ကျား၊မ ခွဲခြားခံရမှုကြောင့် အဆုံးစီရင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းအတွက် လိင်တူချစ်သူတွေ ဆုတောင်း

ပြည်၊ ဇူလိုင် ၁ – ၂၀၁၉

လမင်း (VOM)

 

လုပ်ငန်းခွင်မှာ ကျား၊မ ခွဲခြားဆက်ဆံခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ကိုကျော်ဇင်ဝင်း ကောင်းရာဘုံဘ၀ရောက်စေဖို့ မနေ့ ဇွန် ၃၀ ရက်က ညနေ ၆ နာရီက ပြည်မြို့က ရွှေဆံတော်ဘုရား ရင်ပြင်မှာ လိင်တူချစ်တူတွေစုပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ် ။

 

“ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအနှံ့အဟြးမှာ ခွဲခြားဆက်ဆံခံနေရပြီးတော့ အသက်ပါပေးလိုက်ကြတဲ့ LGBT တွေ အများကြီးရှိပါတယ်။ အဲ့ LGBT တွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းမေတ္တာပို့တယ်။ ဘုရားရှိခိုးပြီး သူတို့အတွက် အမျှအတန်း ဝေကြတာပါ။” လို့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုငြိမ်းက ဟြေပါတယ် ။

 

အဲဒီ ဆုတောင်းပွဲကို LGBT အရေးလုပ်ဆောင်သူတွေနဲ့ Make Up Artic တွေ ၄၀ ကျော်တက်ရောက်ပြီး ရွှေဆံတော်ဘုရား ရင်ပြင်မှာ နှင်းဆီပန်းတွေကပ်လှူတာ၊ ဆီမီးထွန်းတာတွေနဲ့ ဆုတောင်းခဲ့ကြပါတယ်။

 

“ကလေးဘ၀ကထဲက ဒါမျိုးတွေက ကိုယ့်မိသားစုထဲမှာကို နိမ့်ချတာမျိုးတွေရှိတယ်။ ပတ်ဝန်းကျင်မှာလည်း နှိမ့်ချတာမျိုးတွေရှိတယ်။ သူတို့ ကဲ့ရဲ့တဲ့ အပြုအမူတွေကို ကိုယ်က ၀မ်းနည်းပူဆွေးနေမယ့်အစား အဲ့ဒီ စကားလုံးတွေကို ကိုယ်ကခွန်အားအဖြစ် ယူပြီးတော့ ကိုယ့်ဘ၀ကို ကောင်းမွန်စွာရပ်တည်ရှင်သန်စေချင်တယ်။ ကိုကျော်ဇင်ဝင်းရဲ့ အမှုအမှန်လည်း ပေါ်ပေါက်စေချင်ပါတယ်။” လို့ Trans Woman တစ်ဦးဖြစ်သူ မဂူးဂူးမေက ဟြေပါတယ်။

 

Myanmar Imperial University မှာ နှစ်နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်အတွင်း ကျား၊မ ခွဲခြားဆက်ဆံခံရလို့ ဇွန်လ ၂၃ ရက်က ဆေးအလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာပါ။

 

#voiceofmyanmar  # ကျား၊မ ခွဲခြားခံရမှုကြောင့် #အဆုံးစီရင်ခဲ့ #ကိုကျော်ဇင်ဝင်း #လိင်တူချစ်သူတွေ ဆုတောင်း #LGBT #ပြည်  #ရွှေဆံတော်ဘုရား

Related posts

Leave a Comment

VOM News

FREE
VIEW