အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်စိုး နုတ်ထွက်စာတင်

မန္တလေး ဇူလိုင် ၂၄-၂၀၁၉ နေလင်း(VOM)     အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးလည်းဖြစ် တနသာင်္ရီတိုင်း သရက်ချောင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးဟာ ဒီကနေ့ ရက်စွဲနဲ့  ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ပါတယ်။   ဦးအောင်စိုးကို ဗီအိုအမ်က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူဘာမှမပြောလိုသေးကြောင်း ဆိုပါတယ်။   အန်အယ်လ်ဒီပါတီရဲ့  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့   “ ဦးအောင်စိုးနုတ်ထွက်စာတင်တာမှန်ပါတယ်။ ဒီကနေ့ရောက်လာပါတယ်။ ဒီကိစ္စကို ပါတီရဲ့ ဒုတိယဥက္ကဋ္ဌရဲ့ သဘောထားကို တောင်းခံထားကြောင်းနဲ့ လောလောဆယ်မှာတော့ နုတ်ထွက်စာထဲကအကြောင်းအရာတွေကိုတော့ မပြောလိုသေးပါဘူး၊ ဒီကိစ္စဟာ တာဝန်ယူမှုတာဝန်ခံမှုရှိရပါတယ်ခင်မျာ့ မိမိတာဝန်ယူတဲ့ကာလမှာ ပါတီအတွက် နစ်နာမှုရှိလာရင် တာဝန်ခံတဲ့အနေနဲ့ နုတ်ထွက်တာမျိုးပါ “ လို့ဆိုပါတယ်။   ဦးအောင်စိုးနဲ့ ပတ်သက်လို့  အောက်ခြေက တိုင်ကြားစာတွေတော့ ရှိတဲ့အကြောင်းနဲ့ အသေးစိတ်ကိုတော့ ပြောမပြနိုင်သေးဘူးလို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။…

Read More

ဗစ်တိုးရီးယားအမှုမှာ ဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ခေါ်ဖို့ တောင်းဆို

နေပြည်တော်၊ ဇူလိုင် ၂၄ – ၂၀၁၉ ကိုထွန်း(VOM)   လူအများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ဇူလိုင် ၂၄ ရက် ရုံးထုတ်ခဲ့ရာမှာ တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။   နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။   ဒီနေ့ စစ်ဆေးမှုအပြီးမှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ပြောတာကတော့ “ကလေးအမေက ရုံးကို စာနှစ်စောင်တင်တယ်။ တစ်စောင်ကမနှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ပေးဖို့၊ နောက်တစ်ခုက အဲဒီကျောင်း အခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းပြီး စစ်ဆေးဖို့။” လို့ ပြောပါတယ်။   လာမယ့်ရုံးချိန်းကို  သြဂုတ်လ ၁…

Read More

သေဆုံးသွားတဲ့သားအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုက တောင်းဆို

မြောက်ဦး၊ ဇူလိုင် ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့ ဇူလိုင်လ ၂၃ ရက်က ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ လူငယ်ဟာ ဒီနေ့ မနက်ပိုင်းမှာတော့ သေဆုံးသွားပါတယ်။   တောင်မြင့်ကျေးရွာက လူငယ်တစ်ဦးဖြစ်တဲ့ မောင်ဘိုသန်းထွန်းဟာ လှေပေါ်မှာလိုက်ပါလာစဉ် ကျည်ထိ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲ့ဒီလူငယ်ဟာ ဦးခေါင်းကျည်ထိမှန်တဲ့ဒဏ်ရာနဲ့ မြောက်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။   “ကျနော့်သားက မနက်ပိုင်း ၉ နာရီလောက်မှာဆုံးသွားပါတယ်။ သူသေဆုံးရတာနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကို ဥပဒေအရ အရေးယူစေချင်ပါတယ်။ ဥပဒေအရဖြစ်လာဖို့အတွက်ကိုလည်း အစိုးရကိုတောင်းဆိုချင်ပါတယ်။”လို့ မောင်ဘိုသန်းထွန်းရဲ့အဖေ ဦးမောင်မြစိန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။   သေဆုံးသူ မောင်ဘိုသန်းထွန်းဟာ မိသားစုနဲ့အတူ တောင်မြင့်ကျေးရွာကနေ မျိုးစပါးသယ်ဆောင်လာခဲ့ကြတာဖြစ်ပြီး တိမ်ညိုကျေးရွာနားအရောက် ချောင်းထဲမှာ ကျည်ထိသွားခဲ့တာ ဖြစ်ပါတယ်။   “မနေ့ကနေ့လည်ပိုင်းမှာ ကျနော့်သားရယ်၊ သမီးရာယ်၊…

Read More

ရေနံချောင်းမြို့အနီး ဧရာဝတီမြစ်အတွင်း စက်လှေတိမ်းမှောက် ၅ဦး အလောင်းတွေ့ ၂၉ ဦးပျောက်နေဆဲ

ရေနံချောင်း ဇူလိုင် ၂၄-၂၀၁၉ ပေါ်ဦး     မကွေးတိုင်း ရေနံချောင်းမြို့အနောက်ဘက် ၇မိုင်အကွာ ဧရာဝတီမြစ်အတွင်းမှာ မနေ့ကညနေ ၆နာရီအချိန်လောက် က စက်လှေတစ်စီးတိမ်းမှောက်ခဲ့ရာ စက်လှေပေါ်ပါသူများထဲက ပျောက်ဆုံးသူ ၃၆ဦးအနက် ယခုအချိန်ထိ ၅ဦးသေဆုံး လျှက်တွေ့ရှိရပြီး ၂ဦးကိုမူ ကိုင်းတောများအကြားမှ အသက်ရှင်လျှက်ပြန်လည်တွေ့ရှိရတယ်လို့ မကွေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီမှူးဋ္ဌာန ထံက သတင်းရရှိပါတယ်။   စက်လှေတိမ်းမှောက်ရာဆီကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ အုပ်ချုပ်မှုယာဉ်တစ်စီး၊ကျေးရွာဘက်က စက်လှေသုံးစီးနဲ့ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေဆဲဖြစ်တယ်လို့လည်း မကွေးတိုင်းဒေသကြီး၊မီးသတ်ဦးစီမှူး ဦးအောင်ဝင်းစိန်က ပြောပါတယ်။ “ ယနေ့နံနက်၉နာရီခွဲအချိန်ထိ(ကျား)သုံးဦး(မ)နှစ်ဦးကိုသေဆုံးလျှက်တွေ့ထားပါတယ်။ ကိုင်းတောထဲကနေ (ကျား)တစ်ဦးနဲ့(မ) တစ်ဦးကို အသက်ရှင်လျှက်ပြန်ရှာတွေ့ရတာပါ။ ဆက်လက်ပြီးထူးခြားမှုတွေရှိလာတိုင်း အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာပါ “ လို့လည်း တိုင်း မီးသတ်ဦးစီးကပြောပါတယ်။   စက်လှေတိမ်းမှောက်ခြင်းမဖြစ်မီ ဇူလိုင်လ ၂၃ရက်နေ့ညနေအချိန်က ရေနံချောင်းမြို့နယ်ရှိ မာန်ပြေကျေးရွာအုပ်စု ဖရဲကျွန်းရွာက ရွာသူရွာသားများနဲ့ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကန်သာကျေးရွာက ရွာသူရွာသားအချို့ဟာ…

Read More

စက်လှေတိမ်းမှောက်မှုကြောင့် လူ ၁၁ ဦးသေဆုံး၊ ၄ ဦးရှာမတွေ့သေး

မန္တလေး၊ ဇူလိုင် ၂၄ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း မလှိုင်-ဝမ်းတွင်း-နွားထိုးကြီးမြို့နယ် အစပ်က ဒေသအခေါ်ဇီး​တောဆည်​(ဆားတောင်ဆည်)အတွင်းမှာ ဒီနေ့ မနက်ပိုင်းက  စက်​​လှေတိမ်း​မှောက်​မှုကြောင့် ဆယ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ပြောပါတယ်။   “ဆယ်ယောက်တော့ကယ်နိုင်တယ်။ တကယ်လို့ အဲဒီမှာ ရေလုပ်သားတွေအားလုံး ရှိနေမယ်ဆိုရင်တော့ တော်တော်များများကယ်နိုင်ပါတယ်၊ သို့မဟုတ် အားလုံးကယ်နိုင်မှာပါ။ အခုက ခဏနားတဲ့အချိန် အထဲမှာ လှေမရှိတဲ့အချိန်၊ ဒါတောင် တစ်ယောက်ရှိနေလို့ ကယ်နိုင်တာ။ တစ်ယောက်ကလည်း ဆယ်ဖို့ ကြိုးစားရင်းနဲ့ အော်ပြီး အကူအညီတောင်းလို့ ဆယ်ယောက်ကယ်နိုင်တာ။”လို့ ဆိုပါတယ်။   ဖြစ်ပွားခဲ့တာကတော့ မလှိုင်မြို့နယ်အပိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူဦးရေ ၂၅ ယောက် လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ရေလယ်မှာရှိတဲ့ သစ္စာရေလယ်ကျောင်းတိုက်ကို အသွားမှာ စက်လှေတိမ်းမှောက်ခဲ့တာပါ။ လက်ရှိအချိန်အထိ…

Read More

ရုရှား ၁၅ ဦးနဲ့ တောင်ကိုရီးယားနှစ်ဦး မြောက်ကိုရီးယားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရ

    ပြုံးယမ်း၊ ဇူလိုင်-၂၄-၂၀၁၉ မျိုးဆက် (VOM)   ရုရှားနိုင်ငံသား ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးတို့ကို မြောက်ကိုရီးယားအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ပြုံးယမ်းရှိ ရုရှားသံရုံးက ဇူလိုင် ၂၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။   မြောက်ကိုရီးယားအာဏာပိုင်တွေက ပင်လယ်ပြင်အတွင်း ပြီးခဲ့သည့်ဇူလိုင် ၁၇ ရက်မှာ သူတို့ကိုဖမ်းဆီးချိန်မှာတော့ ထိန်းသိမ်းခံရသူတွေဟာ  ရှောင်ဟီလင်-၈ လို့အမည်ရတဲ့ ငါးဖမ်းသင်္ဘောပေါ်မှာ ရှိနေတယ်လို့ ရုရှားသံရုံးက ထုတ်ပြန်ထားပါတယ်။   ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသား ၁၇ ဦးထဲမှာ  ရုရှားနိုင်ငံသား ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားပိုင်နက်အတွင်း ၀င်ရောက်၊ နေထိုင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို…

Read More

ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာမူးယစ်မှောင်ခိုအဖွဲ့ အပြန်အလှန်ပစ်ခတ်၊ မြန်မာလေးဦးသေဆုံး

ချင်းရိုင်၊ ဇူလိုင်-၂၄-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ၀င်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင်တွေ ချင်းရိုင်ပြည်နယ် မယ်ဖာ့လောင်ခရိုင်ထဲမှာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ခဲ့တာကြောင့် မြန်မာလေးဦး သေဆုံးသွားပါတယ်။   မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ ဘန်ပါဆောင်ဆန်ရှိ နယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်ဖွဲ့ဝင်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မြန်မာမူးယစ်ကုန်သည်အဖွဲ့တို့ ဇူလိုင် ၂၄ ရက် မနက်အစောပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။   ထိုင်းတပ်ဖွဲ့ဝင်တွေရဲ့ လှည့်ကင်းအဖွဲ့ဟာ မြန်မာနိုင်ငံဘက်ကနေ တောထဲကိုဖြတ်ပြီး အိတ်တွေနဲ့ သေနတ်တွေသယ်ဆောင်လာတဲ့ လူ ၁၅ ဦးကိုတွေ့ရှိခဲ့ပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်ဖို့အတွက် ရပ်တန့်ဖို့ ပြောဆိုခဲ့ပါတယ်။   ဒီလိုသတိပေးပြောဆိုချိန်မှာပဲ ချက်ချင်းဆိုသလို မူးယစ်ကုန်သည်အဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး သူတို့တွေ တောထဲပြန်မဆုတ်ခင်အထိ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ ၁၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။…

Read More

AA လို့စွပ်စွဲခံရတာ၊ နှိပ်စက်ခံရတာတွေအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောဆိုချက်

နေပြည်တော်၊ ဇူလိုင် ၂၄ – ၂၀၁၉ ကိုထွန်း (VOM)   တပ်မတော်ကနေ AA ဆိုပြီးစွပ်စွဲဖမ်းဆီးခံရတာနဲ့ စစ်ကြောရေးကာလအတွင်း နှိပ်စက်ခံရပြီး သေဆုံးမှုဖြစ်ပွားတာတွေအပေါ်မှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံသားတိုင်းဟာ ဥပဒေအရ အကာအကွယ်ရယူပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။   မနေ့ ဇူလိုင် ၂၃ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လာတာ၊ AA လို့စွပ်စွဲခံရပြီး အရပ်သားတွေ ဖမ်းဆီးခံရတာ၊ စစ်ဆေးနေစဉ်အတောအတွင်း သေဆုံးမှုဖြစ်ပေါ်တာတွေနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်အပေါ် အခုလို ပြောဆိုခဲ့တာပါ။   “စစ်ဆေးနေစဉ် အတောအတွင်း နှိပ်စက်မှုနဲ့ ပတ်သက်လို့ နိုင်ငံသားတိုင်းသည် ဥပဒေအတိုင်း အကာအကွယ် ရယူပိုင်ခွင့်ရှိတယ်။ နိုင်ငံသားတိုင်းသည် ဥပဒေအရတုံ့ပြန်ကာကွယ်ပိုင်ခွင့်ရှိတယ်။ မိမိနစ်နာတယ်ဆိုရင်…

Read More

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးရှေ့မှာ လက်ပစ်ဗုံးအစစ်တွေ့ရှိ

ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၁၉ ဟိန်းကို(VOM)   ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက လက်ပစ်ဗုံးအစစ်တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်ထံက သိရပါတယ်။   ” ဗုံးကတော့ အစစ်ပါ၊ ကျနော်ကတော့ နေပြည်တော်ကို အစည်းအဝေးသွားနေပါတယ်။ ရဲကတော့ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း CCTV Record ရှိတယ်လို့တော့ ပြောတယ်။ အဲ့ဒါကိုတော့ သူတို့ပြန်စစ်နေတယ်လို့ ကြားပါတယ်။” လို့ ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က ပြောပါတယ်။   အခုဖြစ်ပွားတဲ့ ကိစ္စဟာ ရဲအရေးပိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်နေပြီး NLD ပါတီအနေနဲ့ကတော့ လောလောဆယ် ဘာမှလုပ်ဖို့မရှိဘူးလို့ သိရပါတယ်။   မနေ့ ဇူလိုင်၂၃ ရက် မနက်ပိုင်းကလည်း  နေပြည်တော်မှာ ခုလိုဗုံးသတင်းထွက်ထားပြီး ရန်ကုန်မြို့လို့ မြို့လယ်ခေါင်ကြီးမှာ ဒီလိုပေါက်ကွဲစေနိုင်တဲ့…

Read More
VOM News

FREE
VIEW