မနီလာ၊ သြဂုတ်-၇-၂၀၁၉
မျိုးဆက် (VOM)
ဖိလစ်ပိုင်နိုင်ငံမှာ အခုနှစ်အတွင်း ခြင်ကတဆင့်ကူးစက်တဲ့ ရောဂါကြောင့် လူပေါင်း ၆၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် အစိုးရက သွေးလွန်တုပ်ကွေးရောဂါ အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်၂၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးမှုပေါင်း ၁၄၆၀၀၀ ထက်မနည်းရှိပြီး ဒီအရေအတွက်ဟာ ယမန်နှစ်ကာလတူက ရှိခဲ့တဲ့ နှုန်းထားထက် ၉၈ ရာခိုင်နှုန်း တိုးလာတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ဒီလို ကူးစက်ရောဂါ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အရေးပေါ်အာရုံစိုက်ဖို့ လိုအပ်တဲ့ ဒေသတွေကို ရွေးချယ်တွေ့ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရောဂါကူးစက်ခြင်းဟာ တုပ်ကွေးရောဂါလို ဖျားနာတာတွေဖြစ်ပွားပေမယ့် တစ်ခါတစ်ရံ အခြေအနေ ပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဇူလိုင်လအတွင်းက သွေးလွန်တုပ်ကွေးရောဂါ အစောပိုင်း သတိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ပြန့်ပွါးမှုဟာ လျင်မြန်စွာကြီးထွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောကြားထားပါတယ်။
Ref : BBC
Photo : PHILIPPINE INFORMATION AGENCY
#voiceofmyanmar #သွေးလွန်တုပ်ကွေး #ဖိလစ်ပိုင် #မနီလာ