မီတာခတိုးမြှင့်ကောက်ခံလို့ ရန်ကုန်မှာ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၁ – ၂၀၁၉

သိဂီ င်္(VOM)

 

ဒီနေ့ ဇူလိုင် ၁  ရက်ကစတင်ပြီး မီတာခတွေ  တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့အတွက် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ  ပြုလုပ်ခဲ့ပါတယ်။

 

ပြည်သူ့ဆန္ဒ အလေးပေးရေး၊ ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှု အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အဲဒီစာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

 

“တကယ်လို့ သူတို့အနေနဲ့ မီတာခ တိုးမြှင့် မကောက်ခံတော့ဘူးဆိုရင်တော့ ဒီဆန္ဒထုတ်ဖော်ပွဲဟာ အစိုးရ သက်တမ်းမြှင့်ပေးလိုက်တဲ့ပွဲ ဖြစ်သွားမှာပါ။”လို့ ပုဇွန်တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးမင်းသန်းက ပြောပါတယ်။

 

လျှပ်စစ်ဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၁ ရက်ကနေစတင်ပြီး မီတာခတွေကို တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။

 

#voiceofmyanmar  # မီတာခတိုးမြှင့်ကောက်ခံလို့ #ရန်ကုန် #ဆန္ဒထုတ်ဖော်  # ပုဇွန်တောင်မြို့နယ် #သာကေတမြို့နယ် #

Related posts

✕
VOM News

FREE
VIEW