မိုင်းလားမြို့ဟာ ဘာလို့ခမ်းနားထည်ဝါနေသလဲ

မိုင်းလား ဇူလိုင် ၉ -၂၀၁၉

နေလင်း (VOM)

 

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရလက်ထက် ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားရဲ့ လက်ရှိအခြေအနေကတော့ မြန်မာပြည်ထဲက ဘယ်မြို့နဲမှမတူ တိုးတက်ထူးခြားပြောင်းလဲနေတာတွေ့ရမှာပါ။

 

အထူးဒေသသ(၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ထိမ်းချုပ်တဲ့  ဧရိယာဟာ စတုရန်း ကီလိုမီတာ ၅ထောင်ကျော်ရှိပြီး အခါ၊ လားဟူ၊ ရှမ်း၊ လွယ်၊ ကိုးကန့်  စတဲ့ တိုင်းရင်းသား ၁၃ မျိုး နေကြပြီး လူဦးရေ တသိန်းကျော်ရှိတာကို သိခဲ့ရပါတယ်။

 

တရုတ်ပြည် စစ်ဆောင်ပန်းနား ပြည်နယ်ခွဲရယ် လန်ချန်းခရိုင်တို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီးကုန်းလမ်းက ကုန်သွယ်နိုင်သလို မဲခေါင်မြစ်ကနေတဆင့် ထိုင်း၊ လာအို ၊ တရုတ် တို့ကို ရေကြောင်းကနေ ကုန်သွယ်နိုင်လို့  တခြား အထူးဒေသ ၃ခုထက် အားသာနေပါတယ်။

 

မိုင်းလား၊ အထူးဒေသ(၄) ရဲ့  ငြိမ်းချမ်းရေးယူခဲ့တဲ့ နှစ် ၃၀ အတွင်း ပြောင်းလဲလာတဲ့ လက်ရှိစီးပွားရေးအခြေအနေတွေကို ဗီအိုအမ်က သတင်းယူခွင့်ရသလောက် လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေကို တင်ပြလိုက်ပါတယ်။

 

ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ ရိုက်ကူးတင်ဆက်ထားပါတယ်။

 

#voiceofmyanmar #အထူးဒေသ(၄) #မိုင်းလား #စီးပွားရေး

Related posts

Leave a Comment

VOM News

FREE
VIEW