အောင်သပြေ တောင်သူများကိုအလုပ်နှင့်ထောင်ဒဏ်  ( ၁၄) လစီချမှတ်

    ရဲရင့်မင်းခန့်  (VOM) မန္တလေး၊ ဇူလိုင်၂၊ ၂၀၁၉။     မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကိုအပြီးပိုင်ဖျက်သိမ်းပေးရေးတောင်းဆိုခဲ့တဲ့အောင်သပြေရွာသားတွေကို ပုသိမ်ကြီးမြို့နယ် တရားရုံးကနေ  အလုပ်ကြမ်းနဲ့ထောင်ဒဏ်( ၁၄) လချမှတ်ခဲ့ပါတယ်။   ကျေးလက်လမ်းဦးစီးဌာနမှဒေါ်မင်းမင်းမြတ်ကတရားလိုပြု တိုင်တန်းခဲ့တဲ့ လမ်းများ၊တံတာများဆိုင်ရာဥပဒေပုဒ်မ၂၂/ ၂၃အရ  ဦးသိန်းပိုင်၊ဒေါ်အေး၊ အောင်သပြေကျေးရွာမှ  ဒေါ်မြမြနှင့်သရက်ကိုင်းကျေးရွာမှ  ဒေါ်မြတို့ကို ထောင်ဒဏ်တစ်နှစ်နဲ့လမ်းတံတားဥပဒေပုဒ်မ၂၃အတွက်အလုပ်နဲ့ထောင်ဒဏ်၂လစုစုပေါင်းထောင်ဒဏ်၁၄လစီချမှတ်ခဲ့ပါတယ်။   အမှု လာရောက်ရင်ဆိုင်ခြင်း မရှိတဲ့ ဒေါ်အေးကိုတော့ ရာဇ၀တ်အထွေထွေနဲ့တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။   ” အခုလိုထောင်(၁၄)လချတာကကျွန်မတို့မှာအများကြီးနစ်နာပါတယ်။ ကျမတို့ကတောင်သူပါ ၊မြေတိုင်းစာရင်းကလည်းတောင်သူတွေမြေလို့ ထွက်ဆိုပေးလျက်သားနဲ့မတရားထောင်ချတာပါ” လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဒေါ်မြက ပြောပါတယ်။   ဘိလပ်မြေစက်ရုံစီမံကိန်း မလုပ်ဖို့ ဒေသခံတွေက ၂၀၁၄ ခုနှစ်ကတည်းက သက်ဆိုင်ရာအဆင့်ဆင့်သို့တိုင်စာ၊ကန့်ကွက်စာများကိုအကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးလို့ဒေသခံတွေက ဆိုပါတယ်။   “ဒီနေ့အမိန့်ချတဲ့နေရာမှာတရားလိုနဲ့လိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေပေါ်မှာပဲသုံးသပ်သွားတယ်။ဒီဘက်ကခုခံထားတဲ့မေးမြန်းထားတဲ့အချက်တွေအပေါ်မှာတရားရုံးကတစ်စုံတစ်ရာသုံးသပ်တာမရှိဘူး။တစ်နေ့တည်းတချိန်ထဲမှာဖြစ်ခဲ့တဲ့ ကိစ္စရပ်ကိုပြစ်ဒဏ်ပေးတဲ့အခါမှာသီးခြားစီ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်  တောင်သူတွေအနေနဲ့နစ်နာမှုဖြစ်ခဲ့တယ်။ မြေတွေလည်း မတရားယူသွားတယ်၊သီးနှံတွေလည်း  အကုန်…

Read More

တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံထားရသူတွေထဲက တစ်ဦးထပ်မံသေဆုံး

စစ်တွေ၊ ဇူလိုင် ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်း ၁၁ နာရီလောက်က ဝေသာလီဘုရားမှာ လက်သမားလုပ်နေတဲ့ ဒေသခံသုံးဦးကို တပ်မတော် စစ်ကြောင်း သံသယနဲ့ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။   အဲ့ဒီဖမ်ဆီးခံရသူတွေထဲက ကိုနေမျိုးထွန်းဟာ ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး အခု ဇူလိုင်လ ၁ ရက် ညနေ ၆ နာရီခန့်မှာလည်း ကိုဇော်ဝင်းလှိုင် (၂၈ နှစ်)ဟာ ထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။   “သူက ဝေသာလီဘုရားမှာ လက်သမားလုပ်နေရင်း တပ်မတော်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ကျောက်တော်တပ်မမှာ ၅ ရက်လောက် စစ်ဆေးခံခဲ့ရပါတယ်။ ပြီးတော့ ကျောက်တော်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်။ သွေးအန်ပြီးတော့ အခြေအနေမကောင်းလို့ ဆေးရုံကို ပို့ပေးခဲ့တယ်။ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို…

Read More

နျူကလီးယားစာချုပ်ကို အီရန်ချိုးဖောက်လိုက်ပြီလို့ အိုင်အေအီးအေ အတည်ပြု

ဗီယင်နာ၊ ဇူလိုင်-၂-၂၀၁၉ မျိုးဆက် (VOM)   အီရန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ ယူရေနီယံသန့်စင်သိုလှောင်မှုနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်ကို ချိုးဖောက်လိုက်ပြီလို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ)က အတည်ပြုပြောဆိုလိုက်ပါတယ်။   အီရန်ရဲ့ အရံထားရှိတဲ့ သန့်စင်ပြီး ယူရေနီယံပမာဏဟာ ကန့်သတ်ချက်ထက် သုံးရာ ကီလိုဂရမ်ကျော်လွန် နေတာကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။   အဏုမြူဓာတ်ပေါင်းဖိုပြုလုပ်ရာမှာ လောင်စာအဖြစ် အသုံးပြုနိုင်ရုံသာမက အလားအလာရှိတဲ့ နျူကလီးယားဗုံးတွေကိုတောင် ထုတ်လုပ်နိုင်တဲ့  ယူရေနီယံသန့်စင်ထုတ်လုပ်မှုကို အီရန်က မေလအတွင်း တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။   နျူကလီးယားသဘောတူစာချုပ်ကနေ သမ္မတဒေါ်နယ်ထရန့် နှုတ်ထွက်ပြီးနောက် အမေရိကန်က ပြန်လည်ပြဌာန်းလိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေ လက်တုံ့ပြန်တဲ့အနေနဲ့ ယူရေနီယံ သန့်စင်မှုကို တိုးမြင့်လုပ်ဆောင်ခဲ့တာလို့ အီရန်က ဆိုပါတယ်။  …

Read More

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ကြောင်း ရှင်းပြဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်စခန်းတွေဆီ သွားမယ်

ကုလသမဂ္ဂ၊ ဇူလိုင်-၂-၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်ကို ဘယ်လိုပုံစံနဲ့ ပြန်နိုင်တယ်ဆိုတာ ရိုဟင်ဂျာမွတ်စလင်တွေကို ရှင်းပြဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မကြာမီ စေလွှတ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။   ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေး စီစဉ်လုပ်ဆောင်ထားတာတွေကို ရှင်းပြဖို့အတွက် ဇူလိုင်လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်မှာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ ပြောပါတယ်။   နေရပ်ပြန်ဖို့အတွက် ရိုဟင်ဂျာ သုံးသောင်းက အဆိုပြုထားကြပြီး အဲဒီအထဲက ၁၃၂၀၀ ဦးဟာ အရင်ကတည်းက မြန်မာနိုင်ငံဘက်မှာ နေထိုင်ဖူးသူတွေအဖြစ် အတည်ပြုထားပြီး သူတို့ဟာ အချိန်မရွေး ရခိုင်ပြည်နယ်ကို ပြန်လာနိုင်တယ်လို့ မြန်မာသံအမတ်ကြီးက ဆိုပါတယ်။   မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ ပြန်လည်လက်ခံရေးနဲ့…

Read More

သခင်​ကိုယ်​​တော်​မှိုင်း အမှတ်​တရ ပန်းခြံ​ဆောက်​လုပ်​ဖို့​​ မြေ​နေရာ ​လျှောက်​ထားမှု ကြန့်ကြာ​နေ

ရွှေ​တောင်​၊ ဇူလိုင် ၂ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပြည်​ခရိုင်​ ​ရွှေ​တောင်​မြို့နယ်​ ဝါးလည်​ရွာက ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ​မွေးဖွားရာ​မြေ​နေရာမှာ အမှတ်​တရ ပန်းခြံ​ဆောက်​လုပ်​ဖို့ ​​မြေလျှောက်​ထားမှုကို မြို့နယ်အဆင့်မှာ ကြန့်​ကြာ​နေတယ်​လို့ ပြည်​ခရိုင်​ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ငြိမ်းချမ်းရေးကွန်​ယက်​က သိရပါတယ်။   “မြို့နယ်​၊ တိုင်း၊ ခရိုင၊်​ ဗဟို အဆင့်​ဆင့်​ စာတင်​ပါတယ်​။ ပြီးခဲ့တဲ့နှစ်​က မြို့နယ်​ကို စာကျထားတယ်။ ဒီမြို့နယ်​အဆင့်​မှာ ကြာ​နေတာပါ။ မြေ​နေရာက ၀.၆၂ ဧက ရှိမရှိ တိုင်းတာပြီး ခရိုင်​ကို ပြန်​တင်​ပြီးရင်​ ​ဆောက်​လို့ရပြီ။ ဒါကို မြို့နယ်​မှာ တစ်​နှစ်​ကြာ​နေတယ်။”လို့  ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်နှင်းနှင်းရီက ပြောပါတယ်။   ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်ခင်က အခု ခွင့်ပြုမိန့်တင်တဲ့ မြေနေရာမှာ ခေါင်းချချင်တယ်လို့  တပည့်ဖြစ်သူတွေကို ပြောခဲ့ဖူးတဲ့အတွက် ဆရာကြီးရဲ့တပည့်တွေက အဲဒီမြေနေရာကိုဝယ်ပြီး…

Read More

ကိုဆွေဝင်းကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဟုဆိုကာ တရားရုံးက ပယ်ချ

မန္တလေး၊ ဇူလိုင် ၂ -၂၀၁၉ ဟိန်းကို(VOM)   မြန်မာနောင်းသတင်းဌာန သတင်းထောက်ချုပ်ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရေးသားဖော်ပြတယ်ဆိုပြီး မဟာအောင်မြေတရားရုံးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီး တရားရုံးက ဒီနေ့ မနက်ပိုင်းမှာ အမှုကို ပယ်ချခဲ့ပါတယ်။   အမှုကို (၂)နှစ် နဲ့ (၁)လကျော် စစ်ဆေးခဲ့ပြီး အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကက္ကဌ)နဲ့ အမှုစစ် ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကို လာရောက်ခြင်းမရှိတဲ့အပြင် တရားလို ကိုကျော်မျိုးရွှေ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့လည်း ငြိစွန်းမှုမရှိဘူးဆိုပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။   #voiceofmyanmar# ကိုဆွေဝင်းအမှု #တရားရုံးကပယ်ချ #မန္တလေး# မဟာအောင်မြေ #ဦးဝီရသူ

Read More

နေပြည်တော်မှာ တရုတ်နိုင်ငံသား သုံးဦးကို ငါးမန်းဂိမ်း လောင်းကစား စက်တွေနဲ့ ဖမ်းမိ

နေပြည်တော်၊ ဇူလိုင် ၂ – ၂၀၁၉ ကိုထွန်း(VOM)   နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာ တရုတ်နိုင်ငံသား သုံးဦးကို တရားမဝင်တင်သွင်းလာတဲ့  ငါးမန်းဂိမ်းလောင်းကစားရာမှာ အသုံးပြုတဲ့ စက်အချို့နဲ့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က ဖမ်းဆီးရမိတယ်လို့ ဇမ္ဗူသီရိမြို့မရဲစခန်းက သိရပါတယ်။   “တရုတ်နိုင်ငံသားတွေ ရောက်နေတယ်။ ဂိမ်းစက်ဖွင့်မယ်ဆိုပြီး သတင်းရလို့ ဝင်ဖမ်းတာပေါ့။ ဒါပေမယ့် စက်တွေမရောက်သေးဘူး။ သူတို့ပြောတာကတော့ ထမင်းဆိုင်ဖွင့်မယ် ပြောတယ်။ ဒါပေမယ့် တရားမဝင်တင်သွင်းလာတဲ့ စက်တွေတွေ့တယ်။ လောလောဆယ်ပို့ကုန်၊ သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ထားတယ်ပေါ့။ ဂိမ်းစက်တွေမပါဘူး။” လို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဇမ္ဗူသီရိမြို့နယ် မဇာဇာ(စိစစ်ဆဲ)ရဲ့နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ တရုတ်နိုင်ငံသား Mr.He Wan Xin (၃၅နှစ်)၊ Mr.Liao Feng (၂၆နှစ်)၊ Mr.…

Read More
VOM News

FREE
VIEW