ကိုဆွေဝင်းကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဟုဆိုကာ တရားရုံးက ပယ်ချ

မန္တလေး၊ ဇူလိုင် ၂ -၂၀၁၉

ဟိန်းကို(VOM)

 

မြန်မာနောင်းသတင်းဌာန သတင်းထောက်ချုပ်ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရေးသားဖော်ပြတယ်ဆိုပြီး မဟာအောင်မြေတရားရုံးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီး တရားရုံးက ဒီနေ့ မနက်ပိုင်းမှာ အမှုကို ပယ်ချခဲ့ပါတယ်။

 

အမှုကို (၂)နှစ် နဲ့ (၁)လကျော် စစ်ဆေးခဲ့ပြီး အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကက္ကဌ)နဲ့ အမှုစစ် ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကို လာရောက်ခြင်းမရှိတဲ့အပြင် တရားလို ကိုကျော်မျိုးရွှေ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့လည်း ငြိစွန်းမှုမရှိဘူးဆိုပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar# ကိုဆွေဝင်းအမှု #တရားရုံးကပယ်ချ #မန္တလေး# မဟာအောင်မြေ #ဦးဝီရသူ

Related posts

Leave a Comment

VOM News

FREE
VIEW