ဗစ်တိုးရီးယားအမှုမှာ ဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ခေါ်ဖို့ တောင်းဆို

နေပြည်တော်၊ ဇူလိုင် ၂၄ – ၂၀၁၉

ကိုထွန်း(VOM)

 

လူအများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ဇူလိုင် ၂၄ ရက် ရုံးထုတ်ခဲ့ရာမှာ တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။

 

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။

 

ဒီနေ့ စစ်ဆေးမှုအပြီးမှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ပြောတာကတော့ “ကလေးအမေက ရုံးကို စာနှစ်စောင်တင်တယ်။ တစ်စောင်ကမနှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ပေးဖို့၊ နောက်တစ်ခုက အဲဒီကျောင်း အခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းပြီး စစ်ဆေးဖို့။” လို့ ပြောပါတယ်။

 

လာမယ့်ရုံးချိန်းကို  သြဂုတ်လ ၁ ရက်ကို ချိန်းဆိုလိုက်တယ်လို့ ဒက္ခိဏခရိုင်တရားရုံးက သိရပါတယ်။ လက်ရှိမှာတော့ Wisdom Hill မူကြိုကျောင်းကို ယာယီပိတ်ထားပြီး ဒီဖြစ်စဉ်ဖြစ်သွားတဲ့အတွက် အဲဒီမူကြိုကျောင်းကို ခွင့်ပြုချက်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ အလားတူပဲ Wisdom Hill က ဖွင့်လှစ်ထားတဲ့ အခြား အထက်တန်း၊ အလယ်တန်း ကိုယ်ပိုင်ကျောင်းတွေကိုလည်း ပြန်လည်စစ်ဆေးပြီး ဥပဒေနဲ့ညီညွတ်မှု မရှိရင် အရေးယူသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

 

#voiceofmyanmar #နေပြည်တော် #Wisdom Hill မူကြိုကျောင်း #သက်ငယ်မုဒိမ်း #ဒက္ခိဏခရိုင်တရားရုံး #ရုံးချိန်း #ဗစ်တိုးရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW