ဆန္ဒပြမှုတွေကြောင့် ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း နိဂုံးချုပ်

ဟောင်ကောင်၊ ဇူလိုင်-၉-၂၀၁၉ မျိုးဆက်(VOM)   သံသယရှိသူ တရားခံကို ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးဆီ လွှဲပြောင်းစီရင်တာကို ခွင့်ပြုတဲ့အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကို အကြီးအကျယ်ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် အဲဒီဥပဒေကြမ်းဟာ နိဂုံးချုပ် အဆုံးသတ်သွားပြီလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလန်းက ဇူလိုင် ၉ ရက်မှာ ကြေညာလိုက်ပါတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပြုကောင်စီမှာ အစိုးရက ပြန်လည်စတင်နိုင်ခြေ ရှိ၊မရှိဆိုတဲ့ သံသယတွေရှိနေဆဲဖြစ်ပြီး မိမိအနေနဲ့ ထပ်လောင်းပြောကြားလိုသည်မှာ အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှမရှိတော့ဘဲ နိဂုံးချုပ်သွားပြီဖြစ်တယ်လို့ သူမက ပြောပါတယ်။   ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာမှန်သမျှ အလုံးစုံမအောင်မြင်ခဲ့ကြောင်းနဲ့ ပြသနာကိုဖြေရှင်းဖို့အတွက် အစိုးရကို လုပ်ပိုင်ခွင့်ပေးဖို့ ဟောင်ကောင်ပြည်သူတွေကို ကာရီလန်းက တောင်းဆိုလိုက်ပါတယ်။   ဒါ့အပြင် ကြိုတင်စည်းကမ်းသတ်မှတ်ထားတာမျိုးမရှိဘဲ ဟောင်ကောင်ကျောင်းသားတွေနဲ့ အများပြည်သူရှေ့မှာ ပွင့်ပွင့်လင်းလင်းတွေ့ဆုံဆွေးနွေးဖို့ ကာရီလန်းက သဘောတူခဲ့ပြီး ဟောင်ကောင်ဟာ မကြုံစဖူးတဲ့ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။  …

Read More

ဆေးရုံက မစိုးရိမ်ရဘူးဆိုပြီး ပြန်လွှတ်လိုက်တဲ့ လသားကလေး နာရီပိုင်းအတွင်းသေဆုံး မိသားစုဘက်က အရေးယူပေးဖို့လိုလား

ပြည်၊ ဇူလိုင် – ၉-၂၀၁၉ ဂျန်ကိုးလ် (VOM)   ပဲခူးတိုင်း ပြည်မြို့က ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံ ပြင်ပလူနာဌာနကို လသားအရွယ် ကလေးနေမကောင်းလို့ လာပြရာမှာ မစိုးရိမ်ရဘူးပြောဆိုကာ ပြန်လွှတ်လိုက်ပေမယ့် နာရီပိုင်းအတွင်း အဲဒီကလေး သေဆုံးသွားခဲ့တဲ့အတွက် အရေးယူပေးဖို့ မိသားစုဝင်တွေက လိုလားနေပါတယ်။   “အဖျားတိုင်းပြီး ရေလေးခါ ချိုးဖို့မှာပြီး ပြန်လွှတ်တယ်။ အပြန်လမ်းမှာ ကလေးကြည့်ရတာ မသက်သာလို့ ၄ လမ်းက ဆရာဝန်ပြန်ပြတော့ ကလေးအထူးကုဆီ ပြခိုင်းလို့မြို့ထဲသွားတော့ အထူးကုဆေးခန်းက ပိတ်တယ်။ ပြန်လာပြီးတော့ ၁၃ လမ်းက ဆရာဝန်ထပ်ပြတော့ ဆူဆူဆဲဆဲနဲ့ အမြန်သွား၊ ကုသဆောင်ကိုတန်းသွားဆိုလို့ ဆေးရုံကြီးကုသဆောင်ကို ပြန်သွားတာ၊ ဟိုရောက်တော့ အောက်ဆီဂျင်ပေးရင်း ခနလေးနဲ့ဆုံးသွားတယ်။”လို့ မိခင်ဖြစ်သူ မစုနန္ဒာက ပြောပါတယ်။   ဖြစ်စဉ်မှာ အစအဆုံးလိုက်ပါခဲ့တဲ့ ကလေးရဲ့အဒေါ်ဖြစ်သူ မခိုင်ဇင်ထွေးကလည်း“သေချာနားကြပ်တွေ၊ ဘာတွေနဲ့စမ်းသပ်တာမရှိဘူး။…

Read More

ဇီးကုန်းမှာ ဆိုက်တွဲယာဉ်တွေ အမြန်ဆုံး လိုင်စင်ချပေးဖို့ လိုလားနေ

ဇီးကုန်း၊ ဇူလိုင် ၉- ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်မှာ ဆိုက်တွဲယာဉ်တွေကို လိုင်စင်ချထားပေးဖို့ တိုင်းအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားပေ​မယ့်​ တစ်စုံတစ်ရာအကြောင်းပြန်တာမျိုးမရှိဘဲ ကြန့်​ကြာ​နေတဲ့အတွက် အမြန်ဆုံးဆောင်ရွက်ပေးဖို့  ဆိုက်​တွဲယာဉ်​​မောင်းသမားတွေက လိုလားနေပါတယ်။   “ဇူလိုင် ၇ ရက်က ပြုလုပ်တဲ့ တိုင်းအစည်းအဝေးမှာ ဆိုက်တွဲယာဉ်တွေ လိုင်စင်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးပါတယ်။ ဆိုက်တွဲယာဉ်က စက်ပစ္စည်း ဖြစ်နေလို့ ဆွေးနွေးနေတုန်းပဲလို့ ပြောပါတယ်။”လို့ ဇီးကုန်းမြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးနေဝင်းက ပြောပါတယ်။   ဇီးကုန်းမြို့နယ်မှာ အရင်က အနှေးယာဉ် (ဆိုက္ကား)တွေကို အသုံးပြုရာကနေ အခုနောက်ပိုင်းမှာတော့ စားဝတ်နေရေးအတွက် အထောက်အကူပိုပြုပေးနိုင်တဲ့ ဆိုက်တွဲတွေကို အသုံးပြုလာကြတာ တွေ့ရပါတယ်။ မြို့တော်စည်ပင်သာယာ ဘီးခွန်ကောက်စာရင်းတွေအရတော့ လက်ရှိမှာ ဆိုက်တွဲ တစ်ရာကျော်ရှိနေပြီလို့ သိရပါတယ်။   ဆိုက္ကားနင်းခဲ့လို့ ရတဲ့ဝင်ငွေက တစ်ရက်…

Read More

မိန်းကလေးငယ်တဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆိုင်ရှင်လင်မယားကို အမှုဖွင့်

ဖောင်းပြင် – ဇူလိုင် ၉ -၂၀၁၉ ဗျဂ္ဃ (VOM)   စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့၊ ဟန် မိသားစု စတိုးဆိုင်မှာ ဈေးအရောင်းသမအဖြစ်  မုံရွာမြို့ကနေ အလုပ်သွားလုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးကို ဆိုင်ရှင်လင်မယားက ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရတာကြောင့် ကျေနပ်မှုမရှိလို့ ဇူလိုင်လ ၈ ရက်နေ့မှာ အဒေါ်ဖြစ်သူက မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံရသူမိန်းကလေးက မရွှေရည်သိန်းဆိုသူဖြစ်ပြီး ဟန် မိသားစုစတိုးဆိုင်မှာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ၁ လကို ၅ သောင်းကျပ်နဲ့ တခြား ညီအမတွေနဲ့အတူ လုပ်ကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။   “အဒေါ့်သမီးက ၁ ယောက်၊ တူမ ၅ ယောက်ပေါ့။ အဲဒီမှာ ကျန်နေသေးတယ်။ အခုတူမကတော့ ၇ ရက်နေ့က ပြန်ရောက်လာတာ။ မုံရွာရောက်ပြီဆိုမှ သူတို့အကြောင်းကြားမှ သိရတာ။…

Read More

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်လက်အောက်ထားရေးအဆိုပြုချက် ၀န်ကြီးချုပ်ဟာစီနာပယ်ချ

ဒါကာ၊ ဇူလိုင်-၉-၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းရေးအတွက် အမေရိကန်ထိပ်တန်းအမတ်တစ်ဦးရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ရှုတ်ချလိုက်ပြီး ဒီလိုလုပ်ဆောင်တာဟာ ဒေသအတွင်းမှာ ပြသနာတစ်ရပ်ကို မီးစမွှေးဖို့ အားထုတ်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံကို ငါးရက်ကြာသွားရောက်ခဲ့တဲ့ သူမရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာမှာ ရခိုင်ပြည်နယ်အရေးနဲ့ဆိုင်တဲ့ အမေရိကန်အမတ်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။   ဒီအဆိုပြုချက်ကို အမေရိကန်အမတ်တစ်ဦးဖြစ်ပြီး အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဘရက်လေရှာမန်းက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တောင်အာရှဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကွန်ဂရက်မှာ ကြားနာချိန်က တင်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။   မိမိတို့အနေနဲ့ ဒီဒေသအတွင်းမှာ ငြိမ်းချမ်းဖို့အားထုတ်နေပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် အုပ်ချုပ်မှုအောက်ထားဖို့ အဆိုပြုချက်ဟာ ပြသနာမီးမွှေးတဲ့လုပ်ရပ်ဖြစ်သလို ဒီအဆိုပြုချက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာဆိုပါတယ်။  …

Read More

စုပေါင်းရာဇ၀တ်တရားရုံးသာ တည်ဆောက်ပြီးရင် အချုပ်သားတွေကို အမြန်ဆုံး စီရင်ချပေးနိုင်မယ်

ရန်ကုန်၊ ဇူလိုင် ၉ – ၂၀၁၉ သိင်္ဂီ(VOM)     စုပေါင်း ရာဇ၀တ်တရားရုံးသာ တည်ဆောက်ပြီးသွားရင် ရန်ကုန်တိုင်းရဲ့တရားစီရင်ရေးမဏ္ဍိုင် ပိုမိုအားကောင်းပြီး တရားဥပဒေစိုးမိုးရေးကို တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်သလို အချုပ်သားတွေကို အမြန်ဆုံး စီရင်ချက်ချနိုင်မယ်လို့  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။   “အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ အချုပ်သား ၇၀၀၀ ကိုအမြန်ဆုံး စီရင်ချက်ချပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလူတွေကို တရားရုံးကို ရုံးမထုတ်ဘဲနဲ့ မှုခင်းတွေကို တစ်နှစ်အတွင်းမှာ ပြီးပြတ်အောင် စစ်ဆေးနိုင်ဖို့ဆိုတာ အလွန်ခက်ခဲသွားမှာ ဖြစ်ပါတယ်။ စုပေါင်းရာဇ၀တ်တရားရုံးအောင်မြင်သွားရင်တော့  အပြစ်ရှိတဲ့သူကို မြန်မြန်စီရင်ချက်ချ၊ အပြစ်ပေးနိုင်ပြီး အပြစ်မရှိသူကို မြန်မြန် လွှတ်ပေးနိုင်မှာဖြစ်တယ်။ ရုံးထုတ်တဲ့အချိန်၊ သက်သေထွက်ရတဲ့အချိန် တရားစွဲဆိုတင်ရတဲ့ ရဲတပ်ဖွဲ့တွေရော တစ်နေရာတည်း တစ်ကြိမ်တည်း ဆောင်ရွက်ရမယ့် အခြေနေရှိပါတယ်။”လို့ ဆိုပါတယ်။   မနေ့ ဇူလိုင် ၈ ရက်က…

Read More

မိုင်းလားမြို့ဟာ ဘာလို့ခမ်းနားထည်ဝါနေသလဲ

မိုင်းလား ဇူလိုင် ၉ -၂၀၁၉ နေလင်း (VOM)   နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရလက်ထက် ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားရဲ့ လက်ရှိအခြေအနေကတော့ မြန်မာပြည်ထဲက ဘယ်မြို့နဲမှမတူ တိုးတက်ထူးခြားပြောင်းလဲနေတာတွေ့ရမှာပါ။   အထူးဒေသသ(၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ထိမ်းချုပ်တဲ့  ဧရိယာဟာ စတုရန်း ကီလိုမီတာ ၅ထောင်ကျော်ရှိပြီး အခါ၊ လားဟူ၊ ရှမ်း၊ လွယ်၊ ကိုးကန့်  စတဲ့ တိုင်းရင်းသား ၁၃ မျိုး နေကြပြီး လူဦးရေ တသိန်းကျော်ရှိတာကို သိခဲ့ရပါတယ်။   တရုတ်ပြည် စစ်ဆောင်ပန်းနား ပြည်နယ်ခွဲရယ် လန်ချန်းခရိုင်တို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီးကုန်းလမ်းက ကုန်သွယ်နိုင်သလို မဲခေါင်မြစ်ကနေတဆင့် ထိုင်း၊ လာအို ၊ တရုတ် တို့ကို ရေကြောင်းကနေ ကုန်သွယ်နိုင်လို့  တခြား အထူးဒေသ ၃ခုထက် အားသာနေပါတယ်။…

Read More

တင့်ကားတစ်ရာကျော်အပါအ၀င် စစ်လက်နက်တွေ အမေရိကန်က ထိုင်ဝမ်ကိုရောင်းတော့မယ်

ဝါရှင်တန်၊ ဇူလိုင်-၉-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ဟာ ထိုင်ဝမ်ကို ခန့်မှန်းခြေ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ရောင်းချရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်တစ်ခုကို  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။   အဲဒီ ရောင်းချမယ့် သဘောတူညီချက်မှာတော့ ထိုင်ဝမ်သို့ အေဘရမ်တင့်ကား ၁၀၈ စီး၊ စတင်းဂါးဒုံးကျည် ၂၅၀ နဲ့  ဆက်စပ်တဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။   ဒီလိုရောင်းချတာကို ရပ်ဆိုင်းဖို့ အမေရိကန်ကို  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လအတွင်းက တိုက်တွန်းခဲ့ပြီး ဒီကိစ္စဟာ အလွန်အကဲဆတ်ပြီး ထိခိုက်ပျက်စီးစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။   တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ခွဲထွက်လိုတဲ့ဒေသတစ်ခုအဖြစ် ရှုမြင်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင်  စစ်အင်အားအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။   ထိုင်ဝမ်ကို လက်နက်တွေရောင်းချလိုက်ရင်တောင်…

Read More
VOM News

FREE
VIEW