနော်တို့က မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က နိုင်ငံတော်အစိုးရကို ပြည်သူတွေသိဖို့အတွက် တစ်လအတွင်း စာချုပ်ချပြပေးဖို့ တောင်းဆိုထားတယ်။ အဲ့ဒါကို ချမပြဘူး။ အခုဆိုတစ်လ ပြည့်သွားပါပြီ။  ဒါ့ကြောင့် ဒီနေ့မှာ ပြည်သူတွေ သိစေဖို့အတွက်  လူထုအသိပေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်တာပါ။”လို့ နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်စိုးမြင့်က ပြောပါတယ်။   အဲဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်၊ ဧရာဝတီကို ချစ်မြတ်နိုးသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။…

Read More

ကျား၊မ ခွဲခြားခံရမှုကြောင့် အဆုံးစီရင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းအတွက် လိင်တူချစ်သူတွေ ဆုတောင်း

ပြည်၊ ဇူလိုင် ၁ – ၂၀၁၉ လမင်း (VOM)   လုပ်ငန်းခွင်မှာ ကျား၊မ ခွဲခြားဆက်ဆံခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ကိုကျော်ဇင်ဝင်း ကောင်းရာဘုံဘ၀ရောက်စေဖို့ မနေ့ ဇွန် ၃၀ ရက်က ညနေ ၆ နာရီက ပြည်မြို့က ရွှေဆံတော်ဘုရား ရင်ပြင်မှာ လိင်တူချစ်တူတွေစုပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ် ။   “ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအနှံ့အဟြးမှာ ခွဲခြားဆက်ဆံခံနေရပြီးတော့ အသက်ပါပေးလိုက်ကြတဲ့ LGBT တွေ အများကြီးရှိပါတယ်။ အဲ့ LGBT တွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းမေတ္တာပို့တယ်။ ဘုရားရှိခိုးပြီး သူတို့အတွက် အမျှအတန်း ဝေကြတာပါ။” လို့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုငြိမ်းက ဟြေပါတယ် ။   အဲဒီ ဆုတောင်းပွဲကို…

Read More
VOM News

FREE
VIEW