ရုရှား ၁၅ ဦးနဲ့ တောင်ကိုရီးယားနှစ်ဦး မြောက်ကိုရီးယားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရ

 

 

ပြုံးယမ်း၊ ဇူလိုင်-၂၄-၂၀၁၉

မျိုးဆက် (VOM)

 

ရုရှားနိုင်ငံသား ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးတို့ကို မြောက်ကိုရီးယားအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ပြုံးယမ်းရှိ ရုရှားသံရုံးက ဇူလိုင် ၂၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။

 

မြောက်ကိုရီးယားအာဏာပိုင်တွေက ပင်လယ်ပြင်အတွင်း ပြီးခဲ့သည့်ဇူလိုင် ၁၇ ရက်မှာ သူတို့ကိုဖမ်းဆီးချိန်မှာတော့ ထိန်းသိမ်းခံရသူတွေဟာ  ရှောင်ဟီလင်-၈ လို့အမည်ရတဲ့ ငါးဖမ်းသင်္ဘောပေါ်မှာ ရှိနေတယ်လို့ ရုရှားသံရုံးက ထုတ်ပြန်ထားပါတယ်။

 

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသား ၁၇ ဦးထဲမှာ  ရုရှားနိုင်ငံသား ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားပိုင်နက်အတွင်း ၀င်ရောက်၊ နေထိုင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး ရုရှားသံရုံးက ထုတ်ပြန်ပါတယ်။

 

ဒီလို့ထိန်းသိမ်းခံထားရအခြေအနေနဲ့ ပတ်သက်လို့ ဖြစ်နိုင်သမျှအမြန်ဆုံးဖြေရှင်းဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ရုရှားသုံရုံးကလုပ်ဆောင်နေပါတယ်။ သြစတြေးလျနိုင်ငံမှ ဘွဲ့လွန်ကျောင်းသား ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အဲလက်ဆစ်ဂလေကို ပြီးခဲ့တဲ့လက ဖမ်းဆီးပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးနောက်  နိုင်ငံခြားသားတွေကို မြောက်ကိုရီးယား အာဏာပိုင်တွေက မကြာသေးမီသီတင်းပတ်တွေအတွင်း ဖမ်းဆီးထိန်းသိမ်းတဲ့ဖြစ်စဉ်ဟာ  ဒုတိယအကြိမ်ဖြစ်ပါတယ်။

 

Ref &Photo: NK News

 

#voiceofmyanamr  #ရုရှား #ကိုရီးယား #မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW