ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ကြောင်း ရှင်းပြဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်စခန်းတွေဆီ သွားမယ်

ကုလသမဂ္ဂ၊ ဇူလိုင်-၂-၂၀၁၉

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်ကို ဘယ်လိုပုံစံနဲ့ ပြန်နိုင်တယ်ဆိုတာ ရိုဟင်ဂျာမွတ်စလင်တွေကို ရှင်းပြဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မကြာမီ စေလွှတ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။

 

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေး စီစဉ်လုပ်ဆောင်ထားတာတွေကို ရှင်းပြဖို့အတွက် ဇူလိုင်လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်မှာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ ပြောပါတယ်။

 

နေရပ်ပြန်ဖို့အတွက် ရိုဟင်ဂျာ သုံးသောင်းက အဆိုပြုထားကြပြီး အဲဒီအထဲက ၁၃၂၀၀ ဦးဟာ အရင်ကတည်းက မြန်မာနိုင်ငံဘက်မှာ နေထိုင်ဖူးသူတွေအဖြစ် အတည်ပြုထားပြီး သူတို့ဟာ အချိန်မရွေး ရခိုင်ပြည်နယ်ကို ပြန်လာနိုင်တယ်လို့ မြန်မာသံအမတ်ကြီးက ဆိုပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ ပြန်လည်လက်ခံရေးနဲ့ နိုင်ငံသားပေးရေးအတွက် နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှု အလွန်နှေးကွေးနေတယ်လို့ ကုလသမဂ္ဂက ဝေဖန်ထားပါတယ်။

 

ဒီပြသနာအတွက် အလားအလာရှိတဲ့ ဖြေရှင်းချက်ကတော့ ဒုက္ခသည်တွေအနေနဲ့ လုံခြုံစိတ်ချပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ မြန်မာနိုင်ငံကို ပြန်ရေးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်းရှာရာနာဘာဂါနာက ထောက်ပြပြောဆိုပါတယ်။

 

Ref : Japan Times

Photo : Anadolu Agency

 

#voiceofmyanmar # ရိုဟင်ဂျာ#နေရပ်ပြန်နိုင်#မြန်မာကိုယ်စားလှယ်အဖွဲ့ #ဒုက္ခသည်စခန်း #ဘင်္ဂလားဒေ့ရှ် #ကုလသမဂ္ဂ #ခရစ်စတင်းရှာရာနာဘာဂါနာ # မြန်မာသံအမတ်ကြီး #ဦးဟောက်ဒိုဆွန်း #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW