ချင်းရိုင်၊ ဇူလိုင်-၂၄-၂၀၁၉
မျိုးဆက် (VOM)
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ၀င်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင်တွေ ချင်းရိုင်ပြည်နယ် မယ်ဖာ့လောင်ခရိုင်ထဲမှာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ခဲ့တာကြောင့် မြန်မာလေးဦး သေဆုံးသွားပါတယ်။
မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ ဘန်ပါဆောင်ဆန်ရှိ နယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်ဖွဲ့ဝင်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မြန်မာမူးယစ်ကုန်သည်အဖွဲ့တို့ ဇူလိုင် ၂၄ ရက် မနက်အစောပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ထိုင်းတပ်ဖွဲ့ဝင်တွေရဲ့ လှည့်ကင်းအဖွဲ့ဟာ မြန်မာနိုင်ငံဘက်ကနေ တောထဲကိုဖြတ်ပြီး အိတ်တွေနဲ့ သေနတ်တွေသယ်ဆောင်လာတဲ့ လူ ၁၅ ဦးကိုတွေ့ရှိခဲ့ပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်ဖို့အတွက် ရပ်တန့်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒီလိုသတိပေးပြောဆိုချိန်မှာပဲ ချက်ချင်းဆိုသလို မူးယစ်ကုန်သည်အဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး သူတို့တွေ တောထဲပြန်မဆုတ်ခင်အထိ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ ၁၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအပြီးမှာတော့ အလောင်း လေးလောင်းနဲ့ မက်သာအဖက်တမင်း မူးယစ်ဆေး ၂၀ ကီလိုဂရမ်နဲ့ အလောင်းတွေအနီးက အေကေ-၄၇ သေနတ်တစ်လက်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသမှာ တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ချထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
Ref & Photo : The Nation
#voiceofmyanmar #ထိုင်း #ချင်းရိုင် #မြန်မာ #တပ်ဖွဲ့နဲ့မူးယစ်မှောင်ခိုအပြန်အလှန်ပစ်ခတ် #မြန်မာလေးဦးသေ